နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေဧကပေါင်း ၃၀၀၀ ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက် တင်ဒါအောင်မြင်ငွေကျပ် ၃၇ ဒသမ ၆ သန်း အသုံးပြုပြီး သက်ရင်းတောကျေးရွာ၌ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
လမ်း၏ပေအရှည်မှာ ၉၉၀၀ ပေရှိပြီး အကျယ် ၁၂ ပေ၊ ၉ လက်မထု၌ မြေနီကျောက်စရစ်ခင်းထားခြင်းဖြစ်ကာ လုပ်ငန်းကို သိင်္ဃဟရေနံသာ ကုမ္ပဏီမှ တာဝန်ယူ၍ ဒီဇင်ဘာ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သဖြင့် အဆိုပါကျေးရွာရှိ စိုက်ပျိုးဧက ၃၀၀၀ ကျော်မှ ထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေးဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“နတ္ေမာက္ၿမိဳ႕နယ္အတြင္းရွိ လယ္ယာေျမဧကေပါင္း ၃၀၀၀ ေက်ာ္ကို အက်ိဳးျပဳမည့္ ေက်းလက္ကုန္ထုတ္လမ္းေဖာက္လုပ္မႈ ရာႏႈန္းျပည့္ၿပီးစီး”
နတ္ေမာက္ၿမိဳ႕နယ္အတြင္းရွိ လယ္ယာေျမဧကေပါင္း ၃၀၀၀ ေက်ာ္ကို အက်ိဳးျပဳမည့္ ေက်းလက္ကုန္ထုတ္လမ္းေဖာက္လုပ္မႈ ရာႏႈန္းျပည့္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း နတ္ေမာက္ၿမိဳ႕နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။
အဆိုပါ ေက်းလက္ကုန္ထုတ္လမ္းကို သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ မေကြးတိုင္းေဒသႀကီး၊ မေကြးခရိုင္၊ နတ္ေမာက္ၿမိဳ႕နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုဘ႑ာႏွစ္ (၆)လဘတ္ဂ်က္ တင္ဒါေအာင္ျမင္ေငြက်ပ္ ၃၇ ဒသမ ၆ သန္း အသုံးျပဳၿပီး သက္ရင္းေတာေက်း႐ြာ၌ ေဖာက္လုပ္ခဲ့ျခင္းျဖစ္သည္။
လမ္း၏ေပအရွည္မွာ ၉၉၀၀ ေပရွိၿပီး အက်ယ္ ၁၂ ေပ၊ ၉ လက္မထု၌ ေျမနီေက်ာက္စရစ္ခင္းထားျခင္းျဖစ္ကာ လုပ္ငန္းကို သိဃၤဟေရနံသာ ကုမၸဏီမွ တာဝန္ယူ၍ ဒီဇင္ဘာ ပထမပတ္မွ စတင္ေဆာင္႐ြက္ခဲ့ရာ ယခုအခါ လုပ္ငန္းမွာ ရာႏႈန္းျပည့္ ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္သျဖင့္ အဆိုပါေက်း႐ြာရွိ စိုက္ပ်ိဳးဧက ၃၀၀၀ ေက်ာ္မွ ထြက္ရွိေသာ လယ္ယာထြက္ကုန္သီးႏွံမ်ား ရာသီမေ႐ြးေဈးကြက္သို႔ လြယ္ကူလ်င္ျမန္စြာ သယ္ယူပို႔ေဆာင္နိုင္မည္ျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments