နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းမှ ပြည်သူ့ အပေါ်ဝန်ဆောင်မှုပေးနေသော သူတစ်ပါးထိခိုက်မှု အာမခံ နစ်နာကြေးပေးချေခြင်းလုပ်ငန်းများအား မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်က ပေးလျော်ရန်တာဝန်ရှိရာ ထိုပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းက ပခုံးပြောင်းတာဝန် ယူပေးချေခြင်းဖြစ်သဖြင့် စက်တပ်ယာဉ်ကြောင့် မတော်တဆ ထိခိုက်မိလျှင် နစ်နာကြေးကို အကျိုးခံစားခွင့်ရှိသူက မြန်မာ့အာမခံလုပ်ငန်းတွင် တောင်းခံနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများဖြစ်ပွားသည့် ဦးရေနှင့် မြန်မာ့အာမခံလုပ်ငန်းမှာ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများကြောင့် နစ်နာကြေးတောင်းခံသည့် ဦးရေတို့ကို နှိုင်းယှဉ်ကြည့်ရာတွင် နစ်နာကြေးတောင်းခံသူဦးရေမှာ နည်းပါးနေကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းတွင် နစ်နာကြေး တောင်းခံလိုသူအနေဖြင့် တောင်းခံရမည့်ပုံစံများကို မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)နှင့် ရုံးခွဲ (၃၉) ရုံးတွင် အခမဲ့ရယူနိုင်ပြီး မြန်မာ့အာမခံလုပ်ငန်း၏ Website (www.mminsurance.gov.mm) တို့တွင် download လုပ်၍လည်း ရယူနိုင်မည်ဖြစ်ကာ ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးလျှင် သေဆုံးသည့်နေ့မှ ၁၂ လအတွင်း၊ ဒဏ်ရာရလျှင် ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၂၄ လအတွင်း၊ ပစ္စည်းပျက်စီးဆုံးရှုံးလျှင် ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့်နေ့မှ ၁၂ လအတွင်း တောင်းခံနိုင်သည်။
သေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနက အသိအမှတ် ပြုထားသည့်ဆေးရုံ၏အစီရင်ခံစာနှင့်စက်တပ်ယာဉ် ထိခိုက်မှုဖြစ်ကြောင်း ရဲစခန်း၏ အစီရင်ခံစာများနှင့်အတူ အထောက်အထားအပြည့်အစုံဖြင့် မြန်မာ့အာမခံလုပ်ငန်းသို့ ဆက်သွယ် တောင်းခံလာပါက သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးများကို နေ့ချင်းပြီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“နိုင္ငံပိုင္ျမန္မာ့အာမခံလုပ္ငန္းမွျပည္သူ႕အေပၚဝန္ေဆာင္မႈေပးေနေသာသူတစ္ပါးထိခိုက္မႈအာမခံနစ္နာေၾကးေပးေခ်ျခင္းလုပ္ငန္းမ်ားအားျမန္ဆန္စြာေဆာင္႐ြက္ေပးလ်က္ရွိ”
နိုင္ငံပိုင္ျမန္မာ့အာမခံလုပ္ငန္းမွျပည္သူ႕အေပၚဝန္ေဆာင္မႈေပးေနေသာသူတစ္ပါးထိခိုက္မႈအာမခံနစ္နာေၾကးေပးေခ်ျခင္းလုပ္ငန္းမ်ားအားျမန္ဆန္စြာေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
စက္တပ္ယာဥ္ထိခိုက္မႈေၾကာင့္ေသဆုံးသူ၊ဒဏ္ရာရရွိသူမ်ားအတြက္ စက္တပ္ယာဥ္ပိုင္ရွင္ကေပးေလ်ာ္ရန္တာဝန္ရွိရာထိုေပးေလ်ာ္ရန္တာဝန္ကိုျမန္မာ့အာမခံလုပ္ငန္းကပခုံးေျပာင္းတာဝန္ ယူေပးေခ်ျခင္းျဖစ္သျဖင့္စက္တပ္ယာဥ္ေၾကာင့္မေတာ္တဆထိခိုက္မိလွ်င္နစ္နာေၾကးကိုအက်ိဳးခံစားခြင့္ရွိသူကျမန္မာ့အာမခံလုပ္ငန္းတြင္ေတာင္းခံနိုင္မည္ျဖစ္သည္။
ျမန္မာနိုင္ငံတြင္ႏွစ္စဥ္ယာဥ္တိုက္မႈေၾကာင့္ေသဆုံးျခင္း၊ဒဏ္ရာရရွိျခင္းမ်ားျဖစ္ပြားသည့္ဦးေရႏွင့္ျမန္မာ့အာမခံလုပ္ငန္းမွာယာဥ္မေတာ္တဆျဖစ္မႈေၾကာင့္ေသဆုံးျခင္း၊ဒဏ္ရာရရွိျခင္းမ်ားေၾကာင့္နစ္နာေၾကးေတာင္းခံသည့္ဦးေရတို႔ကိုႏွိုင္းယွဥ္ၾကည့္ရာတြင္နစ္နာေၾကးေတာင္းခံသူဦးေရမွာနည္းပါးေနေၾကာင္းသိရသည္။
ျမန္မာ့အာမခံလုပ္ငန္းတြင္နစ္နာေၾကးေတာင္းခံလိုသူအေနျဖင့္ေတာင္းခံရမည့္ပုံစံမ်ားကိုျမန္မာ့အာမခံလုပ္ငန္း(႐ုံးခ်ဳပ္)ႏွင့္႐ုံးခြဲ(၃၉)႐ုံးတြင္အခမဲ့ရယူနိုင္ၿပီးျမန္မာ့အာမခံလုပ္ငန္း၏Website (www.mminsurance.gov.mm)တို႔တြင္ downloadလုပ္၍လည္းရယူနိုင္မည္ျဖစ္ကာထိခိုက္မႈျဖစ္ပြားၿပီးေသဆုံးလွ်င္ေသဆုံးသည့္ေန႕မွ၁၂လအတြင္း၊ဒဏ္ရာရလွ်င္ထိခိုက္မႈျဖစ္ပြားသည့္ေန႕မွ၂၄လအတြင္း၊ပစၥည္းပ်က္စီးဆုံးရႈံးလွ်င္ထိခိုက္ပ်က္စီးမႈျဖစ္ပြားသည့္ေန႕မွ၁၂လအတြင္းေတာင္းခံနိုင္သည္။
ေသဆုံးမႈသို႔မဟုတ္ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ပတ္သက္၍က်န္းမာေရးဦးစီးဌာနကအသိအမွတ္ျပဳထားသည့္ေဆး႐ုံ၏အစီရင္ခံစာႏွင့္စက္တပ္ယာဥ္ထိခိုက္မႈျဖစ္ေၾကာင္းရဲစခန္း၏ အစီရင္ခံစာမ်ားႏွင့္အတူအေထာက္အထားအျပည့္အစုံျဖင့္ျမန္မာ့အာမခံလုပ္ငန္းသို႔ဆက္သြယ္ ေတာင္းခံလာပါကသူတစ္ပါးထိခိုက္မႈအာမခံနစ္နာေၾကးမ်ားကိုေန႕ခ်င္းၿပီးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments