မတ်လ ၄ ရက်နှင့် ၅ ရက် နှစ်ရက်အတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ် သိန်းပေါင်း ၁၃၉၀ ကျော်တန်ဖိုးရှိ တရားမဝင်မော်တော်ယာဥ်များနှင့် ကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။
ယမန်နေ့ (မတ်လ ၄ ရက်)တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲတို့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကလေးကစားစရာပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၆၇၀,၄၀၀) လည်းကောင်း၊ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ချည်ထည်ကုန်ကြမ်းပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၃၄၄,၉၅၀) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၀၁၅,၃၅၀) ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အလားတူ ယင်းနေ့၌ပင် မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၊ တာဝန်ကျ အကောက်ခွန်အဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင် ကားလမ်း မိုင်တိုင်အမှတ် (၁၆/၃)မိုင်ခန့်တွင် စုပုံထားသည့် ပိုင်ရှင်မဲ့ ပလပ်စတစ်ရေတိုင်ကီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂ဝဝ,ဝဝဝ) ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် မတ် ၅ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် တာဝန်ကျအကောက်ခွန်အဖွဲ့က ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သိန္နီ-ချင်းရွှေဟော်လမ်း၊ နမ့်စလပ်ရွာအနီးတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ သယ်ဆောင်လာသော မော်တော်ယာဉ် (၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၃၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့၌ပင်
စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်များအတွင်း လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၆၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်သူများအားလုံးကို ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မတ်လ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲမှာ (၁၈)မှုဖြစ်ပြီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉,၁၁၅,၃၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(Zawgyi)
“ႏွစ္ရက္အတြင္း တရားမဝင္ကုန္သြယ္မႈမွ ေငြက်ပ္ သိန္းေပါင္း ၁၃၉၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ကုန္ပစၥည္းအမ်ိဳးမ်ိဳး ဖမ္းဆီးရမိ”
မတ္လ ၄ ရက္ႏွင့္ ၅ ရက္ ႏွစ္ရက္အတြင္း တရားမဝင္ကုန္သြယ္မႈမွ ေငြက်ပ္ သိန္းေပါင္း ၁၃၉၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ကုန္ပစၥည္းအမ်ိဳးမ်ိဳးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီထံမွ သိရသည္။
ယမန္ေန႕ (မတ္လ ၄ ရက္)တြင္ ေအးရွားေဝါလ္ ကုန္ေသတၱာစစ္ေဆးေရးစခန္း၌ ဆိပ္ကမ္းတာဝန္က် အေကာက္ခြန္အဖြဲ႕ႏွင့္ စုံစမ္းစစ္ေဆးေရးႏွင့္ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးဌာနခြဲတို႔မွ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ သြင္းကုန္ေၾကညာလႊာ ID တြင္ ေၾကညာထားသည္ထက္ ပိုမိုပါရွိလာေသာ ကေလးကစားစရာပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၅,၆၇၀,၄၀၀) လည္းေကာင္း၊ သြင္းကုန္ေၾကညာလႊာ ID တြင္ ေၾကညာထားျခင္းမရွိေသာ ခ်ည္ထည္ကုန္ၾကမ္းပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၁,၃၄၄,၉၅၀) လည္းေကာင္း၊ စုစုေပါင္း (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၅၇,၀၁၅,၃၅၀) ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
အလားတူ ယင္းေန႕၌ပင္ မႏၱေလးတိုင္းေဒသႀကီး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ (၁၆)မိုင္ ေက်ာက္ေခ်ာစစ္ေဆးေရးစခန္း၊ တာဝန္က် အေကာက္ခြန္အဖြဲ႕က ကင္းလွည့္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ မႏၱေလး-ျပင္ဦးလြင္ ကားလမ္း မိုင္တိုင္အမွတ္ (၁၆/၃)မိုင္ခန႔္တြင္ စုပုံထားသည့္ ပိုင္ရွင္မဲ့ ပလပ္စတစ္ေရတိုင္ကီမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁,၂ဝဝ,ဝဝဝ) ဖမ္းဆီးရမိခဲ့သည္။
ထို႔ေနာက္ မတ္ ၅ ရက္တြင္ ရွမ္းျပည္နယ္၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ လားရွိုးၿမိဳ႕နယ္ တာဝန္က်အေကာက္ခြန္အဖြဲ႕က ဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ သိႏၷီ-ခ်င္းေ႐ႊေဟာ္လမ္း၊ နမ့္စလပ္႐ြာအနီးတြင္ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ တရားမဝင္ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းသုံးပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၅,၃၀၀,၀၀၀)ႏွင့္ အဆိုပါပစၥည္းမ်ား သယ္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္ (၅)စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၆၁,၀၀၀,၀၀၀)၊ စုစုေပါင္း (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၇၆,၃၀၀,၀၀၀) ဖမ္းဆီးရမိခဲ့ၿပီး ယင္းေန႕၌ပင္
စစ္ကိုင္းတိုင္းေဒသႀကီး၊ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ ဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားမွ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ စစ္ကိုင္းၿမိဳ႕နယ္ႏွင့္ ကန႔္ဘလူၿမိဳ႕နယ္မ်ားအတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၂)စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄,၅၀၀,၀၀၀)ႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ (၁)စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၀၀,၀၀၀)၊ စုစုေပါင္း (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄,၆၀၀,၀၀၀) ဖမ္းဆီးရမိခဲ့ၿပီး သက္ဆိုင္သူမ်ားအားလုံးကို ပို႔ကုန္သြင္းကုန္ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ မတ္လ ၄ ရက္ႏွင့္ ၅ ရက္တို႔တြင္ ဖမ္းဆီးရမိမႈ စုစုေပါင္းမွာ အမႈတြဲမွာ (၁၈)မႈျဖစ္ၿပီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၃၉,၁၁၅,၃၅၀) ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။
Recent Comments