ဧရာဝတီတိုင်းဒေသကြီး၊ ပြင်စလူမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ (မတ်လ ၂၁ ရက်) နံနက် ၁၁ အချိန်ခန့်တွင် cyclone shelter နှင့် စုရပ်နေရာများသို့ ဒေသခံပြည်သူများအား ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)ရပ်ကွက် အထက်တန်းကျောင်း ရှယ်တာနှင့် ဘကဘုန်းကြီးကျောင်း၊ အမှတ်(၂)ရပ်ကွက် ဆေးရုံ၊ အမှတ်(၃) ဘုန်းကြီးကျောင်းစသည့် စုရပ်(၄)နေရာသို့ သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များအားပို့ ဆောင်ပေးလျက်ရှိသည်။
ထိုပြင် ပြင်စလူမြိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက သောက်သုံးရေများ ပြတ်လပ်မှု မရှိစေရန် ရေကန်များအတွင်း ရေများဖြည့်တင်းခြင်း၊ ဆန်အိတ်များကိုလည်း သတ်မှတ်စုရပ်များဆီသို့ ခွဲဝေထားရှိခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များမှ မြို့အတွင်းဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီအသိပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဆောင်းထားလျက်ရှိကြောင်းသိရသည်။
#mhtnews
(Zawgyi)
“ျပင္စလူၿမိဳ႕၌ မုန္တိုင္းအႏၱရာယ္ ႀကိဳတင္ကာကြယ္နိုင္ရန္ cyclone shelter ႏွင့္ စုရပ္ေနရာမ်ားသို႔ ျပည္သူမ်ားအား ေျပာင္းေ႐ႊ႕ေပးထား”
ဧရာဝတီတိုင္းေဒသႀကီး၊ ျပင္စလူၿမိဳ႕၌ မုန္တိုင္းအႏၱရာယ္ ႀကိဳတင္ကာကြယ္နိုင္ရန္အတြက္ ယေန႕ (မတ္လ ၂၁ ရက္) နံနက္ ၁၁ အခ်ိန္ခန့္တြင္ cyclone shelter ႏွင့္ စုရပ္ေနရာမ်ားသို႔ ေဒသခံျပည္သူမ်ားအား ေျပာင္းေ႐ႊ႕ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ အမွတ္(၁)ရပ္ကြက္ အထက္တန္းေက်ာင္း ရွယ္တာႏွင့္ ဘကဘုန္းႀကီးေက်ာင္း၊ အမွတ္(၂)ရပ္ကြက္ ေဆး႐ုံ၊ အမွတ္(၃) ဘုန္းႀကီးေက်ာင္းစသည့္ စုရပ္(၄)ေနရာသို႔ သက္ႀကီးဘိုးဘြားမ်ား၊ မသန္စြမ္းသူမ်ား၊ ကိုယ္ဝန္ေဆာင္မ်ားႏွင့္ ကေလးသူငယ္မ်ားအားပို႔ ေဆာင္ေပးလ်က္ရွိသည္။
ထိုျပင္ ျပင္စလူၿမိဳအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ၊ မီးသတ္တပ္ဖြဲ၊ ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရပ္မိရပ္ဖမ်ားက ေသာက္သုံးေရမ်ား ျပတ္လပ္မႈ မရွိေစရန္ ေရကန္မ်ားအတြင္း ေရမ်ားျဖည့္တင္းျခင္း၊ ဆန္အိတ္မ်ားကိုလည္း သတ္မွတ္စုရပ္မ်ားဆီသို႔ ခြဲေဝထားရွိျခင္းႏွင့္ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕မ်ားမွ ၿမိဳ႕အတြင္းျဖစ္ေပၚတတ္သည့္ ေဘးအႏၱရာယ္မ်ားႏွင့္ မိုးေလဝသအေျခအေနမ်ားကို ျပည္သူမ်ားထံသို႔ အခ်ိန္မီအသိေပးျပန္ၾကားၿပီး သဘာဝေဘးအႏၱရာယ္မ်ား ျဖစ္ပြားလာပါက လ်င္ျမန္စြာတုံ႕ျပန္နိုင္ေရးႏွင့္ အေရးေပၚရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္နိုင္ေရးအတြက္ ရွာေဖြကယ္ဆယ္ေရးပစၥည္းမ်ား အသင့္စုေဆာင္းထားလ်က္ရွိေၾကာင္းသိရသည္။
#mhtnews
Recent Comments