မီးပျက်ရခြင်း အကြောင်းအရင်းမှာ လက်ရှိတွင် ဘီလူးချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ်အားပို့လွှတ်နေသည့် တာဝါတိုင်များဖျက်ဆီးခံရသည့်အတွက် မဂ္ဂါဝပ်၂၂၀ခန့် အား နိုင်ငံတော်လျှပ်စစ်ဓါတ်အားသို့ ပို့လွှတ်နိုင်မှုမရှိခြင်းနှင့် LNGစျေးနှုန်းအဆမတန်မြင့်တက်ပြီး နိုင်ငံတကာရေနံစျေးကွက်တည်ငြိမ်မှုမရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့်ကာလအတွင်း LNGဓါတ်ငွေ့ရည်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများ၏ဓါတ်အားထုတ်လုပ်မှု ၇၅၀မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်း စသည့် အကြောင်းအရင်း နှစ်ချက်တို့ကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ရခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ရှင်းလင်းပြောကြားသည်။
ယမန်နေ့က ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံသည့်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့ကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ကာ ယခုကဲ့သို့ ဓာတ်အားထုတ်လုပ်မှု မလုံလောက်သည့် ကာလအတွင်း၌ အချိန်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးသည့်စနစ်ကို ပြည်သူများသိရှိအောင် အသိပေး ကြေညာခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
(Zawgyi)
“တာဝါတိုင္မ်ားဖ်က္ဆီးခံရျခင္းႏွင့္ LNGေစ်းႏႈန္းအဆမတန္ျမင့္တက္ၿပီး နိုင္ငံတကာေရနံေစ်းကြက္တည္ၿငိမ္မႈမရွိ၍ ဝယ္ယူရန္ခက္ခဲေနျခင္းတို႔ေၾကာင့္ မီးပ်က္ရျခင္းျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးရွင္းလင္း”
မီးပ်က္ရျခင္း အေၾကာင္းအရင္းမွာ လက္ရွိတြင္ ဘီလူးေခ်ာင္းလွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမွ ထြက္ရွိလာေသာ လွ်ပ္စစ္ဓါတ္အားပို႔လႊတ္ေနသည့္ တာဝါတိုင္မ်ားဖ်က္ဆီးခံရသည့္အတြက္ မဂ္ဂါဝပ်၂၂၀ခန့် အား နိုင္ငံေတာ္လွ်ပ္စစ္ဓါတ္အားသို႔ ပို႔လႊတ္နိုင္မႈမရွိျခင္းႏွင့္ LNGေစ်းႏႈန္းအဆမတန္ျမင့္တက္ၿပီး နိုင္ငံတကာေရနံေစ်းကြက္တည္ၿငိမ္မႈမရွိ၍ ဝယ္ယူရန္ခက္ခဲေနသည့္ကာလအတြင္း LNGဓါတ္ေငြ႕ရည္သုံးလွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမ်ား၏ဓါတ္အားထုတ္လုပ္မႈ ၇၅၀မဂ္ဂါဝပ်ခန့် ရပ္တန့္ထားရျခင္း စသည့္ အေၾကာင္းအရင္း ႏွစ္ခ်က္တို႔ေၾကာင့္ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ရျခင္းျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္သန္းဦးက ရွင္းလင္းေျပာၾကားသည္။
ယမန္ေန႕က ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပး ေရးေကာ္ပိုေရးရွင္း(႐ုံးခ်ဳပ္) အစည္းအေဝးခန္းမ၌ က်င္းပသည့္ ခရိုင္လွ်ပ္စစ္မန္ေနဂ်ာ/ ခရိုင္လွ်ပ္စစ္ အင္ဂ်င္နီယာမ်ား၊ ဘ႑ာေရးတာဝန္ခံမ်ားႏွင့္ ေတြ႕ဆုံသည့္အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးက ထိုသို႔ရွင္းလင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီးက မိမိတို႔ဝန္ႀကီးဌာနသည္ ျပည္သူကို ဝန္ေဆာင္မႈေပးေနေသာ ဌာနျဖစ္သည့္အေလွ်ာက္ ျပည္သူလူထု၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္မ်ားအေပၚ အတတ္နိုင္ဆုံး ျဖည့္ဆည္းေပးနိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဝန္အားျပည့္ေနသည့္ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံမ်ားကို တိုးခ်ဲ့ေဆာင္႐ြက္ရန္ လိုအပ္သလို တည္ေဆာက္ၿပီး ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံမ်ား ျပဳျပင္ထိန္းသိမ္းျခင္း လုပ္ငန္းမ်ားကိုလည္း စနစ္တက် စီမံေဆာင္႐ြက္သြားရန္ လိုအပ္သကဲ့သို႔ ဓာတ္အားေပ်ာက္ဆုံးမႈ ေလ်ာ့နည္းက်ဆင္းေရးတို႔ကိုလည္း အေလးထားေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ကာ ယခုကဲ့သို႔ ဓာတ္အားထုတ္လုပ္မႈ မလုံေလာက္သည့္ ကာလအတြင္း၌ အခ်ိန္သတ္မွတ္၍ အလွည့္က်စနစ္ျဖင့္ ဓာတ္အားျဖန႔္ျဖဴးသည့္စနစ္ကို ျပည္သူမ်ားသိရွိေအာင္ အသိေပး ေၾကညာျခင္းမ်ား ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments