နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေများကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည့် အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်ဆီဂျင်များရရှိရေး ထိုင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi)

“နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံသံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္သည္ တာဝန္ၿပီးဆုံး၍ ျပန္လည္ထြက္ခြာမည့္ ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံ သံအမတ္ႀကီး H.E. Mrs. Suphatra Srimaitreephithak အား ယေန႕ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး၊ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာ-ထိုင္း ႏွစ္နိုင္ငံသံတမန္ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ျမန္မာက်ပ္ေငြႏွင့္ ထိုင္းဘတ္ေငြမ်ားကို တိုက္ရိုက္ေပးေခ်နိဳင္မႈေၾကာင့္ ႏွစ္နိုင္ငံ ကုန္သြယ္မႈလုပ္ငန္းမ်ား ပိုမိုတိုးတက္ ေကာင္းမြန္လာမည့္ အေျခအေနႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိမႈ အေျခအေန၊ ျမန္မာနိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါ ဒုတိယလွိုင္းကာလအတြင္း ကုသမႈအတြက္လိုအပ္သည့္ ေအာက္ဆီဂ်င္မ်ားရရွိေရး ထိုင္းနိုင္ငံမွ ကူညီေဆာင္႐ြက္ေပးခဲ့မႈ အေျခအေနႏွင့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားရရွိေရး ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ားကို ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးႏြေးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံသံအမတ္ႀကီးတို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္တို႔ တက္ေရာက္ၾကၿပီး ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံသံအမတ္ႀကီးႏွင့္အတူ ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံသံ႐ုံးမွ တာဝန္ရွိသူတို႔ တက္ေရာက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။