နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကုန်းရှမ်းကျေးရွာ၌ ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျ၊ ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်း တို့က လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မွန်းလွဲ ၂ နာရီခွဲခွဲအချိန်တွင် ရုံးပင်အုပ်စု၊ ရုံးပင်ကျေးရွာသို့ ဆက်လက်ထွက်ခွာကာ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ရှမ်းရွာအုပ်စု၊ ကုန်းရှမ်းကျေးရွာသည် အိမ်ခြေ (၁၅၄) အိမ်ရှိပြီး ၁၁ ကေဗွီ ဓာတ်အားလိုင်း (၀.၉၁) မိုင်ကွာဝေးကာ အိမ်သုံးမီတာတပ်ဆင်ပြီးစီးမှု(၄၅)လုံးရှိပြီဖြစ်ကြောင်းနှင့် ရုံးပင်အုပ်စု၊ ရုံးပင်ကျေးရွာသည် အိမ်‌ခြေ (၁၀၁) အိမ်ရှိပြီး၊ ၁၁ ကေဗွီဓာတ်အားလိုင်း (၁.၃၇) မိုင် ကွာဝေးကာ အိမ်သုံးမီတာတပ်ဆင်ပြီးစီးမှု (၆၄) လုံးရှိပြီဖြစ်ကြောင်း၊ အမျိုးသားလျှပ်စစ် ဓာတ် အားရရှိရေးစီမံကိန်း (NEP Phase II) ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင် ဂျင်နီယာထံက သိရသည်။

#mhtnews

(Zawgyi)

“ႏွစ္(၆၀)ျပည့္ ေတာင္သူလယ္သမားေန႕ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ေက်ာင္းကုန္းၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာႏွစ္႐ြာ၌ လွ်ပ္စစ္မီးဖြင့္ပြဲက်င္းပ”

ႏွစ္(၆၀)ျပည့္ ေတာင္သူလယ္သမားေန႕ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ဧရာဝတီတိုင္းေဒသႀကီး၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ ကုန္းရွမ္းေက်း႐ြာ၌ ယမန္ေန႕မြန္းလြဲ (၁) နာရီခြဲအခ်ိန္တြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ သယံဇာတေရးရာဝန္ႀကီး ဦးအုန္းျမင့္၊ တိုင္းေဒသႀကီး လွ်ပ္စစ္အင္ဂ်င္နီယာ ဦးႀကီးေဇယ်၊ ေက်း႐ြာလွ်ပ္စစ္မီးလင္းေရး ေကာ္မတီဥကၠ႒ ဦးခင္ေမာင္သန္း တို႔က လွ်ပ္စစ္မီးဖြင့္ပြဲအခမ္းအနားကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၿပီး ထိုမွတစ္ဆင့္ မြန္းလြဲ ၂ နာရီခြဲခြဲအခ်ိန္တြင္ ႐ုံးပင္အုပ္စု၊ ႐ုံးပင္ေက်း႐ြာသို႔ ဆက္လက္ထြက္ခြာကာ ေက်း႐ြာလွ်ပ္စစ္မီးဖြင့္ပြဲကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ေက်ာင္းကုန္းၿမိဳ႕နယ္ ရွမ္း႐ြာအုပ္စု၊ ကုန္းရွမ္းေက်း႐ြာသည္ အိမ္ေျခ (၁၅၄) အိမ္ရွိၿပီး ၁၁ ေကဗြီ ဓာတ္အားလိုင္း (၀.၉၁) မိုင္ကြာေဝးကာ အိမ္သုံးမီတာတပ္ဆင္ၿပီးစီးမႈ(၄၅)လုံးရွိၿပီျဖစ္ေၾကာင္းႏွင့္ ႐ုံးပင္အုပ္စု၊ ႐ုံးပင္ေက်း႐ြာသည္ အိမ္ေျခ (၁၀၁) အိမ္ရွိၿပီး၊ ၁၁ ေကဗြီဓာတ္အားလိုင္း (၁.၃၇) မိုင္ ကြာေဝးကာ အိမ္သုံးမီတာတပ္ဆင္ၿပီးစီးမႈ (၆၄) လုံးရွိၿပီျဖစ္ေၾကာင္း၊ အမ်ိဳးသားလွ်ပ္စစ္ ဓာတ္ အားရရွိေရးစီမံကိန္း (NEP Phase II) ျဖင့္ ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္လွ်ပ္စစ္အင္ ဂ်င္နီယာထံက သိရသည္။

#mhtnews