နိုင်ငံတွင်း ဆိုးရွားစွာကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းကိုဖြေရှင်းရန် သီရိလင်္ကာနိုင်ငံက အိန္ဒိယထံမှ လိုအပ်သည့်အချိန်တွင် ထုတ်သုံးနိုင်သည့် အကြွေးစနစ်ဖြင့် ကန်ဒေါ်လာ ၁.၅ ဘီလီယံ ထပ်မံရရှိရေး ဆွေးနွေးလျှက်ရှိကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသည် အိန္ဒိယသို့ အလည်အပတ် သွားရောက်ပြီးနောက် အရေးပါသော သွင်းကုန်များရရှိရေးအတွက် ဒေါ်လာ ၁ ဘီလီယံ ရရှိပြီးဖြစ်သော်လည်း ရေနံနှင့် အခြားလိုအပ်သောပစ္စည်းများ တင်သွင်းရန်အတွက် လိုအပ်သောအချိန်တွင် ထုတ်သုံးနိုင်သည့် ဒေါ်လာ ၁.၅ ဘီလီယံ ချေးယူနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း၌ပင် သီရိလင်္ကာသို့ ငွေကြေးလဲလှယ်ရေးအတွက် ဒေါ်လာသန်း ၄၀၀ နှင့် လောင်စာဆီဝယ်ယူရေးအတွက် ဒေါ်လာ သန်း ၅၀၀ ထပ်မံပေးခဲ့ပြီးဖြစ်ကာ သီရိလင်္ကာအနေဖြင့် ယခုနှစ်အတွင်း ပြန်လည်ပေးဆပ်ရမည့်အကြွေးမှာ ဒေါ်လာ ၄ ဘီလီယံရှိပြီး ၎င်းအနက်မှ ၁ ဘီလီယံကို ဇူလိုင်လတွင် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

လူဦးရေ ၂၂ သန်းရှိသော နိုင်ငံသည် နိုင်ငံခြားအရန်ငွေတွင် ၇၀ ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် သွင်းကုန်များ ရပ်တန့်နေပြီး မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပြတ်လပ်နေခြင်းဖြစ်ကာ အစားအသောက် ဈေးနှုန်းများလည်း မြင့်တက်နေသဖြင့် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ အကျပ်အတည်းများကြောင့် တရုတ်ထံမှလည်း အကြွေး အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ တောင်းဆိုထားကာ ဆုံးဖြတ်ချက်ကို လာမည့် ရက်သတ္တပတ်များတွင် သိရှိရမည်ဖြစ်ကြောင်းနှင့်

ဘဏ္ဍာရေးဝန်ကြီးသည် လာမည့်လတွင် ဝါရှင်တန်သို့ သွားရောက်၍ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ကာ ကမ္ဘာ့ဘဏ်နှင့်လည်း တွေ့ဆုံအကူအညီတောင်းခံမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“နိုင္ငံတြင္းႀကဳံေတြ႕ေနရသည့္ စီးပြားေရးအက်ပ္အတည္းမွ ကယ္တင္ရန္ သီရိလကၤာက အိႏၵိယထံမွ ေခ်းေငြေဒၚလာ ၁.၅ ဘီလီယံ ထပ္မံရရွိေရး ေဆြးႏြေး”

နိုင္ငံတြင္း ဆိုး႐ြားစြာႀကဳံေတြ႕ေနရသည့္ စီးပြားေရးအက်ပ္အတည္းကိုေျဖရွင္းရန္ သီရိလကၤာနိုင္ငံက အိႏၵိယထံမွ လိုအပ္သည့္အခ်ိန္တြင္ ထုတ္သုံးနိုင္သည့္ အေႂကြးစနစ္ျဖင့္ ကန္ေဒၚလာ ၁.၅ ဘီလီယံ ထပ္မံရရွိေရး ေဆြးႏြေးလွ်က္ရွိေၾကာင္း သိရသည္။

သီရိလကၤာနိုင္ငံ၏ ဘ႑ာေရးဝန္ႀကီးသည္ အိႏၵိယသို႔ အလည္အပတ္ သြားေရာက္ၿပီးေနာက္ အေရးပါေသာ သြင္းကုန္မ်ားရရွိေရးအတြက္ ေဒၚလာ ၁ ဘီလီယံ ရရွိၿပီးျဖစ္ေသာ္လည္း ေရနံႏွင့္ အျခားလိုအပ္ေသာပစၥည္းမ်ား တင္သြင္းရန္အတြက္ လိုအပ္ေသာအခ်ိန္တြင္ ထုတ္သုံးနိုင္သည့္ ေဒၚလာ ၁.၅ ဘီလီယံ ေခ်းယူနိုင္ရန္ ေဆြးႏြေးေနျခင္းျဖစ္သည္။

အိႏၵိယနိုင္ငံအေနျဖင့္ ယခုႏွစ္အတြင္း၌ပင္ သီရိလကၤာသို႔ ေငြေၾကးလဲလွယ္ေရးအတြက္ ေဒၚလာသန္း ၄၀၀ ႏွင့္ ေလာင္စာဆီဝယ္ယူေရးအတြက္ ေဒၚလာ သန္း ၅၀၀ ထပ္မံေပးခဲ့ၿပီးျဖစ္ကာ သီရိလကၤာအေနျဖင့္ ယခုႏွစ္အတြင္း ျပန္လည္ေပးဆပ္ရမည့္အေႂကြးမွာ ေဒၚလာ ၄ ဘီလီယံရွိၿပီး ၎အနက္မွ ၁ ဘီလီယံကို ဇူလိုင္လတြင္ ေပးဆပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

လူဦးေရ ၂၂ သန္းရွိေသာ နိုင္ငံသည္ နိုင္ငံျခားအရန္ေငြတြင္ ၇၀ ရာခိုင္ႏႈန္း က်ဆင္းသြားၿပီးေနာက္ သြင္းကုန္မ်ား ရပ္တန႔္ေနၿပီး မရွိမျဖစ္လိုအပ္ေသာ ပစၥည္းမ်ား ျပတ္လပ္ေနျခင္းျဖစ္ကာ အစားအေသာက္ ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေနသျဖင့္ ဆႏၵျပမႈမ်ားလည္း ျဖစ္ေပၚေနျခင္းျဖစ္သည္။

အဆိုပါ အက်ပ္အတည္းမ်ားေၾကာင့္ တ႐ုတ္ထံမွလည္း အေႂကြး အေမရိကန္ေဒၚလာ ၂.၅ ဘီလီယံ ေတာင္းဆိုထားကာ ဆုံးျဖတ္ခ်က္ကို လာမည့္ ရက္သတၱပတ္မ်ားတြင္ သိရွိရမည္ျဖစ္ေၾကာင္းႏွင့္

ဘ႑ာေရးဝန္ႀကီးသည္ လာမည့္လတြင္ ဝါရွင္တန္သို႔ သြားေရာက္၍ နိုင္ငံတကာေငြေၾကး ရန္ပုံေငြအဖြဲ႕ႏွင့္ ေဆြးႏြေးမည္ျဖစ္ကာ ကမၻာ့ဘဏ္ႏွင့္လည္း ေတြ႕ဆုံအကူအညီေတာင္းခံမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews