မြန်မာနိုင်ငံ ဒေသအနှံအပြားမှာ တွေ့ရှိရလေ့ရှိတဲ့ မရမ်းသီးဟာ ပေါ်ဦးပေါ်ဖျားအချိန်မှာ အွန်လိုင်းစျေးကွက်အတွင်း တစ်ပိဿာကို သောင်းဂဏန်းအထိရရှိခဲ့တယ်လို မရမ်းသီးစိုက်ပျိုးရောင်းချသူများထံမှ သိရပါတယ်။
မရမ်းသီးပေါ်ချိန် အစောဆုံးကာလဖြစ်တဲ့ ဇန်နဝါရီလဆန်းပိုင်းမှ အွန်လိုင်းစျေးကွက်မှတဆင့် ရောင်းချရတဲ့ မရမ်းသီးတစ်ပိဿာဈေးနှုန်းဟာ ကျပ် ၁၀၀၀၀ နဲ့ ၂၀၀၀၀ အကြားအထိ စျေးရရှိတာဖြစ်ပြီး ပြင်ပစျေးကွက်မှာလည်း တစ်ပိဿာ ကျပ် ၆၀၀၀ ကနေ ၁၀၀၀၀ ကျော်ဝန်းကျင်အထိ စျေးရရှိခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ အွန်လိုင်းစျေးကွက်ထဲက မရမ်းသီးဈေးဟာ တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ ၃၀၀၀ ကျပ်ဝန်းကျင်သာ စျေးရရှိနေတယ်လိုဆိုပါတယ်။
လေ့လာမှုတွေအရ မရမ်းသီးဟာ Antioxidant ကြွယ်ဝစွာပါဝင်ပြီး အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေဖြစ်တဲ့ Quercetin, Isoquercitrin, Astragalin, Fisetin, Gallic acid နဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် စားပေးသင့်တဲ့ အသီးတမျိုးဖြစ်တယ်လို သိရပါတယ်။
#mhtnews
(Zawgyi)
“ပေါ်ချိန်မှာ အွန်လိုင်းဈေးကွက်ထဲအထိ ရောက်ရှိခဲ့တဲ့ မရမ်းသီး တစ်ပိဿာကို သောင်းဂဏန်းအထိ ဈေးကောင်းရ”
မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ တွေ့ရှိရလေ့ရှိတဲ့ မရမ်းသီးဟာ ပေါ်ဦးပေါ်ဖျားအချိန်မှာ အွန်လိုင်းဈေးကွက်အတွင်း တစ်ပိဿာကို သောင်းဂဏန်းအထိရရှိခဲ့တယ်လို့ မရမ်းသီးစိုက်ပျိးရောင်းချသူများထံမှ သိရပါတယ်။
မရမ်းသီးပေါ်ချိန် အစောဆုံးကာလဖြစ်တဲ့ ဇန်နဝါရီလဆန်းပိုင်းမှ အွန်လိုင်းဈေးကွက်မှတဆင့် ရောင်းချရတဲ့ မရမ်းသီးတစ်ပိဿာဈေးနှုန်းဟာ ကျပ် ၁၀၀၀၀ နဲ့ ၂၀၀၀၀ အကြားအထိ ဈေးရရှိတာဖြစ်ပြီး ပြင်ပဈေးကွက်မှာလည်း တစ်ပိဿာ ကျပ် ၆၀၀၀ ကနေ ၁၀၀၀၀ ကျော်ဝန်းကျင်အထိ ဈေးရရှိခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ အွန်လိုင်းဈေးကွက်ထဲက မရမ်းသီးဈေးဟာ တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ ၃၀၀၀ ကျပ်ဝန်းကျင်သာ ဈေးရရှိနေတယ်လို့ဆိုပါတယ်။
လေ့လာမှုတွေအရ မရမ်းသီးဟာ Antioxidant ကြွယ်ဝစွာပါဝင်ပြီး အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေဖြစ်တဲ့ Quercetin, Isoquercitrin, Astragalin, Fisetin, Gallic acid နဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် စားပေးသင့်တဲ့ အသီးတမျိးဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
Recent Comments