နေတိုးအဖွဲဝင်နိုင်ငံများက အဖွဲအတွင်း ယူကရိန်းပါဝင်ရေး ဆွေးနွေးရန် မပြင်ဆင်ထားကြောင်းနှင့် ကိဗ်က “နေတိုးပုံစံ မဟုတ်သော”ဆွေးနွေးမှုအတွက် အသင့်ပြင်ထားကြောင်း ရုရှားနှင့်ညှိနှိင်းရေး ယူကရိန်းကိုယ်စားလှယ်အဖွဲဝင် David Arakhamiaက Fox News သတင်းဌာနကို ပြောကြားကြောင်း ၎င်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

“နေတိုးပုံစံမဟုတ်တဲ့ ဆွေးနွေးမှုမျိုး ကျွန်တော်တို အသင့်ပြင်ထားတယ်…ဒီကိစ္စကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမယ်၊ ရုရှားနဲ့ နှစ်ဖက်ဆွေးနွေးမှုများအပြင် အခြားမိတ်ဖက်များနဲ့လည်း ဆွေးနွေးသွားဖို တံခါးဖွင့်ထားတယ်”ဟု Arakhamiaက ဆိုသည်။

ယူကရိန်းနှင့်ရုရှား၏ နှစ်ကြိမ်ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၃ ရက်တွင် ပြုလုပ်ခဲ့ရာ တတိယအကြိမ်ဆွေးနွေးမှုကို မတ် ၇ ရက် (တနင်္လာနေ့)တွင် ကျင်းပမည်ဟု ခန့်မှန်းထားကြောင်း သတင်းဖော်ပြမှုအရ သိရသည်။
#mhtnews

(Zawgyi)
နေတိုးပုံစံ မဟုတ်သောဆွေးနွေးမှုအတွက် ယူကရိန်း အသင့်ပြင်ထားကြောင်း ယူကရိန်းပြောဆို”

နေတိုးအဖွဲ့ဝင်နိုင်ငံများက အဖွဲ့အတွင်း ယူကရိန်းပါဝင်ရေး ဆွေးနွေးရန် မပြင်ဆင်ထားကြောင်းနှင့် ကိဗ်က နေတိုးပုံစံ မဟုတ်သောဆွေးနွေးမှုအတွက် အသင့်ပြင်ထားကြောင်း ရုရှားနှင့်ညှိနှိင်းရေး ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင် David Arakhamiaက Fox News သတင်းဌာနကို ပြောကြားကြောင်း ၎င်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

နေတိုးပုံစံမဟုတ်တဲ့ ဆွေးနွေးမှုမျိး ကျွန်တော်တို့ အသင့်ပြင်ထားတယ်…ဒီကိစ္စကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမယ်၊ ရုရှားနဲ့ နှစ်ဖက်ဆွေးနွေးမှုများအပြင် အခြားမိတ်ဖက်များနဲ့လည်း ဆွေးနွေးသွားဖို့ တံခါးဖွင့်ထားတယ်ဟု Arakhamiaက ဆိုသည်။

#mhtnews