ပန်းခင်းစီမံချက်သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရသည့် နိုင်ငံတော်စီမံချက်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်က ယမန်နေ့တွင် ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲအခမ်းအနား၌ ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် နောက်ဆုံးအချက်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဓိကကျသည့် စီမံချက်တစ်ခုဖြစ်ကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရသည့် နိုင်ငံတော်စီမံချက်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်သည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်အရေအတွက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းစီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၃ ရက်ထိ (၁၈)လတာ ကာလအတွင်း ပြီးစီးရန် အရေအတွက် လျာထားသတ်မှတ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန် (၁၁၅၈၉၇)ဦး လျာထားသတ်မှတ်ခဲ့ရာ ယခုအခါ တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင် (၃)ခု၊ မြို့နယ် (၁၀)မြို့နယ်၊ ရပ်ကွက် (၉၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇၀)အုပ်စု၊ ကျေးရွာပေါင်း (၁၁၈၄)ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅၈၉၇)ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၄၀၃၉၈)ကတ် ထုတ်ပေးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၂၁ ဒသမ ၁၄) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သဖြင့် လျာထားချက်ကို ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ၅ ခုမြောက်တိုင်းဒေသကြီးဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ပန္းခင္းစီမံခ်က္သည္ ေနာင္က်င္းပမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ မဲေပးပိုင္ခြင့္ရွိသူ နိုင္ငံသားအားလုံး ကိုင္ေဆာင္သင့္သည့္ ကတ္ျပားတစ္မ်ိဳးမ်ိဳး ကိုင္ေဆာင္မဲေပးနိုင္ေရးအတြက္ မျဖစ္မေနေဆာင္႐ြက္ရသည့္ နိုင္ငံေတာ္စီမံခ်က္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေျပာၾကား”

ပန္းခင္းစီမံခ်က္သည္ ေနာင္က်င္းပမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ မဲေပးပိုင္ခြင့္ရွိသူ နိုင္ငံသားအားလုံး ကိုင္ေဆာင္သင့္သည့္ ကတ္ျပားတစ္မ်ိဳးမ်ိဳး ကိုင္ေဆာင္မဲေပးနိုင္ေရးအတြက္ မျဖစ္မေနေဆာင္႐ြက္ရသည့္ နိုင္ငံေတာ္စီမံခ်က္ျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္က ယမန္ေန႕တြင္ ျပဳလုပ္သည့္ တနသၤာရီတိုင္းေဒသႀကီး ပန္းခင္းစီမံခ်က္ တိုင္းလုံးကြၽတ္လ်ာထားခ်က္ ရာႏႈန္းျပည့္ ၿပီးေျမာက္ေအာင္ျမင္ပြဲအခမ္းအနား၌ ေျပာၾကားသည္။

ျပည္ေထာင္စုဝန္ႀကီးက ပန္းခင္းစီမံခ်က္သည္ နိုင္ငံေတာ္၏ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္အနက္ ေနာက္ဆုံးအခ်က္အား ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္နိုင္ရန္ အဓိကက်သည့္ စီမံခ်က္တစ္ခုျဖစ္ေၾကာင္း၊ ေနာင္က်င္းပမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ မဲေပးပိုင္ခြင့္ရွိသူ နိုင္ငံသားအားလုံး ကိုင္ေဆာင္သင့္သည့္ ကတ္ျပားတစ္မ်ိဳးမ်ိဳး ကိုင္ေဆာင္မဲေပးနိုင္ေရးအတြက္ မျဖစ္မေနေဆာင္႐ြက္ရသည့္ နိုင္ငံေတာ္စီမံခ်က္ျဖစ္ေၾကာင္း၊ ပန္းခင္းစီမံခ်က္သည္ တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ သတ္မွတ္ကာလအတြင္း၊ သတ္မွတ္အေရအတြက္အတိုင္း ျပည့္မီေအာင္ ေဆာင္႐ြက္နိုင္ရန္ လိုအပ္ပါေၾကာင္း၊ ယင္းစီမံခ်က္ကို တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ ၂၀၂၁ ခုႏွစ္၊ ေမ ၃ ရက္မွ ၂၀၂၂ ခုႏွစ္ ၊ နိုဝင္ဘာ ၃ ရက္ထိ (၁၈)လတာ ကာလအတြင္း ၿပီးစီးရန္ အေရအတြက္ လ်ာထားသတ္မွတ္ခဲ့ၿပီး တနသၤာရီတိုင္းေဒသႀကီးအတြင္း နိုင္ငံသားစိစစ္ေရးကတ္ျပား ထုတ္ေပးရန္ (၁၁၅၈၉၇)ဦး လ်ာထားသတ္မွတ္ခဲ့ရာ ယခုအခါ တိုင္းလုံးကြၽတ္ လ်ာထားခ်က္ ရာႏႈန္းျပည့္ ၿပီးစီးေအာင္ျမင္စြာ ေဆာင္႐ြက္နိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တနသၤာရီတိုင္းေဒသႀကီးအတြင္း ခရိုင္ (၃)ခု၊ ၿမိဳ႕နယ္ (၁၀)ၿမိဳ႕နယ္၊ ရပ္ကြက္ (၉၀)ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၂၇၀)အုပ္စု၊ ေက်း႐ြာေပါင္း (၁၁၈၄)႐ြာရွိၿပီး ပန္းခင္းစီမံခ်က္ျဖင့္ နိုင္ငံသားစိစစ္ေရးကတ္ျပား (၁၁၅၈၉၇)ကတ္ ထုတ္ေပးရန္ လ်ာထားေဆာင္႐ြက္ခဲ့ရာ ယခုအထိ (၁၄၀၃၉၈)ကတ္ ထုတ္ေပးနိုင္ခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ (၁၂၁ ဒသမ ၁၄) ရာခိုင္ႏႈန္း ၿပီးစီးၿပီျဖစ္သျဖင့္ လ်ာထားခ်က္ကို ရာႏႈန္းျပည့္ ၿပီးေျမာက္ေက်ာ္လြန္ေအာင္ ေဆာင္႐ြက္နိုင္ခဲ့သည့္ ၅ ခုေျမာက္တိုင္းေဒသႀကီးျဖစ္ေၾကာင္း သိရသည္။

#mhtnews