ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ ပုသိမ်မြိုနယ်က CDM ကျောင်းဆရာ တစ်ဦးအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ အကျဥ်းကျခံနေရတဲ့ အကျဥ်းသား ၅ ဦးကို အမှုပိတ်သိမ်းပြီး ယမန်နေ့ (မတ်လ ၁၆ ရက်)က ပြန်လွှတ်ပေးခဲ့တယ်လို ပုသိမ်အကျဉ်းဦးစီးဌာနမှ သိရကြောင်း အကိုးအကားနဲ့ ဖော်ပြနေတဲ့သတင်းများအရ သိရပါတယ်။

အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသူ တွေကတော့ ကျုံပျော်မြိုနယ်က CDM ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ကိုဟိန်းမင်းခိုင် အပါအဝင် ကိုစိုးသက်ပိုင်၊ ရေကြည်မြိုနယ်က ကိုဇာနည်မင်းစိုး၊ ကိုအောင်ကို၀င်းနဲ့ ကျောင်းကုန်းမြိုက ကိုရဲ၀င်းနိုင်တိုဖြစ်တယ်လို ဆိုပါတယ်။

ပုသိမ်မြိုနယ်အတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းကစတင်ပြီး အမျိုးသား ၂၈၀ ကျော်နဲ့ အမျိုးသမီး ၂၀ ကျော်၊ စုစုပေါင်း ၃၀၀ ကျော်တိုကို ပုသိမ်ကအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တယ်လိုလည်း သိရပါတယ်။
#mhtnews

(Zawgyi)
“ပုသိမ်အကျဉ်းထောင်က CDM ကျောင်းဆရာတစ်ဦးအပါအဝင် ပုဒ်မ ၅၀၅ (က)အမှုမှ တရားခံ ၅ ဦးကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေး”

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ပုသိမ်မြို့နယ်က CDM ကျောင်းဆရာ တစ်ဦးအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၅ ဦးကို အမှုပိတ်သိမ်းပြီး ယမန်နေ့ (မတ်လ ၁၆ ရက်)က ပြန်လွှတ်ပေးခဲ့တယ်လို့ ပုသိမ်အကျဉ်းဦးစီးဌာနမှ သိရကြောင်း အကိုးအကားနဲ့ ဖော်ပြနေတဲ့သတင်းများအရ သိရပါတယ်။

အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသူ တွေကတော့ ကျုပျော်မြို့နယ်က CDM ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ကိုဟိန်းမင်းခိုင် အပါအဝင် ကိုစိုးသက်ပိုင်၊ ရေကြည်မြို့နယ်က ကိုဇာနည်မင်းစိုး၊ ကိုအောင်ကိုဝင်းနဲ့ ကျောင်းကုန်းမြို့က ကိုရဲဝင်းနိုင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းကစတင်ပြီး အမျိးသား ၂၈၀ ကျော်နဲ့ အမျိးသမီး ၂၀ ကျော်၊ စုစုပေါင်း ၃၀၀ ကျော်တို့ကို ပုသိမ်ကအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တယ်လို့လည်း သိရပါတယ်။
#mhtnews