ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး “မစ္စတာ ဆာဟဲလ်မူစတာဖာ အာမက် အာဂျီစပ်” ၏နေရာတွင် အစားထိုးခန့်အပ်မည့် “မစ္စတာ ဆာအု(ဒ်) ဘင်အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်” ကိုခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကထံ တင်ပြထားရှိခဲ့ရာ ယခုအခါ သဘောတူညီပြီးဖြစ်သဖြင့် ယနေ့ (မတ်လ ၁၇ ရက်) တွင် အဆိုပါ သံအမတ်ကြီးအသစ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ၎င်း၏သံအမတ်ကြီးခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အသစ်ခန့်အပ်သည့် မစ္စတာ “ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်”သည် ၁၉၉၃ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင် ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ ဆော်ဒီအာရေဗျသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ သံတမန်ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၃ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနှင့် ကိုယ်စားလှယ် အဆိုပြုရေးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကုလသမဂ္ဂဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ပေါ်ပြူလာသတင်းက ဖော်ပြထားသည်။
ထို့အပြင် ၂၀၁၈ ခုနှစ်တွင် အထူးကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး ၂၀၁၉ ခုနှစ် မှစတင်၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်ကြောင်း သိရသည်။
(Zawgyi)
“နစကဥကၠ႒ထံ ျမန္မာနိုင္ငံဆိုင္ရာေဆာ္ဒီအာေရဗ်နိဳင္ငံသံအမတ္ႀကီး သံအမတ္ခန႔္အပ္လႊာေပးအပ္”
ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ဆိုင္ရာ အထူးအာဏာကုန္ လႊဲအပ္ျခင္းခံရေသာ ေဆာ္ဒီအာေရဗ်နိဳင္ငံသံအမတ္ႀကီး “မစၥတာ ဆာဟဲလ္မူစတာဖာ အာမက္ အာဂ်ီစပ္” ၏ေနရာတြင္ အစားထိုးခန့္အပ္မည့္ “မစၥတာ ဆာအု(ဒ္) ဘင္အဗၺဒူ(လ္)လာ အယ္လ္စုဘိုင္” ကိုခန႔္အပ္ရန္ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္အစိုးရကထံ တင္ျပထားရွိခဲ့ရာ ယခုအခါ သေဘာတူညီၿပီးျဖစ္သျဖင့္ ယေန႕ (မတ္လ ၁၇ ရက္) တြင္ အဆိုပါ သံအမတ္ႀကီးအသစ္က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ႏွင့္ေတြ႕ဆုံၿပီး ၎၏သံအမတ္ႀကီးခန႔္အပ္လႊာကို ေပးအပ္ခဲ့ေၾကာင္း သိရသည္။
အသစ္ခန့္အပ္သည့္ မစၥတာ “ဆာအု(ဒ္) ဘင္ အဗၺဒူ(လ္)လာ အယ္လ္စုဘိုင္”သည္ ၁၉၉၃ ခုႏွစ္တြင္ ေဆာ္ဒီအာေရဗ်နိဳင္ငံ၊ နိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ စတင္ ဝင္ေရာက္ခဲ့ၿပီး နိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ျပည္ပရွိ ေဆာ္ဒီအာေရဗ်သံ႐ုံး၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ား၌ သံတမန္ရာထူးအဆင့္ဆင့္ျဖင့္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ကာ ၂၀၁၃ ခုႏွစ္တြင္ ေဆာ္ဒီအာေရဗ်နိဳင္ငံ၊ နိုင္ငံျခားေရးဝန္ႀကီးဌာန၊ ကုလသမဂၢအေထြေထြညီလာခံ၊ လုံၿခဳံေရးေကာင္စီႏွင့္ ကိုယ္စားလွယ္ အဆိုျပဳေရးဌာနတြင္ လက္ေထာက္ၫႊန္ၾကားေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သလို ၂၀၁၇ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ ကုလသမဂၢဌာနတြင္ ၫႊန္ၾကားေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း ေပၚျပဴလာသတင္းက ေဖာ္ျပထားသည္။
ထို႔အျပင္ ၂၀၁၈ ခုႏွစ္တြင္ အထူးကိစၥရပ္မ်ားဆိုင္ရာ ၫႊန္ၾကားေရးမႉးခ်ဳပ္အျဖစ္ ရာထူးတိုးျမႇင့္ျခင္းခံခဲ့ရၿပီး ၂၀၁၉ ခုႏွစ္ မွစတင္၍ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းမ်ားဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိသူျဖစ္ေၾကာင္း သိရသည္။
Recent Comments