နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မတ်လ ၄ ရက်နှင့် ၅ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၅၂ ဦး၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၉၂၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ ဒေသခံပြည်သူ ၅၄၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်၌ ဒေသခံပြည်သူ ၁၁၀၃၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ် ၌ဒေသခံပြည်သူ ၅၂၉၀ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၃၅၀ ဦးတို့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦး၊ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၄၂ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး၊ စုစုပေါင်း ဒေသခံပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၂၈၂) ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတို့ရှိ မြို့နယ် (၄၈)မြို့နယ်ရှိ ဒေသခံပြည်သူ နှစ်သောင်းကျော်တို့ကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့”
#mhtnews
Recent Comments