ထိုင်းနိုင်ငံသို MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၅၀၀ ကျော် တစင်စေလွှတ်ရန်အတွက် ထိုင်းနိုင်ငံဘက်ရှိ အလုပ်ရှင်များ မတ်လ ၂၅ ရက်တွင် စတင် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အလုပ်သမား၀န်ကြီးဌာနထံမှ သိရသည်။

ထိုသို လက်မှတ်ရေးထိုးခြင်း စတင်သော်လည်း ထိုင်းနိုင်ငံဘက်တွင် လုပ်ဆောင်ရန်ကိစ္စများ ကျန်ရှိနေသေးသဖြင့် ယခုစာချုပ်လက်မှတ်ရေးထိုးမှုတွင် ပါဝင်သည့် မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို ထွက်ခွာရန် ရက်ပေါင်း ၄၀ ခန့် စောင့်ဆိုင်းရဖွယ်ရှိကြောင်း သိရသည်။

ယခုလို ထိုင်းနိုင်ငံအတွင်းသို တရားဝင် သွားရောက် အလုပ်လုပ်နိုင်ရန် တရားဝင်ခွဂ့်ပြုချက်လိုင်စင်ရရှိထားသည့် အေဂျင်စီ ၁၁၄ ခုတိုက ဆောင်ရွက်ခွင့်ရရှိထားပြီး သွားရောက်လိုသည့် အလုပ်သမားတစ်ဦးလျှင် ငွေကျပ် ၃ သိန်းကို အေဂျင်စီသို ပေးသွင်းရမည်ဖြစ်ကာ အခြားစရိတ်များကို အလုပ်ရှင်ဘက်က ကျခံရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ= ပုံဟောင်း
#mhtnews

(Zawgyi)
“ထိုင်းငံသို့ သွားရောက်မည့် MOU လုပ်သားများအား စာချုပ်ချုပ်ဆိုပြီဖြစ်သော်လည်း ၁ လကျော်ခန့် စောင့်ဆိုင်းရဖွယ်ရှိ”

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၅၀၀ ကျော် တစင်စေလွှတ်ရန်အတွက် ထိုင်းနိုင်ငံဘက်ရှိ အလုပ်ရှင်များ မတ်လ ၂၅ ရက်တွင် စတင် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ လက်မှတ်ရေးထိုးခြင်း စတင်သော်လည်း ထိုင်းနိုင်ငံဘက်တွင် လုပ်ဆောင်ရန်ကိစ္စများ ကျန်ရှိနေသေးသဖြင့် ယခုစာချုပ်လက်မှတ်ရေးထိုးမှုတွင် ပါဝင်သည့် မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာရန် ရက်ပေါင်း ၄၀ ခန့် စောင့်ဆိုင်းရဖွယ်ရှိကြောင်း သိရသည်။

ယခုလို ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် သွားရောက် အလုပ်လုပ်နိုင်ရန် တရားဝင်ခွဂ့်ပြုချက်လိုင်စင်ရရှိထားသည့် အေဂျင်စီ ၁၁၄ ခုတို့က ဆောင်ရွက်ခွင့်ရရှိထားပြီး သွားရောက်လိုသည့် အလုပ်သမားတစ်ဦးလျှင် ငွေကျပ် ၃ သိန်းကို အေဂျင်စီသို့ ပေးသွင်းရမည်ဖြစ်ကာ အခြားစရိတ်များကို အလုပ်ရှင်ဘက်က ကျခံရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ= ပုံဟောင်း
#mhtnews