မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Puppet Festival of Lancang – Menkong ရုပ်သေးပွဲတော်ကို မတ် ၃၀ ရက်မှ မတ် ၃၁ ရက်အထိ မန္တလေး၊ မဟာအောင်မြေမြိုနယ်ရှိ ရတနာပုံခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ သိရသည်။

အဆိုပါ ရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဆိုသော်လည်း ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် Visual စနစ် အွန်လိုင်းစနစ်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် Menkong – Lancang ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲဝင် နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရုပ်သေးပညာရှင်များ ပါဝင်မည်ဖြစ်သည်။

ယင်းရုပ်သေးပွဲတော်တွင် နိုင်ငံအလိုက် ရုပ်သေးဖျော်ဖြေတင်ဆက်မှုများ၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ရုပ်သေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားမည့် စာတမ်းဖတ်ပွဲများ စသည့် တင်ဆက်မှုများ ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“နိုင်ငံ ၆ နိုင်ငံပါဝင်မည့် ရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်”

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Puppet Festival of Lancang Menkong ရုပ်သေးပွဲတော်ကို မတ် ၃၀ ရက်မှ မတ် ၃၁ ရက်အထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ သိရသည်။

အဆိုပါ ရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဆိုသော်လည်း ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် Visual စနစ် အွန်လိုင်းစနစ်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် Menkong – Lancang ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရုပ်သေးပညာရှင်များ ပါဝင်မည်ဖြစ်သည်။

#mhtnews