ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင်အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်း‌ပေးအပ်ပွဲကို မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှအချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါက်တာရန်နောင်ထွန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Charge d’ affaires, Mrs.Kanokwan Pengsuwan, Minister Counsellor- Ms.Chana Sindhvananda နှင့် First Secretary, Ms.Chalermkwan Worranit နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နယ်စပ်ဒေသများ အပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးလျက်ရှိသည့်ဒေသများတွင် ဦးစားပေး၍ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ထိုင္းနိုင္ငံမွ ျမန္မာနိုင္ငံျပည္သူမ်ားသို႔ လႉဒါန္းသည့္ ကိုဗစ္-၁၉ ကာကြယ္ေဆး AstraZeneca (၁)သန္း doses အနက္ ပထမအသုတ္ ကာကြယ္ေဆး(၅)သိန္း Doses ႏွင့္ ေဆးထိုးအပ္ (၅)သိန္း ေရာက္ရွိ”

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးလုပ္ငန္းမ်ားတြင္အသုံးျပဳရန္ ထိုင္းနိုင္ငံမွ ျမန္မာနိုင္ငံ ျပည္သူမ်ားသို႔ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းမွတဆင့္ လႉဒါန္းသည့္ ကိုဗစ္-၁၉ ကာကြယ္ေဆး AstraZeneca အမွတ္တံဆိပ္ (၁)သန္း doses အနက္ ပထမအသုတ္ ကာကြယ္ေဆး(၅)သိန္း Doses ႏွင့္ ေဆးထိုးအပ္ (၅)သိန္းအား ျမန္မာနိုင္ငံၾကက္ေျခနီအသင္းသို႔ လႊဲေျပာင္းေပးအပ္ပြဲကို မတ္လ (၁၂)ရက္ေန႕ နံနက္ပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ဧည့္ခန္းမေဆာင္၌ ျပဳလုပ္ခဲ့ပါသည္။

အဆိုပါ အခမ္းအနားသို႔ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းမွအခ်ိန္ျပည့္အလုပ္အမႈေဆာင္ ေဒါက္တာတင္ၫႊန႔္၊ အေထြေထြအတြင္းေရးမႉး ပါေမာကၡေဒါက္တာထင္ေဇာ္စိုး၊ ရန္ကုန္တိုင္း ေဒသႀကီး က်န္းမာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႈး ေဒါက္တာရန္ေနာင္ထြန္း ႏွင့္ တာဝန္ရွိသူမ်ား၊ ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံသံ႐ုံးမွ Charge d’ affaires, Mrs.Kanokwan Pengsuwan, Minister Counsellor- Ms.Chana Sindhvananda ႏွင့္ First Secretary, Ms.Chalermkwan Worranit ႏွင့္ နိုင္ငံျခားေရး ဝန္ႀကီးဌာန မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။

ယခုလႉဒါန္းမႈမွ ရရွိလာသည့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ားကို နယ္စပ္ေဒသမ်ား အပါအဝင္ ကာကြယ္ေဆး လႊမ္းၿခဳံမႈနည္းပါးလ်က္ရွိသည့္ေဒသမ်ားတြင္ ဦးစားေပး၍ ထိုးႏွံေပးမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews