တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်များအား မတ် ၂၄ ရက်မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူများကလည်း လာရောက်ထုတ်ယူလျှက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို တစ်နိုင်ငံလုံး၌ ထုတ်ပေးနေတာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် လျှောက်ထားလာသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေက ၃သိန်း ကျော်ရှိကြောင်းနှင့် အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး”
#mhtnews
Recent Comments