(၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၂ ဦး နှင့် တတိယအဆင့် ၃ ဦး၊ စုစုပေါင်း ၅ ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ယမန်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ဂါရဝပြု တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီးတို့က လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦးချင်း မေးမြန်းအားပေးစကားပြောကြားပြီး အားဖြည့်ငှက်သိုက် များနှင့် ဂါရဝပြုချီးမြှင့်ငွေများကို ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြု ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့သည် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များနှင့် အတူ လက်ဘက်ရည်နှင့် စားသောက်ဖွယ်ရာများအား အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi)

“ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး (၇၇)ႏွစ္ေျမာက္တပ္မေတာ္ေန႕ အခမ္းအနားသို႔ တက္ေရာက္ၾကသည့္ လြတ္လပ္ေရးေမာ္ကြန္းဝင္ပုဂၢိုလ္မ်ားအား ဂါရဝျပဳေတြ႕ဆုံ”

(၇၇)ႏွစ္ေျမာက္ တပ္မေတာ္ေန႕စစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္ခဲ့ ၾကသည့္ လြတ္လပ္ေရးေမာ္ကြန္းဝင္ပုဂၢိုလ္ ဒုတိယအဆင့္ ၂ ဦး ႏွင့္ တတိယအဆင့္ ၃ ဦး၊ စုစုေပါင္း ၅ ဦးတို႔အား နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္တို႔က ယမန္ေန႕ ေန႕လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ဘက္ရည္ဝိုင္းျဖင့္ တည္ခင္းဧည့္ခံ၍ဂါရဝျပဳ ေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံစဥ္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ ဇနီးတို႔က လြတ္လပ္ေရးေမာ္ကြန္းဝင္ ပုဂၢိုလ္မ်ား၏ က်န္းမာေရးအေျခအေနမ်ားအား တစ္ဦးခ်င္း ေမးျမန္းအားေပးစကားေျပာၾကားၿပီး အားျဖည့္ငွက္သိုက္ မ်ားႏွင့္ ဂါရဝျပဳခ်ီးျမႇင့္ေငြမ်ားကို ကိုယ္တိုင္ကိုယ္က် ဂါရဝျပဳ ေပးအပ္ၾကသည္။

ယင္းေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ဇနီးတို႔သည္ လြတ္လပ္ေရးေမာ္ကြန္းဝင္ ပုဂၢိုလ္မ်ားႏွင့္ အတူ လက္ဘက္ရည္ႏွင့္ စားေသာက္ဖြယ္ရာမ်ားအား အတူတကြသုံးေဆာင္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။