ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များနေ ကောင်းကောင်း(ခ) ကောင်းမြတ်(ခ) စောကောင်းမြတ်(ခ) ဖြိုးမောင်မောင်(ဘ)ဦးရဲမြင့်၊ ဖြိုးကျော်ဇင် (ခ)ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုး၊ ရဲလင်းစိုး(ခ)ကိုလင်း(ဘ)ဦးလှအုန်း၊ ရဲနိုင်(ခ) ကိုရဲ(ဘ) ဦးသန်းဇော်ဦး၊ လင်းလင်းထက်(ခ)ထက်ကြီး(ဘ)ဦးကျော်ဆွေ၊ ပြည့်ဖြိုးသူ (ခ) လူကာ(ဘ)ဦးပြည့်စုံဝင်း၊ ဇော်မင်းထွန်း(ခ)ကိုဇော်(ဘ)ဦးချစ်စိန်နှင့် ဇော်ကိုကို (ဘ)ဦးတင်ဝင်းတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သောင်ကြီးနယ်မြေ ရဲစခန်းအား ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူများသွားလာလျက်ရှိသည့်နေရာများ၊ လုံခြုံရေးစခန်းများ၊ နိုင်ငံပိုင်အဆောက်အဦများအား ဗုံးထောင်ဖောက်ခွဲခြင်းနှင့် လက်လုပ်မိုင်းများပြုလုပ်ခြင်း တို့ကြောင့်လည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ နိုင်အောင်(ခ)snake (ဘ)ဦးဘိုဟန်၊ မင်းမြတ်အောင် (ခ)ဖြူဖွေး(ဘ)ဦးဆံထွန်းဝင်း နှင့်

ညိမ်းမြတ်သူ(ခ) ကိုညိမ်း(ဘ) ဦးမြင့်သူတို့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ အေ(၁၆)လမ်း ထိပ်နှင့် (၁၄)လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတို့အား လက်လုပ်ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အမှတ်(၂၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်၊ ခဲယမ်းများသိုဝှက်သိမ်းဆည်းခြင်း၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့နယ်မြေ အတွင်း၌ သင်တန်းတက်ရောက်ခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် အားပေး ကူညီခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀ (က)နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်တွင် ၎င်းတို့ (၁၁) ဦးအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အလားတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကောင်းကောင်း(ခ) ကောင်းမြတ် (ခ) စောကောင်းမြတ် (ခ)ဖြိုးမောင်မောင် (ဘ)ဦးရဲမြင့်၊ ရဲနိုင်(ခ)ကိုရဲ (ဘ)ဦးသန်းဇော်ဦးနှင့် ဖြိုးကျော်ဇင်(ခ)ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုးတို့သည် အမှတ်(၁၀)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်နေ ဇော်လင်းထွန်း (ခ)ဇွဲကို(ခ)ဒီမွန်(ဘ) ဦးကျော်လွင်၊ မြဌေးကို၊ အောင်ကောင်းခန့်၊ မဆောင်းလေပြေ (ခ)ဇူးဇူး(ဘ) ဦးဆန်းနိုင်ဦးတို့သည် အပြစ်မဲ့ပြည်သူများအား သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမတစ်ဦးအား ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခြင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၂(၁) (ခ) အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်တွင် ၎င်းတို့အသီးသီးအား “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#mhtnews\

(Zawgyi)

“ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ (၂) အ.ထ.က ေက်ာင္းမွ အထက္တန္းျပဆရာမတစ္ဦးကို လုပ္ႀကံသတ္ျဖတ္ခဲ့မႈအပါအဝင္ အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ခဲ့ၾကသည့္ တရားခံ ၁၈ ဦးတို႔ကို “ေသဒဏ္အမိန့္” ႏွင့္ “ေထာင္ဒဏ္တစ္သက္” အမိန့္မ်ား အသီးသီးခ်မွတ္”

ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ လွိုင္သာယာ (အေရွ႕ပိုင္း)ၿမိဳ႕နယ္ႏွင့္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မ်ားေန ေကာင္းေကာင္း(ခ) ေကာင္းျမတ္(ခ) ေစာေကာင္းျမတ္(ခ) ၿဖိဳးေမာင္ေမာင္(ဘ)ဦးရဲျမင့္၊ ၿဖိဳးေက်ာ္ဇင္ (ခ)ကိုၿဖိဳး(ဘ)ဦးေအာင္ေက်ာ္စိုး၊ ရဲလင္းစိုး(ခ)ကိုလင္း(ဘ)ဦးလွအုန္း၊ ရဲနိုင္(ခ) ကိုရဲ(ဘ) ဦးသန္းေဇာ္ဦး၊ လင္းလင္းထက္(ခ)ထက္ႀကီး(ဘ)ဦးေက်ာ္ေဆြ၊ ျပည့္ၿဖိဳးသူ (ခ) လူကာ(ဘ)ဦးျပည့္စုံဝင္း၊ ေဇာ္မင္းထြန္း(ခ)ကိုေဇာ္(ဘ)ဦးခ်စ္စိန္ႏွင့္ ေဇာ္ကိုကို (ဘ)ဦးတင္ဝင္းတို႔သည္ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္ရွိ ေသာင္ႀကီးနယ္ေျမ ရဲစခန္းအား ဗုံးပစ္ေလာင္ခ်ာျဖင့္ပစ္ခတ္တိုက္ခိုက္ျခင္း၊ အမ်ားျပည္သူမ်ားသြားလာလ်က္ရွိသည့္ေနရာမ်ား၊ လုံၿခဳံေရးစခန္းမ်ား၊ နိုင္ငံပိုင္အေဆာက္အဦမ်ားအား ဗုံးေထာင္ေဖာက္ခြဲျခင္းႏွင့္ လက္လုပ္မိုင္းမ်ားျပဳလုပ္ျခင္း တို႔ေၾကာင့္လည္းေကာင္း၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ေန နိုင္ေအာင္(ခ)snake (ဘ)ဦးဘိုဟန္၊ မင္းျမတ္ေအာင္ (ခ)ျဖဴေဖြး(ဘ)ဦးဆံထြန္းဝင္း ႏွင့္

ညိမ္းျမတ္သူ(ခ) ကိုညိမ္း(ဘ) ဦးျမင့္သူတို႔သည္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၄)ရပ္ကြက္၊ ေအ(၁၆)လမ္း ထိပ္ႏွင့္ (၁၄)လမ္းရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔အား လက္လုပ္ခ်ိန္ကိုက္ မိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ျခင္း၊ အမွတ္(၂၂)ရပ္ကြက္ရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕အား ေသနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ လက္နက္၊ ခဲယမ္းမ်ားသိုဝွက္သိမ္းဆည္းျခင္း၊ တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕နယ္ေျမ အတြင္း၌ သင္တန္းတက္ေရာက္ျခင္းႏွင့္ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားတြင္ အားေပး ကူညီျခင္း၊ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဗဟိုအဖြဲ႕၏ အမိန႔္ေၾကာ္ျငာစာအမွတ္(၂/၂၀၂၁)ျဖင့္ အၾကမ္းဖက္ အုပ္စုမ်ားအျဖစ္ သတ္မွတ္ေၾကညာထားသည့္ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ျခင္းေၾကာင့္ လည္းေကာင္း စစ္အုပ္ခ်ဳပ္ေရး(Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဉပေဒပုဒ္မ ၅၀ (က)ႏွင့္ ၅၀(ဈ)တို႔အရ ၂၀၂၂ ခုႏွစ္၊ မတ္ ၁၇ ရက္တြင္ ၎တို႔ (၁၁) ဦးအား ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္ကို အသီးသီး အမိန႔္ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။

အလားတူ ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာ ၁၇ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္ေန ေကာင္းေကာင္း(ခ) ေကာင္းျမတ္ (ခ) ေစာေကာင္းျမတ္ (ခ)ၿဖိဳးေမာင္ေမာင္ (ဘ)ဦးရဲျမင့္၊ ရဲနိုင္(ခ)ကိုရဲ (ဘ)ဦးသန္းေဇာ္ဦးႏွင့္ ၿဖိဳးေက်ာ္ဇင္(ခ)ကိုၿဖိဳး(ဘ)ဦးေအာင္ေက်ာ္စိုးတို႔သည္ အမွတ္(၁၀)ရပ္ကြက္ေန ရာအိမ္မႉးတစ္ဦးအား ေသနတ္ျဖင့္ ဝိုင္းဝန္းလုပ္ႀကံ သတ္ျဖတ္ခဲ့ျခင္းေၾကာင့္ လည္းေကာင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေန ေဇာ္လင္းထြန္း (ခ)ဇြဲကို(ခ)ဒီမြန္(ဘ) ဦးေက်ာ္လြင္၊ ျမေဌးကို၊ ေအာင္ေကာင္းခန႔္၊ မေဆာင္းေလေျပ (ခ)ဇူးဇူး(ဘ) ဦးဆန္းနိုင္ဦးတို႔သည္ အျပစ္မဲ့ျပည္သူမ်ားအား ေသနတ္ျဖင့္ပစ္ခတ္ သတ္ျဖတ္ျခင္း၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္းမွ အထက္တန္းျပဆရာမတစ္ဦးအား ဝိုင္းဝန္းလုပ္ႀကံသတ္ျဖတ္ျခင္းႏွင့္ ျပည္ေထာင္စု သမၼတျမန္မာနိုင္ငံေတာ္၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဗဟိုအဖြဲ႕၏ အမိန႔္ေၾကာ္ျငာ စာအမွတ္(၂/၂၀၂၁)ျဖင့္ အၾကမ္းဖက္အုပ္စုမ်ားအျဖစ္ သတ္မွတ္ေၾကညာထားသည့္ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ျခင္းေၾကာင့္လည္းေကာင္း စစ္အုပ္ခ်ဳပ္ေရး(Martial Law)စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ရာဇသတ္ႀကီးဉပေဒပုဒ္မ ၃၀၂(၁) (ခ) အရ ၂၀၂၂ ခုႏွစ္၊ မတ္ ၁၇ ရက္တြင္ ၎တို႔အသီးသီးအား ေသဒဏ္ အမိန႔္ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။

အဆိုပါျပစ္ဒဏ္ခ်မွတ္ခံရသူမ်ားအနက္မွ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ား အား၎ႏွင့္စပ္လ်ဥ္း၍ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၈၇၊ ၈၈ အရဖမ္းဝရမ္းထုတ္ဆင့္ရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္းသိရွိရသည္။

စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားအတြင္း စစ္ ခုံ႐ုံးျဖင့္ စစ္ေဆးမည့္ျပစ္မႈဆိုင္ရာ ၂၃ မ်ိဳးကိုလည္းပူးတြဲထုတ္ျပန္ထားေၾကာင္းႏွင့္ အဆိုပါျပစ္မႈမ်ားကိုေဖာက္ဖ်က္က်ဴးလြန္ပါကစစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ ကာထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

#mhtnews