နေပြည်တော်၌ တည်ဆောက်လျှက်ရှိသည့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းများ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဦးစီး ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး​၏ ပြောကြားချက်အရ သိရသည်။

“ ကိုဗစ် -၁၉ စီးပွာရေးကုစားမှု အစီအစဉ်အရ ၂၀၂၀ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ပြည်သူ့အငှားအိမ်ရာ အခန်း (၁၀၀၀၀) စီမံကိန်းရဲ့ Phase (I) အိမ်ခန်း (၅၀၀၈)ခန်းရဲ့ လုပ်ငန်းများ ပြီးစီးမှုအနေနဲ့ နေပြည်တော်မှာ ၉၀ ရာခိုင်နှုန်း၊ မန္တလေးမှာ ၈၂ ရာခိုင်နှုန်းနဲ့ ရန်ကုန်မှာ ၅၃ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်ပါတယ် ၊ စီမံကိန်းအတွက် ကျခံသုံးစွဲထားတဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေဖို့ အလေးထား စိစစ်လျက်ရှိပါတယ် ၊ နေထိုင်မယ့်ပြည်သူများ အဆင်ပြေစေဖို့ မြေပြင်အခြေအနေအရ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး စတဲ့ လိုအပ်ချက်များ၊ အခြေခံအဆောက်အအုံများ ပြည့်စုံစေရေးနဲ့ လုပ်ငန်းများ တိုးတက်အောင်မြင် အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေး ဆောင်ရွက်ပေးစေလိုပါ တယ်” ဟု ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဦးစီး ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားခဲ့သည်။

မတ်လ ၁၈ရက် မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်း အဝေးတွင် အခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

#mhtnews

(Zawgyi)

“ေနျပည္ေတာ္၌ ျပည္သူ႕အငွားအိမ္ရာ တည္ေဆာက္ေရးစီမံကိန္း ၉၀ ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီး မႏၱေလး၌ ၈၂ ရာခိုင္ႏႈန္း ၿပီးစီး”

ေနျပည္ေတာ္၌ တည္ေဆာက္လွ်က္ရွိသည့္ ျပည္သူ႕အငွားအိမ္ရာ တည္ေဆာက္ေရးစီမံကိန္းမ်ား ၉၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း ျပည္သူ႕အငွားအိမ္ရာ စီမံကိန္းဦးစီး ေကာ္မတီဥကၠ႒၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေ႐ႊေလး၏ ေျပာၾကားခ်က္အရ သိရသည္။

 ကိုဗစ္ -၁၉ စီးပြာေရးကုစားမႈ အစီအစဥ္အရ ၂၀၂၀ခုႏွစ္ စက္တင္ဘာလမွ စတင္ၿပီး ျပည္သူ႕အငွားအိမ္ရာ အခန္း (၁၀၀၀၀) စီမံကိန္းရဲ႕ Phase (I) အိမ္ခန္း (၅၀၀၈)ခန္းရဲ႕ လုပ္ငန္းမ်ား ၿပီးစီးမႈအေနနဲ႕ ေနျပည္ေတာ္မွာ ၉၀ ရာခိုင္ႏႈန္း၊ မႏၱေလးမွာ ၈၂ ရာခိုင္ႏႈန္းနဲ႕ ရန္ကုန္မွာ ၅၃ ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီ ျဖစ္ပါတယ္ ၊ စီမံကိန္းအတြက္ က်ခံသုံးစြဲထားတဲ့ နိုင္ငံေတာ္ရဲ႕ ဘ႑ာေငြမ်ား ေလလြင့္မႈမရွိေစဖို႔ အေလးထား စိစစ္လ်က္ရွိပါတယ္ ၊ ေနထိုင္မယ့္ျပည္သူမ်ား အဆင္ေျပေစဖို႔ ေျမျပင္အေျခအေနအရ စာသင္ေက်ာင္း၊ ေဆး႐ုံ၊ ေဈး စတဲ့ လိုအပ္ခ်က္မ်ား၊ အေျခခံအေဆာက္အအုံမ်ား ျပည့္စုံေစေရးနဲ႕ လုပ္ငန္းမ်ား တိုးတက္ေအာင္ျမင္ ေအာင္ ေဆာင္႐ြက္နိုင္ေရးအတြက္ ဆက္လက္ေဆြးႏြေး ေဆာင္႐ြက္ေပးေစလိုပါ တယ္ ဟု ျပည္သူ႕အငွားအိမ္ရာ စီမံကိန္းဦးစီး ေကာ္မတီဥကၠ႒၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေ႐ႊေလးက ေျပာၾကားခဲ့သည္။

မတ္လ ၁၈ရက္ မြန္းလြဲ ၃ နာရီက ေနျပည္ေတာ္ရွိေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ အစည္းအေဝး ခန္းမတြင္ ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ က်င္းပခဲ့သည့္ ျပည္သူ႕အငွားအိမ္ရာ တည္ေဆာက္ေရးစီမံကိန္း ဦးစီးေကာ္မတီ လုပ္ငန္း ညွိႏွိုင္းအစည္း အေဝးတြင္ အခုလိုေျပာၾကားခဲ့ျခင္းျဖစ္သည္။

#mhtnews