နှစ်စဉ်ရငွေနဲ့ သုံးငွေအပျမ်းမျှအချိုးဟာ ၁ အချိုး ၃ ရှိပြီး သုံးငွေကဏ္ဍဟာ ရငွေကဏ္ဍထက် ၃ ဆ ပိုမိုများပြားနေတဲ့အတွက် ဝင်ငွေရရှိရေးနဲ့ သုံးငွေ လျော့ချရေးကို သက်ဆိုင်ရာဝန်ကြီးချုပ်များအနေနဲ့ စိစစ်ခြင်း၊ ခြိုးခြံချွေတာခြင်းလုပ်ငန်းများကို ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့ပါတယ်။
ယမန်နေ့မွန်းလွှဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီရုံး၊ အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို နှိုင်းယှဉ်တဲ့အခါ စုစုပေါင်း ရငွေပိုင်းမှာ ၂၀၁၉ – ၂၀၂၀ အမှန်စာရင်းစုစု ပေါင်းရငွေဟာ ငွေကျပ် ၁၁၇၇ ဘီလီယံကျော်ရှိပြီး ၂၀၂၀- ၂၀၂၁ ရှေ့ပြေးအမှန်မှာ ငွေကျပ် ၇၈၆ ဒသမ ၆ ဘီလီယံကျော် ၊ ၂၀၂၁ – ၂၀၂၂ မီနီဘတ်ဂျက် ၆ လ မူလခန့်မှန်းခြေမှာ ငွေကျပ် ၅၁၆ ဒသမ ၈ ဘီလီယံကျော်နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထားအပေါ် စိစစ်ပြီး ၁၀၅၈ ဒသမ ၉ ဘီလီယံကျော်ဖြစ်တာကိုတွေ့ရကြောင်း၊ စုစုပေါင်းသုံးငွေပိုင်းကို ကြည့်မယ်ဆိုလျှင် ၂၀၁၉ – ၂၀၂၀ အမှန်စာရင်းသည် ငွေကျပ် ၃၃၄၁ ဘီလီယံကျော်၊ ၂၀၂၀-၂၀၂၁ ရှေ့ပြေးအမှန်စာရင်းသည် ငွေကျပ်ဘီလီယံ ၃၀၅၃ ဒသမ ၅ ဘီလီယံကျော် မီနီဘတ်ဂျက်တွင် ငွေကျပ်၁၅၇၉ ဒသမ ၈ ဘီလီယံကျော်နဲ့ ၂၀၂၂-၂၀၂၃ဘဏ္ဍရေးနှစ်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ခန့်မှန်း ငွေကျပ် ၃၁၃၁ ဒသမ ၅ ဘီလီယံ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်ကို စာရင်းဇယားများအရ၊ စိစစ်ချက်များအရတွေ့ရှိရကြောင်း၊ ရသုံးစာရင်းနှိုင်းယှဉ်မည်ဆိုလျှင် နှစ်စဉ်ရငွေနဲ့ သုံးငွေအပျမ်းမျှအချိုးဟာ ၁ အချိုး ၃ ရှိတာကိုတွေ့ရပြီး သုံးငွေကဏ္ဍဟာ ရငွေကဏ္ဍထက် ၃ ဆ ပိုမိုများပြားနေတာကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝင်ငွေရရှိရေးနဲ့ သုံးငွေ လျော့ချရေးအတွက် သက်ဆိုင်ရာဝန်ကြီးချုပ်များအနေနဲ့ မိမိတို့ရဲ့ တိုင်းဒေသကြီနဲ့ ပြည်နယ်များအလိုက် ဘက်စုံထောင့်စုံမှစိစစ်ခြင်း၊ ခြိုးခြံချွေတာခြင်း စသည့်လုပ်ငန်းများကို ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း” မှာကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်နဲ့ ပြည်ပဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်အမယ်များတိုးတက်စေရေးကဏ္ဍ၊ GDP တွင် လယ်ယာ၊ သား၊ ငါး၊ သစ်တောကဏ္ဍ အချိုးမြင့်မားစေရေး ကဏ္ဍအပြင် စက်မှုကဏ္ဍ၌ နိုင်ငံတော်၏စီမံကိန်းများတွင် လိုအပ်သလို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း ထည့်သွင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
#mhtnews
(Zawgyi)
“ႏွစ္စဥ္ရေငြနဲ႕ သုံးေငြအပ်မ္းမွ်အခ်ိဳးဟာ ၁ အခ်ိဳး ၃ ရွိၿပီး သုံးေငြက႑ဟာ ရေငြက႑ထက္ ၃ ဆ ပိုမ်ားေနတာေၾကာင့္ ဝင္ေငြရရွိေရးနဲ႕ သုံးေငြေလ်ာ့ခ်ေရးအတြက္ စိစစ္ျခင္း၊ ၿခိဳးၿခံေခြၽတာျခင္းလုပ္ငန္းမ်ားကို ထိန္းသိမ္းေဆာင္႐ြက္သြားဖို႔ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းမွာၾကား”
ႏွစ္စဥ္ရေငြနဲ႕ သုံးေငြအပ်မ္းမွ်အခ်ိဳးဟာ ၁ အခ်ိဳး ၃ ရွိၿပီး သုံးေငြက႑ဟာ ရေငြက႑ထက္ ၃ ဆ ပိုမိုမ်ားျပားေနတဲ့အတြက္ ဝင္ေငြရရွိေရးနဲ႕ သုံးေငြ ေလ်ာ့ခ်ေရးကို သက္ဆိုင္ရာဝန္ႀကီးခ်ဳပ္မ်ားအေနနဲ႕ စိစစ္ျခင္း၊ ၿခိဳးၿခံေခြၽတာျခင္းလုပ္ငန္းမ်ားကို ၾကပ္မတ္ထိန္းသိမ္းေဆာင္႐ြက္သြားၾကဖို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက မွာၾကားခဲ့ပါတယ္။
ယမန္ေန႕မြန္းလႊဲပိုင္းက ေနျပည္ေတာ္ရွိ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္းစီ႐ုံး၊ အစည္းအေဝးခန္းမမွာျပဳလုပ္ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ တိုင္းေဒသႀကီးနဲ႕ ျပည္နယ္မ်ားရဲ႕ အရအသုံးခန႔္မွန္းေျခ ေငြစာရင္းမ်ား တင္ျပျခင္းဆိုင္ရာ ညွိႏွိုင္းအစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။
ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက “တိုင္းေဒသႀကီးနဲ႕ ျပည္နယ္မ်ားရဲ႕ အရအသုံးခန႔္မွန္းေျခေငြစာရင္းမ်ားကို ႏွိုင္းယွဥ္တဲ့အခါ စုစုေပါင္း ရေငြပိုင္းမွာ ၂၀၁၉ – ၂၀၂၀ အမွန္စာရင္းစုစု ေပါင္းရေငြဟာ ေငြက်ပ္ ၁၁၇၇ ဘီလီယံေက်ာ္ရွိၿပီး ၂၀၂၀- ၂၀၂၁ ေရွ႕ေျပးအမွန္မွာ ေငြက်ပ္ ၇၈၆ ဒသမ ၆ ဘီလီယံေက်ာ္ ၊ ၂၀၂၁ – ၂၀၂၂ မီနီဘတ္ဂ်က္ ၆ လ မူလခန႔္မွန္းေျခမွာ ေငြက်ပ္ ၅၁၆ ဒသမ ၈ ဘီလီယံေက်ာ္နဲ႕ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ လ်ာထားအေပၚ စိစစ္ၿပီး ၁၀၅၈ ဒသမ ၉ ဘီလီယံေက်ာ္ျဖစ္တာကိုေတြ႕ရေၾကာင္း၊ စုစုေပါင္းသုံးေငြပိုင္းကို ၾကည့္မယ္ဆိုလွ်င္ ၂၀၁၉ – ၂၀၂၀ အမွန္စာရင္းသည္ ေငြက်ပ္ ၃၃၄၁ ဘီလီယံေက်ာ္၊ ၂၀၂၀-၂၀၂၁ ေရွ႕ေျပးအမွန္စာရင္းသည္ ေငြက်ပ္ဘီလီယံ ၃၀၅၃ ဒသမ ၅ ဘီလီယံေက်ာ္ မီနီဘတ္ဂ်က္တြင္ ေငြက်ပ္၁၅၇၉ ဒသမ ၈ ဘီလီယံေက်ာ္နဲ႕ ၂၀၂၂-၂၀၂၃ဘ႑ေရးႏွစ္မွာ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ စိစစ္ၿပီး ခန႔္မွန္း ေငြက်ပ္ ၃၁၃၁ ဒသမ ၅ ဘီလီယံ ေက်ာ္ရွိမည္ဟု ခန႔္မွန္းထားသည္ကို စာရင္းဇယားမ်ားအရ၊ စိစစ္ခ်က္မ်ားအရေတြ႕ရွိရေၾကာင္း၊ ရသုံးစာရင္းႏွိုင္းယွဥ္မည္ဆိုလွ်င္ ႏွစ္စဥ္ရေငြနဲ႕ သုံးေငြအပ်မ္းမွ်အခ်ိဳးဟာ ၁ အခ်ိဳး ၃ ရွိတာကိုေတြ႕ရၿပီး သုံးေငြက႑ဟာ ရေငြက႑ထက္ ၃ ဆ ပိုမိုမ်ားျပားေနတာကိုေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ ဝင္ေငြရရွိေရးနဲ႕ သုံးေငြ ေလ်ာ့ခ်ေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးခ်ဳပ္မ်ားအေနနဲ႕ မိမိတို႔ရဲ႕ တိုင္းေဒသႀကီနဲ႕ ျပည္နယ္မ်ားအလိုက္ ဘက္စုံေထာင့္စုံမွစိစစ္ျခင္း၊ ၿခိဳးၿခံေခြၽတာျခင္း စသည့္လုပ္ငန္းမ်ားကို ၾကပ္မတ္ထိန္းသိမ္းေဆာင္႐ြက္သြားၾကရမွာျဖစ္ေၾကာင္း” မွာၾကားခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ တိုင္းေဒသႀကီးနဲ႕ ျပည္နယ္မ်ားအလိုက္ လယ္ယာစိုက္ပ်ိဳးေရးက႑၊ ပို႔ကုန္နဲ႕ ျပည္ပဝန္ေဆာင္မႈက႑၊ ပို႔ကုန္အမယ္မ်ားတိုးတက္ေစေရးက႑၊ GDP တြင္ လယ္ယာ၊ သား၊ ငါး၊ သစ္ေတာက႑ အခ်ိဳးျမင့္မားေစေရး က႑အျပင္ စက္မႈက႑၌ နိုင္ငံေတာ္၏စီမံကိန္းမ်ားတြင္ လိုအပ္သလို ကူညီျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္းလည္း ထည့္သြင္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
#mhtnews
Recent Comments