နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယာနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး နှင့် အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာဒါတိုလင်ကျောက်ဟွိုင်တို့အား ယနေ့ (မတ်လ ၂၁ရက်) မွန်းလွှဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဖြစ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သည့် ခရီးစဉ်မှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကာ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဟု အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ကတိကဝတ်သည် အပြောသက်သက်မဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြခဲ့သည်မှာ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
(Zawgyi)
“တူညီဆႏၵ(၅)ခ်က္ အေကာင္အထည္ေဖာ္ျခင္းသည္ ျမန္မာဦးေဆာင္သည့္ ျမန္မာ့ကိုယ္ပိုင္လုပ္ငန္းစဥ္ ျဖစ္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္က အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ေတြ႕ဆုံစဥ္ ရွင္းလင္းေျပာၾကား”
နိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္သည္ ကေမၻာဒီးယာနိုင္ငံ ဝန္ႀကီးခ်ဳပ္၊ နိုင္ငံျခားေရးႏွင့္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ႏွင့္ အာဆီယံဥကၠ႒ ၏ အထူးကိုယ္စားလွယ္ Prak Sokhonn ႏွင့္ အာဆီယံအတြင္းေရးမႉးခ်ဳပ္ မစၥတာဒါတိုလင္ေက်ာက္ဟြိုင္တို႔အား ယေန႕ (မတ္လ ၂၁ရက္) မြန္းလႊဲ ၂ နာရီအခ်ိန္တြင္ ေနျပည္ေတာ္ရွိ နိုင္ငံျခားေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံခဲ့သည္။
ထိုသို႔ေတြ႕ဆုံရာ၌ ျပည္ေထာင္စုဝန္ႀကီးက တူညီဆႏၵ(၅)ခ်က္ အေကာင္အထည္ေဖာ္ျခင္းသည္ ျမန္မာဦးေဆာင္သည့္ ျမန္မာ့ကိုယ္ပိုင္လုပ္ငန္းစဥ္ ျဖစ္ရမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ၿပီး အထူးကိုယ္စားလွယ္၏ ျမန္မာနိုင္ငံသို႔ ပထမအႀကိမ္ လာေရာက္သည့္ ခရီးစဥ္မွတစ္ဆင့္ နားလည္မႈႏွင့္ ယုံၾကည္မႈကို တည္ေဆာက္နိုင္ကာ အာဆီယံတြင္ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္နိုင္လိမ့္မည္ဟု အေလးထားေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက တူညီဆႏၵ(၅)ခ်က္ အေကာင္အထည္ေဖာ္ရာတြင္ ျမန္မာနိုင္ငံ အေနျဖင့္ အာဆီယံႏွင့္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထပ္ေလာင္း ကတိျပဳခဲ့ၿပီး ျမန္မာနိုင္ငံ၏ ကတိကဝတ္သည္ အေျပာသက္သက္မဟုတ္ဘဲ အလုပ္ျဖင့္ သက္ေသျပခဲ့သည္မွာ ဂ်ကာတာတြင္ ျပဳလုပ္ခဲ့သည့္ အာဆီယံနိုင္ငံ့ေခါင္းေဆာင္မ်ား အစည္းအေဝးကပင္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments