စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲရင်းမြို့၌ မတ်လ ၂၇ ရက် နံနက် ၇ နာရီကျော်အချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအပေါ် အမြင့်ပေ ၄၀၀ ခန့်သို့ ပျံဝဲရောက်ရှိလာသည့် Drone ၁ စီးကို အဆိုပါရုံး၌ အခြေပြုလျှက်ရှိသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့မှ Anti- Drone Gun ဖြင့် Return to Home ပေး၍ရှင်းလင်းခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ Drone မှာ ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်၊ ရွေဇာလီဘုရားအနီးရှိ ကျုံးရေကန်အတွင်းသို့ ပျက်ကျသွားခဲ့သဖြင့် လိုက်လံဆယ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ၌ ၎င်း Drone ၏ ကိုယ်ထည်ပေါ်တွင် Kanaung Squad Depyin DPF ဟူသောစာတန်းပါ ဂျာမနီနိုင်ငံထုတ် PHANTOM 4 အမျိုးအစား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄၀) ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး Drone တွင်တပ်ဆင်ထားသော လက်လုပ်မိုင်းမှာ ရေကန်အတွင်း နှစ်မြုတ်ပျောက်ဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာရှိ စီမံအုပ်ချုပ်ရေးရုံးအပေါ်သို့ တိုက်ခိုက်ရန် ပျံဝဲလာသော Drone ၃ စီးကို ရဲအုပ်ကိုကိုဇော်ဦးစီးအဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ရာ Drone ၂ စီးမှာ အမြင့်ပေ ၂၅၀ ခန့်တွင် ပေါက်ကွဲပျက်စီးသွားခဲ့ပြီး ကျန်တစ်စီးဖြစ်သည့် MAVIC AIR- 2 (ခဲရောင်)အမျိုးအစား Drone မှာ ကုက္ကိုပင်ပေါ်တွင် ချိတ်ငြိ၍ ၎င်းတွင်တပ်ဆင်ထားသော လက်လုပ်ဗုံးမှာ အောက်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပြီး ဖြစ်စဥ်အတွင်း လူနှင့် အဆောက်အဦး ထိခိုက်မှုမရှိကြောင်း သိရသည်။
#mhtnews
==============================
(Zawgyi)
“ဒီပဲယင္းၿမိဳ႕နယ္ႏွင့္ အရာေတာ္ၿမိဳ႕နယ္တို႔၌ တိုက္ခိုက္ရန္ ပ်ံဝဲလာသည့္ PDF အၾကမ္းဖက္အုပ္စုမ်ား၏ စုစုေပါင္း Drone (၄) စီးကို လုံၿခဳံေရးတပ္ဖြဲ႕မွ ပစ္ခတ္ရွင္းလင္း”
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဒီပဲရင္းၿမိဳ႕၌ မတ္လ ၂၇ ရက္ နံနက္ ၇ နာရီေက်ာ္အခ်ိန္ခန့္တြင္ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕႐ုံးအေပၚ အျမင့္ေပ ၄၀၀ ခန့္သို႔ ပ်ံဝဲေရာက္ရွိလာသည့္ Drone ၁ စီးကို အဆိုပါ႐ုံး၌ အေျချပဳလွ်က္ရွိေသာ လုံၿခဳံေရးပူးေပါင္းတပ္ဖြဲ႕မွ Anti- Drone Gun ျဖင့္ Return to Home ေပး၍ရွင္းလင္းျခင္း၊ ေသနတ္ျဖင့္ ပစ္ခတ္ရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ အဆိုပါ Drone မွာ ဒီပဲယင္းၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္၊ ေ႐ြဇာလီဘုရားအနီးရွိ က်ဳံးေရကန္အတြင္းသို႔ ပ်က္က်သြားခဲ့သျဖင့္ လိုက္လံဆယ္ယူစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးရာ၌ ၎ Drone ၏ ကိုယ္ထည္ေပၚတြင္ Kanaung Squad Depyin DPF ဟူေသာစာတန္းပါ ဂ်ာမနီနိုင္ငံထုတ္ PHANTOM 4 အမ်ိဳးအစား (ခန့္မွန္းတန္ဖိုးေငြက်ပ္ သိန္း ၄၀) ခန့္ကို သိမ္းဆည္းရမိခဲ့ၿပီး Drone တြင္တပ္ဆင္ထားေသာ လက္လုပ္မိုင္းမွာ ေရကန္အတြင္း ႏွစ္ျမဳတ္ေပ်ာက္ဆုံးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ထံမွ သိရသည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီး အရာေတာ္ၿမိဳ႕နယ္၊ ေနာင္ႀကီးအိုင္ေက်း႐ြာရွိ စီမံအုပ္ခ်ဳပ္ေရး႐ုံးအေပၚသို႔ တိုက္ခိုက္ရန္ ပ်ံဝဲလာေသာ Drone ၃ စီးကို ရဲအုပ္ကိုကိုေဇာ္ဦးစီးအဖြဲ႕မွ ေသနတ္ျဖင့္ပစ္ခတ္ရွင္းလင္းခဲ့ရာ Drone ၂ စီးမွာ အျမင့္ေပ ၂၅၀ ခန့္တြင္ ေပါက္ကြဲပ်က္စီးသြားခဲ့ၿပီး က်န္တစ္စီးျဖစ္သည့္ MAVIC AIR- 2 (ခဲေရာင္)အမ်ိဳးအစား Drone မွာ ကုကၠိုပင္ေပၚတြင္ ခ်ိတ္ၿငိ၍ ၎တြင္တပ္ဆင္ထားေသာ လက္လုပ္ဗုံးမွာ ေအာက္သို႔က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရၿပီး ျဖစ္စဥ္အတြင္း လူႏွင့္ အေဆာက္အဦး ထိခိုက္မႈမရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments