အားလုံးမင်္ဂလာပါ။
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုတွေကို ဂရုပြု အာရုံစိုက်မိလာစေဖို့နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အလေးထား အကောင်အထည်ဖော်လာစေဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာနဲ့ အဝန်း ကျင်းပကြပါတယ်။ အဲ့ဒီလို ကျင်းပနိုင်ဖို့အတွက်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၉၆ ခုနှစ်ကစပြီး ဆောင်ပုဒ်များကို နှစ်စဉ် သတ်မှတ်ပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ “စဉ်ဆက်မပြတ် တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့” (Gender equality today for a sustainable tomorrow) ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်အရဆိုပါက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုခိုင်မာတဲ့ အနာဂတ် တည်ဆောက်ရေးမှာ ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ ဖြစ်စေရေး၊ လျော့ပါး သက်သာစေရေးနဲ့ ရင်ဆိုင်တုံ့ပြန်ရေး လုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ၊ မိန်းကလေးငယ်များရဲ့ အထောက်အကူပြု စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်ပြုကြရမှာ ဖြစ်သလို (၂၁)ရာစု စိန်ခေါ်မှုတွေဖြစ်တဲ့ ရာသီဥတုဆိုင်ရာ အကျပ် အတည်းတွေ၊ ဘေးအန္တရာယ် ဖြစ်ပွားမှု တွေကို လျှော့ချနိုင်ဖို့အတွက် ကျား၊ မ တန်းတူညီမျှမှုကို ပိုမို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်းကို ကမ္ဘာ့နိုင်ငံတွေအားလုံးက သတိပြုမိစေမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တွေဆီ အရောက်လှမ်းရာမှာ ကမ္ဘာ့နိုင်ငံတွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ အဟန့် အတားတွေများစွာထဲက အဓိကကျတဲ့ အဟန့်အတားတွေ ကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုတို့ပဲ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုဟာ ဇီဝဖြစ်စဉ်များနှင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (biophysical changes) ကိုသာမက လူမှုရေး သက်ရောက်မှုတွေကိုလည်း ဖြစ်စေပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကျား၊ မ ရေးရာ၊ အဆင့်အတန်း၊ ရွှေ့ပြောင်းမှုအခြေအနေ၊ အသက်အရွယ်၊ မသန်စွမ်းမှုစတဲ့ ဝိသေသ လက္ခဏာများအပေါ်အခြေခံပြီး မညီမျှမှုတွေ၊ အမျိုးမျိုးသော ထိခိုက် လွယ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အမျိုးသမီးတွေဟာ အမျိုးသားများထက် ပိုပြီး ခံစားကြရပါတယ်။ အဲ့ဒီလိုခံစားကြရတဲ့ အကြောင်းရင်းကတော့ အမျိုးသမီးတွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် အများဆုံး ထိခိုက်မှုဖြစ်စေတဲ့ သယံဇာတတွေ အပေါ် ပိုမိုမှီခိုနေရပြီး ဆင်းရဲမှုကိုလည်း ပိုပြီးခံစားနေရလို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ သူတို့ပါဝင် ဆောင်ရွက်တဲ့ လုပ်ငန်းသဘာဝအရပတ်ဝန်းကျင်နဲ့ ဂေဟစနစ်များ အကြောင်းကို ဗဟုသုတကြွယ်ဝသူတွေ ဖြစ်ကြတဲ့အတွက် ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေး၊ လျော့ပါးသက်သာ စေရေးနဲ့ ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းတွေမှာ ဦးဆောင် ပါဝင် ဆောင်ရွက်ပေးနိုင်တဲ့ သူတွေအဖြစ် မြင်တွေ့ကြရမှာဖြစ်ပါ တယ်။ ဒါ့ကြောင့် ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရေးနဲ့ တုံ့ပြန်ရေးကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေအနေနဲ့ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး အပြည့်အဝနဲ့ ထိရောက်စွာ ပါဝင်ဆောင်ရွက်ရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း သတိရှိကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီလိုအမျိုးသမီးများရဲ့ အရေးပါမှုတွေကို ၁၉၉၂ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change) မှာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ကျား၊ မ တန်းတူ ညီမျှမှုရရှိရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုပြီး အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများကို ကွန်ဗင်းရှင်း အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများမှာ ပါဝင် ဆောင်ရွက်စေရမည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းကို လက်မှတ် ရေးထိုး အတည်ပြုချိန်ကစပြီး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို အလေးထားအကောင် အထည်ဖော်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ (၂၀၁၉)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၉)နဲ့ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်း အစီအစဉ်(၂၀၁၈-၂၀၃၀) တို့ကို မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ရေးဆွဲထားပြီး ကျား၊ မ ရေးရာတန်းတူညီမျှမှုတွေ၊ အမျိုးသမီးများနဲ့ မိန်းကလေး ငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ရေး ကိစ္စတွေကို ပေါင်းစပ်ထည့်သွင်းထားကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။
မဟာဗျူဟာစီမံကိန်းမှာ သဘာဝအရင်းအမြစ်များအား စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှု နဲ့ လိုက်လျော ညီထွေဖြစ်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းတို့မှာ အမျိုးသမီးများ အဓိပ္ပါယ် ပြည့်ဝစွာပါဝင်နိုင်တဲ့ စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေးကို အဓိက ဦးတည်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးများနဲ့ သဘာဝပတ်ဝန်းကျင်ကို အဓိကလုပ်ငန်းနယ်ပယ်(၁)ခု အဖြစ် ထည့်သွင်းပြီး ဆောင်ရွက် လျက်ရှိတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍပေါင်းစုံပါဝင်တဲ့ မဟာဗျူဟာစီမံကိန်းဟာ အမျိုးသားရော အမျိုးသမီးများပါ အခန်းကဏ္ဍ အသီးသီးမှာ အဓိပ္ပါယ်ပြည့်ဝစွာ တန်းတူ ညီမျှပါဝင်နေပြီး ပိုမိုပြည့်စုံ ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖန်တီးရာမှာ အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ အပြည့်အဝယုံကြည်ပါတယ်။
၂၀၂၂ ခုနှစ်သည် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာဗျူဟာစီမံကိန်း ကာလအတွင်း အဓိကလုပ်ငန်း နယ်ပယ်အလိုက် အကောင်အထည်ဖော်မှု ဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်မှုများပြုလုပ်ပြီး ရှေ့လာမဲ့ ကာလတွေ အတွက်လည်း မဟာဗျူဟာစီမံကိန်းအသစ်တစ်ခု ရေးဆွဲရေး အတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ ဝန်ကြီး ဌာန/အဖွဲ့အစည်းအသီးသီးအနေနဲ့လည်း မိမိတို့နဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ တက်တက်ကြွကြွနဲ့ ဦးဆောင် ပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်း မှာကြားလိုပါတယ်။
ယခုလို မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်နဲ့ စီမံကိန်းတွေမှာ ကျား၊ မ ရေးရာ တန်းတူညီမျှမှုကို စနစ်တကျ ပါဝင်ထည့်သွင်း စဉ်းစား၍ ရေးဆွဲအကောင်အထည်ဖော်မှုတွေဟာ ရာသီဥတုပြောင်းလဲမှု နှင့်သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အမျိုးသမီး၊ မိန်းကလေးငယ်တွေရဲ့ ဦးဆောင်ပါဝင်နိုင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့အတွက် အထောက်အကူပြုစေမဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကျန်းမာ ပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သည့်နည်းဖြင့် ဖော်ဆောင်ရေးအတွက်လည်း များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ နိုင်ငံတစ်နိုင်ငံရဲ့ ပြီးပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု၊ ကမ္ဘာကြီးတစ်ခုလုံး သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးတဲ့ အကြောင်းတရားတို့ကို ရရှိဖို့အတွက် နယ်ပယ် အားလုံးမှာ အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများ၏ ပါဝင်မှုကို တိုးမြှင့်နိုင်သလောက် တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဒီပြဋ္ဌာန်းချက်တွေကို အလေးအနက်ထားတဲ့အနေနဲ့ မိမိတို့နိုင်ငံ အနေနဲ့လည်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါတယ်။ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာသာမက နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးနယ်ပယ်များအထိ အမျိုးသားများနဲ့ရင်ပေါင်တန်းကာ ပါဝင်ခွင့် ရရှိရေးကို အလေးအနက်ထား လုပ်ဆောင်လျက်ရှိတာတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုလည်း ရရှိနေပါတယ်။ ရရှိပြီးတဲ့ တိုးတက်မှုများကို အရှိန်ရစေဖို့၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအနေနဲ့ အစဉ်အလာအရ တွေ့ကြုံနေရတဲ့ အခက်အခဲ အတားအဆီးတွေ၊ (၂၁) ရာစုမှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့အတွက် လိုအပ်နေတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေအသစ်တွေ ရေးဆွဲဖို့လိုအပ်သလို ရှိနေပြီးသည်များကိုလည်း လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ ဒီလို အဖိုးတန်တဲ့ လူသား အရင်းအမြစ်တွေကို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေးနဲ့ လျော့ပါးသက်သာစေရေး လုပ်ငန်း အပါအဝင် ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တို့ရဲ့ စွမ်းရည်ကို ထိထိရောက်ရောက် အသုံးချပေးဖို့နဲ့ ထိုသို့ အသုံးချနိုင်ဖို့အတွက်လည်း အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္
(Zawgyi)
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ၂၀၂၂ ခုႏွစ္၊ မတ္လ(၈)ရက္ေန႕တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အထိမ္းအမွတ္ အခမ္းအနားသို႔ ေပးပို႔သည့္ အဖြင့္မိန႔္ခြန္း
အားလုံးမဂၤလာပါ။
ဒီေန႕က်င္းပျပဳလုပ္တဲ့ ၂၀၂၂ ခုႏွစ္၊ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အထိမ္းအမွတ္ အခမ္းအနားကို တက္ေရာက္လာၾကတဲ့ ဧည့္သည္ေတာ္မ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏က်န္းမာျခင္းနဲ႕ ျပည့္စုံပါေစ၊ မဂၤလာအေပါင္းနဲ႕ ျပည့္စုံၾကပါေစလို႔ ဦးစြာႏႈတ္ခြန္းဆက္သအပ္ပါတယ္။
အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးနဲ႕ စြမ္းေဆာင္နိုင္မႈေတြကို ဂ႐ုျပဳ အာ႐ုံစိုက္မိလာေစဖို႔နဲ႕ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးေတြကို အေလးထား အေကာင္အထည္ေဖာ္လာေစဖို႔ရည္႐ြယ္ၿပီး အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အထိမ္းအမွတ္အခမ္းအနားမ်ားကို ကမၻာနဲ႕ အဝန္း က်င္းပၾကပါတယ္။ အဲ့ဒီလို က်င္းပနိုင္ဖို႔အတြက္လည္း ကမၻာ့ကုလသမဂၢအဖြဲ႕က ၁၉၉၆ ခုႏွစ္ကစၿပီး ေဆာင္ပုဒ္မ်ားကို ႏွစ္စဥ္ သတ္မွတ္ေပးခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္၊ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕အတြက္ ေဆာင္ပုဒ္ကေတာ့ စဥ္ဆက္မျပတ္ တိုးတက္ဖို႔၊ က်ား၊ မ တန္းတူညီမွ်စို႔ (Gender equality today for a sustainable tomorrow) ျဖစ္ပါတယ္။ ဒီေဆာင္ပုဒ္အရဆိုပါက စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္ၿပီး ပိုမိုခိုင္မာတဲ့ အနာဂတ္ တည္ေဆာက္ေရးမွာ ရာသီဥတုေျပာင္းလဲမႈနဲ႕ လိုက္ေလ်ာညီေထြ ျဖစ္ေစေရး၊ ေလ်ာ့ပါး သက္သာေစေရးနဲ႕ ရင္ဆိုင္တုံ႕ျပန္ေရး လုပ္ငန္းေတြမွာ ဦးေဆာင္ပါဝင္ေဆာင္႐ြက္ေနတဲ့ အမ်ိဳးသမီးမ်ား၊ မိန္းကေလးငယ္မ်ားရဲ႕ အေထာက္အကူျပဳ စြမ္းေဆာင္နိုင္မႈေတြကို အသိအမွတ္ျပဳၾကရမွာ ျဖစ္သလို (၂၁)ရာစု စိန္ေခၚမႈေတြျဖစ္တဲ့ ရာသီဥတုဆိုင္ရာ အက်ပ္ အတည္းေတြ၊ ေဘးအႏၱရာယ္ ျဖစ္ပြားမႈ ေတြကို ေလွ်ာ့ခ်နိဳင္ဖို႔အတြက္ က်ား၊ မ တန္းတူညီမွ်မႈကို ပိုမို ထည့္သြင္းစဥ္းစားဖို႔ လိုအပ္ေၾကာင္းကို ကမၻာ့နိုင္ငံေတြအားလုံးက သတိျပဳမိေစမွာ ျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔အားလုံး စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးမႈပန္းတိုင္ေတြဆီ အေရာက္လွမ္းရာမွာ ကမၻာ့နိုင္ငံေတြ ႀကဳံေတြ႕ရတဲ့ စိန္ေခၚမႈေတြ၊ အဟန႔္ အတားေတြမ်ားစြာထဲက အဓိကက်တဲ့ အဟန႔္အတားေတြ ကေတာ့ ရာသီဥတုေျပာင္းလဲမႈနဲ႕ သဘာဝေဘးအႏၱရာယ္ျဖစ္ပြားမႈတို႔ပဲ ျဖစ္ပါတယ္။ ရာသီဥတု ေျပာင္းလဲမႈဟာ ဇီဝျဖစ္စဥ္မ်ားႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ား (biophysical changes) ကိုသာမက လူမႈေရး သက္ေရာက္မႈေတြကိုလည္း ျဖစ္ေစပါတယ္။
ရာသီဥတုေျပာင္းလဲမႈေၾကာင့္ က်ား၊ မ ေရးရာ၊ အဆင့္အတန္း၊ ေ႐ႊ႕ေျပာင္းမႈအေျခအေန၊ အသက္အ႐ြယ္၊ မသန္စြမ္းမႈစတဲ့ ဝိေသသ လကၡဏာမ်ားအေပၚအေျခခံၿပီး မညီမွ်မႈေတြ၊ အမ်ိဳးမ်ိဳးေသာ ထိခိုက္ လြယ္မႈေတြကို ျဖစ္ေပၚေစပါတယ္။ ရာသီဥတုေျပာင္းလဲမႈဒဏ္ကို အမ်ိဳးသမီးေတြဟာ အမ်ိဳးသားမ်ားထက္ ပိုၿပီး ခံစားၾကရပါတယ္။ အဲ့ဒီလိုခံစားၾကရတဲ့ အေၾကာင္းရင္းကေတာ့ အမ်ိဳးသမီးေတြဟာ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ အမ်ားဆုံး ထိခိုက္မႈျဖစ္ေစတဲ့ သယံဇာတေတြ အေပၚ ပိုမိုမွီခိုေနရၿပီး ဆင္းရဲမႈကိုလည္း ပိုၿပီးခံစားေနရလို႔ပဲ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြဟာ သူတို႔ပါဝင္ ေဆာင္႐ြက္တဲ့ လုပ္ငန္းသဘာဝအရပတ္ဝန္းက်င္နဲ႕ ေဂဟစနစ္မ်ား အေၾကာင္းကို ဗဟုသုတႂကြယ္ဝသူေတြ ျဖစ္ၾကတဲ့အတြက္ ရာသီဥတု ေျပာင္းလဲမႈနဲ႕ လိုက္ေလ်ာညီေထြျဖစ္ေစေရး၊ ေလ်ာ့ပါးသက္သာ ေစေရးနဲ႕ ရင္ဆိုင္တုံ႕ျပန္ေရးလုပ္ငန္းေတြမွာ ဦးေဆာင္ ပါဝင္ ေဆာင္႐ြက္ေပးနိုင္တဲ့ သူေတြအျဖစ္ ျမင္ေတြ႕ၾကရမွာျဖစ္ပါ တယ္။ ဒါ့ေၾကာင့္ ရာသီဥတု ေျပာင္းလဲမႈ ေလ်ာ့ပါးသက္သာေစေရးနဲ႕ တုံ႕ျပန္ေရးႀကိဳးပမ္းမႈေတြမွာ အမ်ိဳးသမီးေတြအေနနဲ႕ အမ်ိဳးသားမ်ားနဲ႕ ရင္ေပါင္တန္းၿပီး အျပည့္အဝနဲ႕ ထိေရာက္စြာ ပါဝင္ေဆာင္႐ြက္ေရးဟာ အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနေၾကာင္း သတိရွိၾကဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။
ဒီလိုအမ်ိဳးသမီးမ်ားရဲ႕ အေရးပါမႈေတြကို ၁၉၉၂ ခုႏွစ္မွာ အတည္ျပဳခဲ့တဲ့ ကုလသမဂၢရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ မူေဘာင္ကြန္ဗင္းရွင္း (United Nations Framework Convention on Climate Change) မွာ အဖြဲ႕ဝင္နိုင္ငံမ်ားအေနျဖင့္ ရာသီဥတုေျပာင္းလဲမႈႏွင့္ က်ား၊ မ တန္းတူ ညီမွ်မႈရရွိေရး ကိစၥရပ္မ်ားကို ကိုင္တြယ္ေျဖရွင္းျခင္း၏ အေရးပါမႈကို အသိအမွတ္ျပဳၿပီး အမ်ိဳးသားမ်ားႏွင့္တန္းတူ အမ်ိဳးသမီးမ်ားကို ကြန္ဗင္းရွင္း အေကာင္အထည္ေဖာ္ေရးဆိုင္ရာ လုပ္ငန္းမ်ားမွာ ပါဝင္ ေဆာင္႐ြက္ေစရမည္လို႔ ျပ႒ာန္းထားတာကို ေတြ႕ၾကရမွာျဖစ္ပါတယ္။
ျမန္မာနိုင္ငံအေနနဲ႕ ကုလသမဂၢ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ မူေဘာင္ကြန္ဗင္းရွင္းကို လက္မွတ္ ေရးထိုး အတည္ျပဳခ်ိန္ကစၿပီး ကြန္ဗင္းရွင္းပါ ျပ႒ာန္းခ်က္ေတြကို အေလးထားအေကာင္ အထည္ေဖာ္လ်က္ရွိပါတယ္။ ျမန္မာနိုင္ငံ အမ်ိဳးသားပတ္ဝန္းက်င္ေရးရာ မူဝါဒ (၂၀၁၉)၊ ျမန္မာနိုင္ငံ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ မဟာဗ်ဴဟာ (၂၀၁၉)နဲ႕ ျမန္မာနိုင္ငံ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ပင္မလုပ္ငန္း အစီအစဥ္(၂၀၁၈-၂၀၃၀) တို႔ကို ျမန္မာနိုင္ငံရဲ႕အေျခအေနနဲ႕ လိုက္ေလ်ာ ညီေထြျဖစ္ေအာင္ ေရးဆြဲထားၿပီး က်ား၊ မ ေရးရာတန္းတူညီမွ်မႈေတြ၊အမ်ိဳးသမီးမ်ားနဲ႕ မိန္းကေလး ငယ္မ်ားရဲ႕အခန္းက႑ကို ျမႇင့္တင္ေရး ကိစၥေတြကို ေပါင္းစပ္ထည့္သြင္းထားေၾကာင္း ေတြ႕ရွိရမွာျဖစ္ပါတယ္။
မဟာဗ်ဴဟာစီမံကိန္းမွာ သဘာဝအရင္းအျမစ္မ်ားအား စီမံခန႔္ခြဲမႈ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္မႈ၊ ရာသီဥတုေျပာင္းလဲမႈ နဲ႕ လိုက္ေလ်ာ ညီေထြျဖစ္ေအာင္ တုံ႕ျပန္ေဆာင္႐ြက္ျခင္းတို႔မွာ အမ်ိဳးသမီးမ်ား အဓိပ္ပါယ် ျပည့္ဝစြာပါဝင္နိုင္တဲ့ စနစ္မ်ား၊ ဖြဲ႕စည္းပုံမ်ားႏွင့္ လုပ္ထုံးလုပ္နည္းမ်ား ပိုမိုအားေကာင္းလာေစေရးကို အဓိက ဦးတည္ေဆာင္႐ြက္နိုင္ဖို႔အတြက္ အမ်ိဳးသမီးမ်ားနဲ႕ သဘာဝပတ္ဝန္းက်င္ကို အဓိကလုပ္ငန္းနယ္ပယ္(၁)ခု အျဖစ္ ထည့္သြင္းၿပီး ေဆာင္႐ြက္ လ်က္ရွိတာကိုလည္း ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ ဒီက႑ေပါင္းစုံပါဝင္တဲ့ မဟာဗ်ဴဟာစီမံကိန္းဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးမ်ားပါ အခန္းက႑ အသီးသီးမွာ အဓိပ္ပါယ်ပြည့်ဝစွာ တန္းတူ ညီမွ်ပါဝင္ေနၿပီး ပိုမိုျပည့္စုံ ေကာင္းမြန္ေသာ လူ႕အဖြဲ႕အစည္းတစ္ရပ္ ဖန္တီးရာမွာ အေရးပါတဲ့ စီမံကိန္းတစ္ခုျဖစ္တယ္လို႔ အျပည့္အဝယုံၾကည္ပါတယ္။
၂၀၂၂ ခုႏွစ္သည္ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံကိန္းရဲ႕ ေနာက္ဆုံးႏွစ္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မဟာဗ်ဴဟာစီမံကိန္း ကာလအတြင္း အဓိကလုပ္ငန္း နယ္ပယ္အလိုက္ အေကာင္အထည္ေဖာ္မႈ ဆိုင္ရာ အားသာခ်က္၊ အားနည္းခ်က္ေတြကို သုံးသပ္မႈမ်ားျပဳလုပ္ၿပီး ေရွ႕လာမဲ့ ကာလေတြ အတြက္လည္း မဟာဗ်ဴဟာစီမံကိန္းအသစ္တစ္ခု ေရးဆြဲေရး အတြက္ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ အဲ့ဒီလို ေဆာင္႐ြက္ရာမွာ ဝန္ႀကီး ဌာန/အဖြဲ႕အစည္းအသီးသီးအေနနဲ႕လည္း မိမိတို႔နဲ႕သက္ဆိုင္တဲ့ က႑ေတြမွာ တက္တက္ႂကြႂကြနဲ႕ ဦးေဆာင္ ပါဝင္ေဆာင္႐ြက္ေပးဖို႔ တိုက္တြန္း မွာၾကားလိုပါတယ္။
ယခုလို မူဝါဒ၊ မဟာဗ်ဴဟာ၊ ပင္မလုပ္ငန္းအစီအစဥ္နဲ႕ စီမံကိန္းေတြမွာ က်ား၊ မ ေရးရာ တန္းတူညီမွ်မႈကို စနစ္တက် ပါဝင္ထည့္သြင္း စဥ္းစား၍ ေရးဆြဲအေကာင္အထည္ေဖာ္မႈေတြဟာ ရာသီဥတုေျပာင္းလဲမႈ ႏွင့္သက္ဆိုင္တဲ့ လုပ္ငန္းေတြမွာ အမ်ိဳးသမီး၊ မိန္းကေလးငယ္ေတြရဲ႕ ဦးေဆာင္ပါဝင္နိုင္မႈ အခန္းက႑ကို ျမႇင့္တင္ေပးနိုင္ဖို႔အတြက္ အေထာက္အကူျပဳေစမဲ့ ပတ္ဝန္းက်င္ေကာင္းေတြကို ဖန္တီးေပးျခင္းျဖစ္ၿပီး ၂၀၃၀ ျပည့္ႏွစ္မွာ ရာသီဥတုေျပာင္းလဲမႈဒဏ္ကို ခံနိုင္ရည္ရွိၿပီး က်န္းမာ ေပ်ာ္႐ႊင္တဲ့ လူ႕အဖြဲ႕အစည္းတစ္ရပ္ကို အားလုံးပူးေပါင္းပါဝင္ေဆာင္႐ြက္သည့္နည္းျဖင့္ ေဖာ္ေဆာင္ေရးအတြက္လည္း မ်ားစြာအေထာက္အကူျပဳမွာ ျဖစ္ပါတယ္။
ျမန္မာနိုင္ငံက ၁၉၉၇ ခုႏွစ္မွာ အတည္ျပဳလက္မွတ္ေရးထိုးခဲ့တဲ့ အမ်ိဳးသမီးမ်ားအေပၚ နည္းမ်ိဳးစုံျဖင့္ ခြဲျခားမႈ ပေပ်ာက္ေရးဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္းမွာ နိုင္ငံတစ္နိုင္ငံရဲ႕ ၿပီးျပည့္စုံေသာ ဖြံ႕ၿဖိဳး တိုးတက္မႈ၊ ကမၻာႀကီးတစ္ခုလုံး သာယာဝေျပာေရးႏွင့္ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ေပးတဲ့ အေၾကာင္းတရားတို႔ကို ရရွိဖို႔အတြက္ နယ္ပယ္ အားလုံးမွာ အမ်ိဳးသားမ်ားႏွင့္တန္းတူ အမ်ိဳးသမီးမ်ား၏ ပါဝင္မႈကို တိုးျမႇင့္နိုင္သေလာက္ တိုးျမႇင့္ေပးဖို႔ လိုအပ္ေၾကာင္း ျပ႒ာန္းထားပါတယ္။
ဒီျပ႒ာန္းခ်က္ေတြကို အေလးအနက္ထားတဲ့အေနနဲ႕ မိမိတို႔နိုင္ငံ အေနနဲ႕လည္း အမ်ိဳးသမီးက႑ကို က်ယ္က်ယ္ျပန့္ျပန့္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ စီးပြားေရးနဲ႕ လူမႈေရးနယ္ပယ္ေတြမွာသာမက နိုင္ငံေရးနဲ႕ အုပ္ခ်ဳပ္ေရးနယ္ပယ္မ်ားအထိ အမ်ိဳးသားမ်ားနဲ႕ရင္ေပါင္တန္းကာ ပါဝင္ခြင့္ ရရွိေရးကို အေလးအနက္ထား လုပ္ေဆာင္လ်က္ရွိတာေတြကိုလည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ သိသာထင္ရွားတဲ့ တိုးတက္မႈေတြကိုလည္း ရရွိေနပါတယ္။ ရရွိၿပီးတဲ့ တိုးတက္မႈမ်ားကို အရွိန္ရေစဖို႔၊ အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြအေနနဲ႕ အစဥ္အလာအရ ေတြ႕ႀကဳံေနရတဲ့ အခက္အခဲ အတားအဆီးေတြ၊ (၂၁) ရာစုမွာ ေတြ႕ႀကဳံရတဲ့ စိန္ေခၚမႈေတြကို ေက်ာ္လႊား နိုင္ဖို႔အတြက္ လိုအပ္ေနတဲ့ မူဝါဒ၊ လုပ္ထုံးလုပ္နည္း၊ ဥပေဒအသစ္ေတြ ေရးဆြဲဖို႔လိုအပ္သလို ရွိေနၿပီးသည္မ်ားကိုလည္း လက္ရွိအေျခအေနႏွင့္ ကိုက္ညီေအာင္ ျပင္ဆင္မႈေတြကိုလည္း ေဆာင္႐ြက္သြားၾကဖို႔ တိုက္တြန္း ေျပာၾကားလိုပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႕ ေျပာၾကားလိုတာကေတာ့ ျမန္မာနိုင္ငံလူဦးေရရဲ႕ ထက္ဝက္ေက်ာ္ကို ကိုယ္စားျပဳတဲ့ အမ်ိဳးသမီးမ်ားဟာ ဒီမိုကေရစီနဲ႕ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ေရးမွာ အေရးပါတဲ့ အင္အားစုတစ္ရပ္ျဖစ္ၿပီး နိုင္ငံအတြက္ အလြန္အဖိုးတန္တဲ့ လူသားအရင္းအျမစ္ေတြ ျဖစ္ၾကပါတယ္။ ဒီလို အဖိုးတန္တဲ့ လူသား အရင္းအျမစ္ေတြကို ရာသီဥတုေျပာင္းလဲမႈနဲ႕ လိုက္ေလ်ာညီေထြျဖစ္ေစေရးနဲ႕ ေလ်ာ့ပါးသက္သာေစေရး လုပ္ငန္း အပါအဝင္ က႑စုံမွာ အမ်ိဳးသမီးမ်ားနဲ႕ မိန္းကေလးငယ္တို႔ရဲ႕ စြမ္းရည္ကို ထိထိေရာက္ေရာက္ အသုံးခ်ေပးဖို႔နဲ႕ ထိုသို႔ အသုံးခ်နိဳင္ဖို႔အတြက္လည္း အမ်ိဳးသမီးမ်ားနဲ႕ မိန္းကေလးငယ္ေတြရဲ႕ စြမ္းေဆာင္ရည္ကို ပိုမိုျမႇင့္တင္ေပးနိုင္ဖို႔ ဆက္လက္ ႀကိဳးပမ္းေဆာင္႐ြက္ေပးပါလို႔ တိုက္တြန္းေျပာၾကားရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။
အားလုံးကိုေက်းဇူးတင္ပါတယ္။
Recent Comments