“နိုင်ငံသားအားလုံး မဖြစ်မနေ နိုင်ငံသားကတ် (မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ပြည်သူများအား ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် အလေးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ထမ်းများအား တိုက်တွန်းမှာကြားသည်။
ယမန်နေ့က ပြုလုပ်သည့် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လျာထားချက် ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးမှာကြားခြင်း အခမ်းအနား၌ ထိုသို့မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက “ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် စီမံချက်တစ်ခု ဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်း တွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဆိုင်ရာ အထောက်အထားတစ်ခုရရှိနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် အစိုးရအဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် မရှိသေးသူများ ကျန်ရှိနေသေးကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ပြည်သူများအား အမြဲမပြတ်ရှင်းလင်းချပြကြရန် လိုအပ်ကြောင်း၊ ပြည်သူများ အနေဖြင့် ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှုများနှင့် အခြားသောနိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ကြရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လာမည့် ဧပြီ (၁)ရက် နံနက်(၆)နာရီမှစ၍ လိုအပ်သလို စစ်ဆေးဆောင်ရွက်မည့်အကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်းအား ပြီးခဲ့သည့် မတ် (၅)ရက်က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်သည် နိုင်ငံသားအားလုံး မဖြစ်မနေ နိုင်ငံသားကတ် (မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ပြည်သူများအား ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် အလေးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
#mhtnews
(Zawgyi)
“နိုင္ငံသားအားလုံး မျဖစ္မေန နိုင္ငံသားကတ္ရရွိ ကိုင္ေဆာင္နိုင္ၾကရန္ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေသာ္လည္း ျပည္သူမ်ားအား ဝန္ထုတ္ဝန္ပိုး မျဖစ္ေစရန္ အေလးဂ႐ုျပဳ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီတိုက္တြန္း”
“နိုင္ငံသားအားလုံး မျဖစ္မေန နိုင္ငံသားကတ္ (မွတ္ပုံတင္) ရရွိ ကိုင္ေဆာင္နိုင္ၾကရန္ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေသာ္လည္း ျပည္သူမ်ားအား ဝန္ထုတ္ဝန္ပိုး မျဖစ္ေစရန္ အေလးဂ႐ုျပဳ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း” လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက ဝန္ထမ္းမ်ားအား တိုက္တြန္းမွာၾကားသည္။
ယမန္ေန႕က ျပဳလုပ္သည့္ ဝန္ႀကီးဌာနမွ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေသာ ပန္းခင္းစီမံခ်က္ႏွင့္ပတ္သက္၍ တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ လ်ာထားခ်က္ ျပည့္မီၿပီးစီးေအာင္ ေဆာင္႐ြက္နိုင္ေရးမွာၾကားျခင္း အခမ္းအနား၌ ထိုသို႔မွာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီးက “ပန္းခင္းစီမံခ်က္သည္ နိုင္ငံေတာ္၏ အနာဂတ္အတြက္ အေရးႀကီးသည့္ စီမံခ်က္တစ္ခု ျဖစ္သကဲ့သို႔ နိုင္ငံသားတစ္ဦးခ်င္းအတြက္ လူမႈဘဝေဆာင္႐ြက္မႈတိုင္း တြင္ မရွိမျဖစ္လိုအပ္သည့္ နိုင္ငံသားဆိုင္ရာ အေထာက္အထားတစ္ခုရရွိနိုင္မည့္ အခြင့္အေရး တစ္ခုျဖစ္ေၾကာင္း၊ ယင္းလုပ္ငန္းစဥ္သည္ အစိုးရအဆက္ဆက္ ေဆာင္႐ြက္ေပးလ်က္ရွိသည့္ လုပ္ငန္းတစ္ခုျဖစ္ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မွတ္ပုံတင္ မရွိေသးသူမ်ား က်န္ရွိေနေသးေၾကာင္း၊ နိုင္ငံသားကတ္၏ အသုံးဝင္တန္ဖိုးကို သိရွိနားလည္နိုင္ေရးအတြက္ တာဝန္ရွိသူအဆင့္ဆင့္က ျပည္သူမ်ားအား အၿမဲမျပတ္ရွင္းလင္းခ်ျပၾကရန္ လိုအပ္ေၾကာင္း၊ ျပည္သူမ်ား အေနျဖင့္ ခရီးသြားလာမႈ၊ တည္းခိုေနထိုင္မႈမ်ားႏွင့္ အျခားေသာနိုင္ငံသားကတ္ (မွတ္ပုံတင္) ျပသေဆာင္႐ြက္ၾကရသည့္ လုပ္ငန္းမ်ားတြင္ တရားဝင္ထုတ္ေပးထားေသာ နိုင္ငံသားကတ္ (မွတ္ပုံတင္)ကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက လာမည့္ ဧၿပီ (၁)ရက္ နံနက္(၆)နာရီမွစ၍ လိုအပ္သလို စစ္ေဆးေဆာင္႐ြက္မည့္အေၾကာင္း မိဘျပည္သူမ်ားသို႔ အသိေပးေၾကညာျခင္းအား ၿပီးခဲ့သည့္ မတ္ (၅)ရက္က နိုင္ငံပိုင္မီဒီယာမ်ားမွတစ္ဆင့္ ထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ယင္းထုတ္ျပန္ခ်က္သည္ နိုင္ငံသားအားလုံး မျဖစ္မေန နိုင္ငံသားကတ္ (မွတ္ပုံတင္) ရရွိ ကိုင္ေဆာင္နိုင္ၾကရန္ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေသာ္လည္း ျပည္သူမ်ားအား ဝန္ထုတ္ဝန္ပိုး မျဖစ္ေစရန္ အေလးဂ႐ုျပဳ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္ဟု သတင္းရရွိသည္။
#mhtnews
Recent Comments