ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်၌ ယနေ့ (မတ် ၁၇ ရက်) နံနက် ၁၁နာရီ ၁၅ မိနစ်တွင် KIA BONGO III အမျိုးအစား ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိမ်းမှောက်ခဲ့ရာမှ ယာဉ်ပေါ်ပါ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၂၂ ဦးတို ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့အထဲက ၁၀ယောက်လောက်က စိုးရိမ်ရတယ်၊ ဒဏ်ရာရတဲ့အထဲ လက်ပြတ်တာတွေ၊ ပေါင်ကျိုးတာတွေရော ရှိတယ်။ ယာဉ်မောင်းက အရက်သေစာသောက်စားထားတာတော့ မရှိပါဘူး”ဟု ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများအား ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် ပေးဆပ်သူပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့လေကာမှန် နှင့် ဝဲ/ယာ တံခါးမှန်များကွဲသွားခဲ့ပြီး ဝဲဘက်ဘော်ဒီပိန်ချိုင့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“နေပြည်တော်၌ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိ”
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်၌ ယနေ့ (မတ် ၁၇ ရက်) နံနက် ၁၁နာရီ ၁၅ မိနစ်တွင် KIA BONGO III အမျိးအစား ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိမ်းမှောက်ခဲ့ရာမှ ယာဉ်ပေါ်ပါ အသက် ၁၆ နှစ်အရွယ် အမျိးသမီး ၁ ဦးသေဆုံးပြီး အမျိးသား ၁၄ ဦးနှင့် အမျိးသမီး ၈ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့လေကာမှန် နှင့် ဝဲ/ယာ တံခါးမှန်များကွဲသွားခဲ့ပြီး ဝဲဘက်ဘော်ဒီပိန်ချိင့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
#mhtnews