မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက် သမား ၂ ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် ရုံးအတွင်း တစ်ဦးတည်းရှိနေစဉ် Mask အနက်များ တပ်ဆင်ထားသော အကြမ်းဖက်သမား ၂ ဦးက ရုံးအတွင်း ဝင်ရောက်လာ၍ သေနတ်ဖြင့် ချိန်ရွယ်ကာ ငွေသေတ္တာအား ဖွင့်ပေးရန်ပြောဆိုသဖြင့် ဝန်ထမ်းအမျိုးသမီးမှာ ကြောက်လန့်၍ ရုံးအနောက်ဘက်အခန်းသို့ထွက်ပြေးရာ အကြမ်းဖက်သမား များက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်းအမျိုးသမီး၏ ဝဲတင်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်သွားခဲ့ပြီး အကြမ်းဖက်သမား ၂ ဦးမှာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့သည်။ ဝန်ထမ်းအမျိုး သမီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူ ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးစေခဲ့ပြီး အကြမ်းဖက် သမား ၂ ဦးအား ဖမ်းဆီးရမိရေး လိုက်လံပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(Zawgyi)

“ပခုကၠဴၿမိဳ႕ရွိ Hana Microfinance အေသးစားေခ်းေငြလုပ္ငန္း႐ုံးမွ ဝန္ထမ္းအမ်ိဳးသမီးအား ေသနတ္ျဖင့္ပစ္ခတ္၍ ေငြေတာင္းခံမႈျဖစ္ပြား”

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕၊ အမွတ္ (၆)ရပ္ကြက္၊ ေအာင္မဂၤလာလမ္းသြယ္ရွိ Hana Microfinance အေသးစားေခ်းေငြ႐ုံးခန္းသို႔ မတ္လ ၁၅ ရက္ မြန္းလြဲ ၁ နာရီခြဲခန႔္တြင္ အၾကမ္းဖက္ သမား ၂ ဦး ဝင္ေရာက္လာၿပီး ေငြကိုင္ဝန္ထမ္း မသီရိထြန္း (၂၉)ႏွစ္အား ေသနတ္ျဖင့္ ပစ္ခတ္သြားသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ အဆိုပါ ဝန္ထမ္းအမ်ိဳးသမီးသည္ ႐ုံးအတြင္း တစ္ဦးတည္းရွိေနစဥ္ Mask အနက္မ်ား တပ္ဆင္ထားေသာ အၾကမ္းဖက္သမား ၂ ဦးက ႐ုံးအတြင္း ဝင္ေရာက္လာ၍ ေသနတ္ျဖင့္ ခ်ိန္႐ြယ္ကာ ေငြေသတၱာအား ဖြင့္ေပးရန္ေျပာဆိုသျဖင့္ ဝန္ထမ္းအမ်ိဳးသမီးမွာ ေၾကာက္လန႔္၍ ႐ုံးအေနာက္ဘက္အခန္းသို႔ထြက္ေျပးရာ အၾကမ္းဖက္သမား မ်ားက ေသနတ္ျဖင့္ ၂ ခ်က္ပစ္ခတ္ခဲ့သျဖင့္ ဝန္ထမ္းအမ်ိဳးသမီး၏ ဝဲတင္ပါးေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္ ထိမွန္သြားခဲ့ၿပီး အၾကမ္းဖက္သမား ၂ ဦးမွာ ဆိုင္ကယ္ျဖင့္ထြက္ေျပးသြားခဲ့သည္။ ဝန္ထမ္းအမ်ိဳး သမီးအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပခုကၠဴ ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသေပးေစခဲ့ၿပီး အၾကမ္းဖက္ သမား ၂ ဦးအား ဖမ္းဆီးရမိေရး လိုက္လံပိတ္ဆို႔ရွာေဖြစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။