ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် ၂၀၂၂ ခုနှစ် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူကြမည့် ဆရာတော်ကြီးများ၊ ဒေသခံဩဝါဒါစရိယ ဆရာတော် ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များတက်ရောက် ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြ ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရတနတ္တယ ပူဇာဂါထာတော်နှင့် မေတ္တာ ပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများပူဇော်ကြသည်။
ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန္နက်တော်စိုက်ထူပူဇော်သည့် ရှေးထုံးစဉ်လာကျမ်းဂန်တော်လာ အစဉ်အလာမြတ်များနှင့်အညီ ကျောက်စာရုံစေတီ ဗဟိုပန္နက်တော်ဋ္ဌာနတွင် နေရာယူကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကျောက်စာရုံစေတီ ဗဟိုပန္နက်တော်ဋ္ဌာနတွင် ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ် နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
၎င်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး နှင့် ဦးရွှေကြိမ်း တို့က ကျောက်စာရုံစေတီပန္နက်တော်ဋ္ဌာနရှိ သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူပြီး ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ကြသည်။
ဆက်လက်ပြီး သာသနာ့ဗိမာန်တော်ရတနာပန္နက်တော်ဌာနတွင် အသီးသီး နေရာယူကြပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော် သည်။ ထို့နောက် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့က သာသနာ့ ဗိမာန်တော် ပန္နက်တော်ဋ္ဌာနရှိသတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူပြီး ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
အဆိုပါ ကျောက်စာရုံစေတီများတည်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး ဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာ တင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် ကျောက်စာရုံ သည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိမည်ဖြစ်ပြီး အခြား ကျောက်စာရုံ များအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ကြောင်း၊ ယခု ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာ များကို ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ် ကပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ရာတွင် ကျောက်စာတိုက်များ အတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကိုပါ တစ်ပါတည်း ကြည်ညိုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး စိစစ်ဆောင်ရွက်ရာတွင် ပိဋကတ် သုံးပုံပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်းနှင့် သာသနာ့ ဗိမာန်တော်ကြီးကိုလည်း မြန်မာမှု လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(Zawgyi)
“ဒကၡိဏသီရိၿမိဳ႕နယ္၊ မာရဝိဇယဗုဒၶဥယ်ာဥ္ေတာ္အတြင္း တည္ေဆာက္ပူေဇာ္မည့္ ေက်ာက္စာ႐ုံေစတီမ်ားႏွင့္ သာသနာ့ဗိမာန္ေတာ္ ရတနာပႏၷက္ေတာ္တင္ မဟာမဂၤလာ အခမ္းအနားက်င္းပ”
ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ မာရဝိဇယ ဗုဒၶ ဥယ်ာဥ္ေတာ္အတြင္း၌ တည္ေဆာက္ပူေဇာ္မည့္ ေက်ာက္စာ႐ုံေစတီမ်ားႏွင့္ သာသနာ့ ဗိမာန္ေတာ္ ရတနာပႏၷက္ေတာ္တင္ မဟာမဂၤလာအခမ္းအနားကို ယမန္ေန႕နံနက္ပိုင္း တြင္ က်င္းပျပဳလုပ္သည္။
အခမ္းအနားသို႔ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၱ ကုမာရာဘိဝံသ အမႉးျပဳသည့္ ၂၀၂၂ ခုႏွစ္ အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ခံယူေတာ္မူၾကမည့္ ဆရာေတာ္ႀကီးမ်ား၊ ေဒသခံဩဝါဒါစရိယ ဆရာေတာ္ ႀကီးမ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယ ဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္ မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္မ်ား၊ ဝတ္အသင္းအဖြဲ႕မ်ားတက္ေရာက္ ၾကည္ညိုၾကသည္။
ဦးစြာ အခမ္းအနားကို နေမာတႆသုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ဆရာေတာ္ႀကီးမ်ားက ေမတၱသုတ္ပရိတ္တရားေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾက ၾကသည္။ ထို႔ေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ရတနတၱယ ပူဇာဂါထာေတာ္ႏွင့္ ေမတၱာ ပို႔လကၤာႏွစ္ပိုဒ္ကို သံၿပိဳင္ညီညာ သုံးႀကိမ္႐ြတ္ဆိုပြားမ်ားပူေဇာ္ၾကသည္။
ယင္းေနာက္ ဦးေဆာင္ဘုရားဒါယကာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပႏၷက္ေတာ္စိုက္ထူပူေဇာ္သည့္ ေရွးထုံးစဥ္လာက်မ္းဂန္ေတာ္လာ အစဥ္အလာျမတ္မ်ားႏွင့္အညီ ေက်ာက္စာ႐ုံေစတီ ဗဟိုပႏၷက္ေတာ္႒ာနတြင္ ေနရာယူၾကသည္။ ထို႔ေနာက္ မဂၤလာအခ်ိန္တြင္ ဦးေဆာင္ ဘုရားဒါယကာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က ေက်ာက္စာ႐ုံေစတီ ဗဟိုပႏၷက္ေတာ္႒ာနတြင္ ရတနာပႏၷက္ေတာ္ကို စိုက္ထူ၍ ပရိတ္ နံ႕သာရည္မ်ား ပက္ဖ်န္းပူေဇာ္သည္။
၎ေနာက္ ေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ မန္းၿငိမ္းေမာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေဒါက္တာ ဗညားေအာင္မိုး ႏွင့္ ဦးေ႐ႊႀကိမ္း တို႔က ေက်ာက္စာ႐ုံေစတီပႏၷက္ေတာ္႒ာနရွိ သတ္မွတ္ေနရာအသီးသီး၌ ရတနာပႏၷက္ေတာ္မ်ားကို စိုက္ထူၿပီး ပရိတ္နံ႕သာရည္ပက္ဖ်န္းပူေဇာ္ၾကသည္။
ဆက္လက္ၿပီး သာသနာ့ဗိမာန္ေတာ္ရတနာပႏၷက္ေတာ္ဌာနတြင္ အသီးသီး ေနရာယူၾကၿပီး မဂၤလာအခ်ိန္တြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ က ရတနာပႏၷက္ေတာ္ကို စိုက္ထူ၍ ပရိတ္နံ႕သာရည္မ်ား ပက္ဖ်န္းပူေဇာ္ သည္။ ထို႔ေနာက္ ေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးကိုကို ၊ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာ ေမာင္ေမာင္နိုင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္ တို႔က သာသနာ့ ဗိမာန္ေတာ္ ပႏၷက္ေတာ္႒ာနရွိသတ္မွတ္ေနရာအသီးသီး၌ ရတနာပႏၷက္ေတာ္မ်ားကို စိုက္ထူၿပီး ပရိတ္နံ႕သာရည္ပက္ဖ်န္းပူေဇာ္ၾကသည္။
ထို႔ေနာက္ သံဃာေတာ္အရွင္သူျမတ္မ်ား ဦးေဆာင္၍ ဇယႏၱော ေဗာဓိယာ မူေလ အစခ်ီသည့္ ဇယမဂၤလာေအာင္ဂါထာေတာ္မ်ားကို ႐ြတ္ဆိုပူေဇာ္ၾကၿပီး ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း၍ အခမ္းအနားကို႐ုပ္သိမ္းကာ ရတနာ ေ႐ႊမိုးေငြမိုးမ်ား ႐ြာသြန္းၿဖိဳးခဲ့ၾကသည္။
အဆိုပါ ေက်ာက္စာ႐ုံေစတီမ်ားတည္ထားနိုင္ေရး စီစဥ္ေဆာင္႐ြက္ခဲ့ရာတြင္ ေက်ာက္စာခ်ပ္ေရေပါင္း ၇၂၉ ခ်ပ္ စိုက္ထူထားၿပီး ကမၻာ့အႀကီးဆုံးစာအုပ္ႀကီး ျဖစ္သည့္အျပင္ ၂၀၁၃ ခုႏွစ္တြင္ ယူနက္စကို ကမၻာ့မွတ္တမ္း အေမြအႏွစ္စာရင္း ဝင္ခဲ့သည့္ မႏၱေလးၿမိဳ႕၊ မဟာေလာကမာရဇိန္ ကုသိုလ္ေတာ္ဘုရားရွိ ပၪၥသဂၤါယနာ တင္ ပိဋကတ္ေက်ာက္စာ႐ုံမ်ားအား အေလးထားစံျပဳ၍ တည္ထားကိုးကြယ္နိုင္ေရး ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ သမိုင္းေမာ္ကြန္းေက်ာက္စာထားရွိမည့္ ေက်ာက္စာ႐ုံ သည္ အလ်ား ၂၁ ေပ၊ အနံ ၂၁ ေပ၊ အျမင့္ ၂၇ ေပရွိမည္ျဖစ္ၿပီး အျခား ေက်ာက္စာ႐ုံ မ်ားအေနျဖင့္ အလ်ား ၁၂ ေပ၊ အနံ ၁၂ ေပ၊ အျမင့္ ၁၈ ေပရွိမည္ျဖစ္ကာ ေက်ာက္စာခ်ပ္အေနျဖင့္ အလ်ား ၄၅ လက္မ၊ အျမင့္ ၇၅ လက္မ၊ ထု ၇ ဒသမ ၂ လက္မရွိမည္ျဖစ္ေၾကာင္း၊ ယခု ပိဋကတ္သုံးပုံပါဠိေတာ္ အ႒ကထာဋီကာက်မ္းစာ မ်ားကို ေရးထိုးပူေဇာ္ၿပီးပါကလည္း ေက်ာက္စာခ်ပ္မ်ားသည္ ဗုဒၶျမတ္စြာ၏ ႏႈတ္ ကပါဌ္ေတာ္မ်ားကိုေရးထိုးပူေဇာ္ထားျခင္းျဖစ္သည့္အတြက္ မာရဝိဇယ ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ႀကီး၏ မ်က္ႏွာေတာ္မူရာ ေရွ႕မ်က္ႏွာစာ၌ စိုက္ထူပူေဇာ္ထားရွိမည္ျဖစ္ၿပီး ဘုရားဖူးလာ မိဘျပည္သူမ်ားအေနျဖင့္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား လာေရာက္ ဖူးေျမာ္ရာတြင္ ေက်ာက္စာတိုက္မ်ား အတြင္းရွိ ပိဋကတ္သုံးပုံ ပါဠိေတာ္ အ႒ကထာ ဋီကာက်မ္းစာမ်ားကိုပါ တစ္ပါတည္း ၾကည္ညိုေလ့လာနိုင္ေရး စီစဥ္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း၊ ယင္းသို႔ ေရးထိုးပူေဇာ္နိုင္ေရး စိစစ္ေဆာင္႐ြက္ရာတြင္ ပိဋကတ္ သုံးပုံပါဠိေတာ္ အ႒ကထာဋီကာ က်မ္းစာမ်ားကို စက်င္ေက်ာက္ေတာ္မ်ား၌ ေခတ္မီ စက္ကိရိယာမ်ား အသုံးျပဳ၍ ပါဠိအကၡရာ၊ Romanize Language တို႔ျဖင့္ ေရးထိုးပူေဇာ္သြားမည္ျဖစ္ေၾကာင္းႏွင့္ သာသနာ့ ဗိမာန္ေတာ္ႀကီးကိုလည္း ျမန္မာမႈ လက္ရာမ်ားျဖင့္ ခမ္းနားထည္ဝါစြာ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။
Recent Comments