ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဦးဆောင်၍ ပညာဘူမိတက္ကသိုလ် (University Of Wisdom Land) တည်ထောင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ အဆိုပါ ပညာဘူမိတက္ကသိုလ်တွင် ဌာန (၅) ခုပါဝင်မည်ဖြစ်ပြီး၊ အဆိုပါ ဌာနများမှာ တက္ကသိုလ် အနဂ္ဂဟဌာန၊ စာကြည့်တိုက်ဌာန၊ စာအုပ်စာပေဌာန၊ ကျမ်းပြုမဟာဌာနနှင့် ပညာသင်ကြားရေးဌာနတို့ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ၊ ဓမ္မအသိဖြင့် အကျိုးရှိရှိနေနိုင်ရန် ဓမ္မအသိဉာဏ်ရရှိရေး၊ ပိဋကပါဋ္ဌိ၊ အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ မဓူဋီကာ၊ ယောဇနာ၊ နိဿယ၊ ဝိနိစ္ဆယ၊ အရကောက်စသော ပိဋကဆိုင်ရာ ကျမ်းစာများ တည်တံ့ပြန့်ပွားရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော် (၈၂) နှစ်ပြည့်မွေးနေ့ ဝိဇာတ အခမ်းအနားတွင် ပညာဘူမိတက္ကသိုလ် တည်ထောင်ရခြင်း ရည်ရွယ်ချက်များနှင့် ရေရှည်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ဆရာတော်ကြီး မိန့်ကြားခဲ့သည်။

ပါမောက္ခချုပ်ဆရာတော်ကြီးမှ (၈၂) နှစ်ပြည့် မွေးနေ့ အခါသမယတွင် ဆရာတော်ကြီးမှ ပညာဘူမိတက္ကသိုလ် စတင်ဆောင်ရွက်ခြင်းဆိုင်ရာအစီအစဉ်များကို မိန့်ကြားခြင်း၊ တက္ကသိုလ်ကြီးတွင် ဖွဲ့စည်းသွားမည့်ဌာနများ အပါအဝင် တက္ကသိုလ်ကြီး စနစ်တကျ ရေရှည်တည်တံ့အောင်မြင်စေရန် အလို့ဌာ ထောက်ပံ့ထိန်းသိမ်းဝိုင်းဝန်း လုပ်ကိုင်နိုင်ကြစေရန် အထူးရည်ရွယ်ချက်ဖြင့် ဒေါက်တာနန္ဒမာလာဘိဝံသအနုဂ္ဂဟမှ ထူထောင်ခြင်းနှင့် စပ်လျဉ်း၍ ဩဝါဒစကား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(Zawgyi)

“ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ ဦးေဆာင္၍ ပညာဘူမိတကၠသိုလ္ (University Of Wisdom Land) တည္ေထာင္ဖြင့္လွစ္မည္”

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ ဦးေဆာင္၍ ပညာဘူမိတကၠသိုလ္ (University Of Wisdom Land) တည္ေထာင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္ရွိ အဆိုပါ ပညာဘူမိတကၠသိုလ္တြင္ ဌာန (၅) ခုပါဝင္မည္ျဖစ္ၿပီး၊ အဆိုပါ ဌာနမ်ားမွာ တကၠသိုလ္ အနဂၢဟဌာန၊ စာၾကည့္တိုက္ဌာန၊ စာအုပ္စာေပဌာန၊ က်မ္းျပဳမဟာဌာနႏွင့္ ပညာသင္ၾကားေရးဌာနတို႔ ျဖစ္သည္။

ဗုဒၶဘာသာဝင္မ်ား၊ ဓမၼအသိျဖင့္ အက်ိဳးရွိရွိေနနိုင္ရန္ ဓမၼအသိဉာဏ္ရရွိေရး၊ ပိဋကပါ႒ိ၊ အ႒ကထာ၊ ဋီကာ၊ အႏုဋီကာ၊ မဓူဋီကာ၊ ေယာဇနာ၊ နိႆယ၊ ဝိနိစ္ဆယ၊ အရေကာက္စေသာ ပိဋကဆိုင္ရာ က်မ္းစာမ်ား တည္တံ့ျပန႔္ပြားေရးကို အေလးေပးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မတ္လ ၁၆ ရက္ေန႕တြင္ က်င္းပျပဳလုပ္သည့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး၏ သက္ေတာ္ (၈၂) ႏွစ္ျပည့္ေမြးေန႕ ဝိဇာတ အခမ္းအနားတြင္ ပညာဘူမိတကၠသိုလ္ တည္ေထာင္ရျခင္း ရည္႐ြယ္ခ်က္မ်ားႏွင့္ ေရရွည္ထိန္းသိမ္း ေဆာင္႐ြက္နိုင္ရန္ ရည္မွန္းခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ဆရာေတာ္ႀကီး မိန႔္ၾကားခဲ့သည္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးမွ (၈၂) ႏွစ္ျပည့္ ေမြးေန႕ အခါသမယတြင္ ဆရာေတာ္ႀကီးမွ ပညာဘူမိတကၠသိုလ္ စတင္ေဆာင္႐ြက္ျခင္းဆိုင္ရာအစီအစဥ္မ်ားကို မိန႔္ၾကားျခင္း၊ တကၠသိုလ္ႀကီးတြင္ ဖြဲ႕စည္းသြားမည့္ဌာနမ်ား အပါအဝင္ တကၠသိုလ္ႀကီး စနစ္တက် ေရရွည္တည္တံ့ေအာင္ျမင္ေစရန္ အလို႔ဌာ ေထာက္ပံ့ထိန္းသိမ္းဝိုင္းဝန္း လုပ္ကိုင္နိုင္ၾကေစရန္ အထူးရည္႐ြယ္ခ်က္ျဖင့္ ေဒါက္တာနႏၵမာလာဘိဝံသအႏုဂၢဟမွ ထူေထာင္ျခင္းႏွင့္ စပ္လ်ဥ္း၍ ဩဝါဒစကား ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။