မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇောတာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ (၁၅ ပါးမြောက်) ရွှေကျင်သာသနာပိုင် ဝိဇောတာရုံဆရာတော်ဘုရားကြီးဖြစ်တော်မူသော ဘဒ္ဒန္တဝိဇ္ဇာတ မဟာထေရ်မြတ် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊နိုင်ငံတော်ဩဝါဒါစရိယ သိက္ခာတော်(၇၃)ဝါ၊ သက်တော်(၉၃)နှစ်၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ယနေ့ (မတ်လ ၂၁ ရက်)တွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန္နရသမ (၁၅ ပါးမြောက်) ရွှေကျင်သာသနာပိုင် မဟာထေရ်မြတ်ကြီးသည် ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်၊ ၂၀-၃-၂၀၂ (တနင်္ဂနွေနေ့) နံနက် ၂ နာရီ၊ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်အား ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်၊ ၂၂-၃-၂၀၂၂ (အင်္ဂါနေ့) မွန်းတည့် ၁၂ နာရီတွင် ဝိဇောတာရုံစာသင်တိုက်၌ အန္တိမဈာပနသာဓုကီဠနပူဇော်ပွဲ သဘင်ဆင်ယင်ကျင်းပ၍ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT PARK ၌သံဃာတော်များဒါယကာ၊ ဒါယိကာမများက နောက်ဆုံးပူဇော်လျက်ညနေ ၅ နာရီတွင် အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမည်ဖြစ်ကြောင်း ရပ်ဝေးရပ်နီးမှ သံဃာတော်များ နှင့် ဒါယကာ၊ ဒါယိကာမအပေါင်းသိစေရန်ဈာပနကော်မတီက အကြောင်းကြားထားကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ပန္နရသမ (၁၅ ပါးမြောက်) ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇ္ဇာတ မဟာထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ သွားရောက်ဖူးမြော်ကြည်ညို”
အဆိုပါ ပန္နရသမ (၁၅ ပါးမြောက်) ရွှေကျင်သာသနာပိုင် မဟာထေရ်မြတ်ကြီးသည် ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်၊ ၂၀-၃-၂၀၂ (တနင်္ဂနွနေ့) နံနက် ၂ နာရီ၊ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်အား ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်၊ ၂၂-၃-၂၀၂၂ (အင်္ဂါနေ့) မွန်းတည့် ၁၂ နာရီတွင် ဝိဇောတာရုံစာသင်တိုက်၌ အန္တိမဈာပနသာဓုကီဠနပူဇော်ပွဲ သဘင်ဆင်ယင်ကျင်းပ၍ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT PARK ၌သံဃာတော်များဒါယကာ၊ ဒါယိကာမများက နောက်ဆုံးပူဇော်လျက်ညနေ ၅ နာရီတွင် အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမည်ဖြစ်ကြောင်း ရပ်ဝေးရပ်နီးမှ သံဃာတော်များ နှင့် ဒါယကာ၊ ဒါယိကာမအပေါင်းသိစေရန်ဈာပနကော်မတီက အကြောင်းကြားထားကြောင်း သိရသည်။
#mhtnews
Recent Comments