“တိုင်းရင်းသားများနှင့် ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို မျှဝေခံစားသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် ပြည့်ထောင်စုနိုင်ငံကို သွားရမည်ဖြစ် ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၉ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေး လုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများနှင့် ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို မျှဝေခံစားသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် ပြည့်ထောင်စုနိုင်ငံကို သွားရမည်ဖြစ် ကြောင်း၊ တူညီသည့်အခွင့်အရေးများ ရရှိကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေး၌လည်း နိုင်ငံသားအားလုံးပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ်ကို ပုံဖော်ရမည်ဖြစ်ကြောင်း၊ လူသား အရင်းအမြစ် ကောင်းများပေါ်ထွက်လာရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင် နှုန်းကျော်နေထိုင်သည့် ‌ ကျေးလက်ကိုအခြေခံသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူက ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်းမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် သင်တန်းသားအရာရှိကြီးများအနေဖြင့် သင်တန်းဆင်းပြီးသည့်အချိန်တွင် ထမ်းဆောင်ရမည့် တာဝန်များကို အထောက်အကူဖြစ်စေရန်အတွက် ယခုကဲ့သို့ သမိုင်းကြောင်းများ၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို အချိန်ယူ ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း၊ အမြင်ကျယ်ပြန့်စွာဖြင့် စဉ်းစားတွေးခေါ် လုပ်ဆောင်နိုင်ရေးအတွက် သမိုင်းကြောင်းနောက်ခံအကြောင်းအရာများကိုသိရှိရန်လိုအပ်ပြီး နောက်ခံ အကြောင်းအရာများကိုမသိရှိပါက ရှေ့ဆက်လက်လုပ်ဆောင်ရမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်များကို မှန်ကန်စွာချမှတ်နိုင်မည်မဟုတ်သဖြင့် နောက်ခံသမိုင်းအကြောင်းအရာများကို သိရှိရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေး အမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း” လည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“တိုင္းရင္းသားမ်ားႏွင့္ ေပါင္းစည္းေနထိုင္သည့္ ျပည္ေထာင္စုျဖစ္သည့္အတြက္ လုပ္ပိုင္ခြင့္၊ ရပိုင္ခြင့္မ်ားကို မွ်ေဝခံစားသည့္ ဖက္ဒရယ္စနစ္ကို က်င့္သုံးသည့္ ျပည့္ေထာင္စုနိုင္ငံကို သြားရမည္ျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ”

“တိုင္းရင္းသားမ်ားႏွင့္ ေပါင္းစည္းေနထိုင္သည့္ ျပည္ေထာင္စုျဖစ္သည့္အတြက္ လုပ္ပိုင္ခြင့္၊ ရပိုင္ခြင့္မ်ားကို မွ်ေဝခံစားသည့္ ဖက္ဒရယ္စနစ္ကို က်င့္သုံးသည့္ ျပည့္ေထာင္စုနိုင္ငံကို သြားရမည္ျဖစ္ ေၾကာင္း” နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က မတ္လ ၉ ရက္က နိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွနည္းျပအရာရွိႀကီးမ်ားႏွင့္သင္တန္းသားအရာရွိႀကီးမ်ားအားVideo Conferencingျဖင့္အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးက နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ အမ်ိဳးသားေရးလုပ္ငန္းစဥ္ ၂ ခုအျဖစ္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စား၊ ေရ၊ ရိကၡာဖူလုံေရးကို ေဆာင္႐ြက္လ်က္ရွိၿပီး နိုင္ငံေရး လုပ္ငန္းစဥ္ ၂ ခုအျဖစ္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရးႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးတို႔ကို ဦးတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းရင္းသားမ်ားႏွင့္ ေပါင္းစည္းေနထိုင္သည့္ ျပည္ေထာင္စုျဖစ္သည့္အတြက္ လုပ္ပိုင္ခြင့္၊ ရပိုင္ခြင့္မ်ားကို မွ်ေဝခံစားသည့္ ဖက္ဒရယ္စနစ္ကို က်င့္သုံးသည့္ ျပည့္ေထာင္စုနိုင္ငံကို သြားရမည္ျဖစ္ ေၾကာင္း၊ တူညီသည့္အခြင့္အေရးမ်ား ရရွိၾကရမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးျဖင့္ ထိန္းသိမ္းေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ ကာကြယ္ေရး၌လည္း နိုင္ငံသားအားလုံးပါဝင္သည့္ အမ်ိဳးသားကာကြယ္ေရးစနစ္ကို ပုံေဖာ္ရမည္ျဖစ္ေၾကာင္း၊ လူသား အရင္းအျမစ္ ေကာင္းမ်ားေပၚထြက္လာေရး ေဆာင္႐ြက္ေပးရမည္ျဖစ္ၿပီး နိုင္ငံ့လူဦးေရ၏ ၇၀ ရာခိုင္ ႏႈန္းေက်ာ္ေနထိုင္သည့္ ေက်းလက္ကိုအေျခခံသည့္ နိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး ဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈမ်ားကို လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ နိုင္ငံေတာ္အေနျဖင့္ ျပည္သူက ေ႐ြးခ်ယ္သည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကို ခိုင္မာစြာေလွ်ာက္လွမ္းမည္ျဖစ္ေၾကာင္း” ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ သင္တန္းသားအရာရွိႀကီးမ်ားအေနျဖင့္ သင္တန္းဆင္းၿပီးသည့္အခ်ိန္တြင္ ထမ္းေဆာင္ရမည့္ တာဝန္မ်ားကို အေထာက္အကူျဖစ္ေစရန္အတြက္ ယခုကဲ့သို႔ သမိုင္းေၾကာင္းမ်ား၊ နိုင္ငံေတာ္တည္ေဆာက္ေရးအတြက္ လိုအပ္ခ်က္မ်ားကို အခ်ိန္ယူ ရွင္းလင္းေျပာၾကားရျခင္းျဖစ္ေၾကာင္း၊ အျမင္က်ယ္ျပန႔္စြာျဖင့္ စဥ္းစားေတြးေခၚ လုပ္ေဆာင္နိုင္ေရးအတြက္ သမိုင္းေၾကာင္းေနာက္ခံအေၾကာင္းအရာမ်ားကိုသိရွိရန္လိုအပ္ၿပီး ေနာက္ခံ အေၾကာင္းအရာမ်ားကိုမသိရွိပါက ေရွ႕ဆက္လက္လုပ္ေဆာင္ရမည့္ ေမွ်ာ္မွန္းခ်က္၊ ရည္မွန္းခ်က္မ်ားကို မွန္ကန္စြာခ်မွတ္နိုင္မည္မဟုတ္သျဖင့္ ေနာက္ခံသမိုင္းအေၾကာင္းအရာမ်ားကို သိရွိရမည္ျဖစ္ေၾကာင္းႏွင့္ နိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၏ ရည္မွန္းခ်က္ျဖစ္သည့္ နိုင္ငံေရးအျမင္၊ စီးပြားေရးအျမင္၊ အုပ္ခ်ဳပ္ေရးအျမင္ႏွင့္ ကာကြယ္ေရး အျမင္မ်ားကို အျမင္က်ယ္က်ယ္ျဖင့္ စဥ္းစားေတြးေခၚလုပ္ေဆာင္နိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္သြားၾကေစလိုေၾကာင္း” လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

#mhtnews