တရုတ်ဘက်ခြမ်းက ဝန်ထမ်းတစ်ဦးမှာ အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုကြောင့် မတ်လ ၂၅ ရက်နေ့ကစပြီး မူဆယ် – ဝမ်တိန် မန်မိုင် (ကျင်ဆန်းကျော့) ဂိတ်ပေါက်ကို ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ တရုတ်ဘက်က ကျန်းမာရေးဆိုင်ရာ စီမံကြီးကြပ်မှုပြုလုပ်ပြီးပြီဖြစ်လို့ ယနေ့ မတ် ၂၇ ရက် နံနက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာဘက်အခြမ်းကို အကြောင်းကြားခြင်းမရှိဘဲ အဆိုပါ ဂိတ်ကိုပိတ်လိုက်တာကြောင့် မြန်မာဘက်ခြမ်းက ရွှေလွယ်အင် ကုန်ချိန်းကွင်းမှာ တရုတ်နိုင်ငံကို ပို့ကုန်တင်ပို့မယ့် သခွားမွှေးကား ၅၁ စီး၊ ဖရဲသီးကား ၁၆ စီး၊ ဖရုံသီးကား ခြောက်စီး၊ ဆန် ၇၁ စီး၊ ဆန်ကွဲ သုံးစီး၊ ပြောင်း ၂၉ စီးနဲ့ အခြားကုန်စည်တွေတင်ဆောင်ထားတဲ့ ကုန်ကားတွေအပါအဝင် ကားအစီးရေ ၃၁၉ စီး စောင့်ဆိုင်းနေခဲ့ရတယ်လို့ ရွှေလွယ်အင်ကွင်း တာဝန်ခံဆီက သိရပါတယ်။

ထို့အတူပဲ တရုတ်ဘက်ကနေ မြန်မာပြည်ဘက်ကိုထွက်လာဖို့ ကုန်တင်ထားပြီးတဲ့ ကုန်တင်ယာဉ်နဲ့ ကုန်မဲ့ကုန်တင်ယာဉ်စာရင်းပေးသွင်းထားမှုဟာလည်း အစီးရေ ၆၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။

ယခုအခါမှာတော့ ဂိတ်ပေါက်ကို ပြန်ဖွင့်လိုက်ပြီဖြစ်တဲ့အတွက် ယခင်ကအတိုင်း ကုန်စည်လွှဲပြောင်းစနစ်နဲ့ ပြန်လည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#mhtnews

(Zawgti)

“တ႐ုပ္ဘက္ျခမ္း၌ အိုမီခ႐ြန္ေရာဂါပိုးေတြ႕ရွိမႈေၾကာင့္ ယာယီပိတ္ထားတဲ့ က်င္ဆန္းေက်ာ့ဂိတ္ေပါက္ကို ယေန႕ျပန္ဖြင့္”

တ႐ုပ္ဘက္ျခမ္းက ဝန္ထမ္းတစ္ဦးမွာ အိုမီခ႐ြန္ေရာဂါပိုးေတြ႕ရွိမႈေၾကာင့္ မတ္လ ၂၅ ရက္ေန႕ကစၿပီး မူဆယ္ – ဝမ္တိန္ မန္မိုင္ (က်င္ဆန္းေက်ာ့) ဂိတ္ေပါက္ကို ယာယီပိတ္ထားခဲ့ရာမွ ယခုအခါ တ႐ုတ္ဘက္က က်န္းမာေရးဆိုင္ရာ စီမံႀကီးၾကပ္မႈျပဳလုပ္ၿပီးၿပီျဖစ္လို႔ ယေန႕ မတ္ ၂၇ ရက္ နံနက္မွာ ျပန္လည္ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာဘက္အျခမ္းကို အေၾကာင္းၾကားျခင္းမရွိဘဲ အဆိုပါ ဂိတ္ကိုပိတ္လိုက္တာေၾကာင့္ ျမန္မာဘက္ျခမ္းက ေ႐ႊလြယ္အင္ ကုန္ခ်ိန္းကြင္းမွာ တ႐ုတ္နိုင္ငံကို ပို႔ကုန္တင္ပို႔မယ့္ သခြားေမႊးကား ၅၁ စီး၊ ဖရဲသီးကား ၁၆ စီး၊ ဖ႐ုံသီးကား ေျခာက္စီး၊ ဆန္ ၇၁ စီး၊ ဆန္ကြဲ သုံးစီး၊ ေျပာင္း ၂၉ စီးနဲ႕ အျခားကုန္စည္ေတြတင္ေဆာင္ထားတဲ့ ကုန္ကားေတြအပါအဝင္ ကားအစီးေရ ၃၁၉ စီး ေစာင့္ဆိုင္းေနခဲ့ရတယ္လို႔ ေ႐ႊလြယ္အင္ကြင္း တာဝန္ခံဆီက သိရပါတယ္။

ထို႔အတူပဲ တ႐ုတ္ဘက္ကေန ျမန္မာျပည္ဘက္ကိုထြက္လာဖို႔ ကုန္တင္ထားၿပီးတဲ့ ကုန္တင္ယာဥ္နဲ႕ ကုန္မဲ့ကုန္တင္ယာဥ္စာရင္းေပးသြင္းထားမႈဟာလည္း အစီးေရ ၆၀၀ ေက်ာ္ရွိတယ္လို႔ဆိုပါတယ္။

ယခုအခါမွာေတာ့ ဂိတ္ေပါက္ကို ျပန္ဖြင့္လိုက္ၿပီျဖစ္တဲ့အတြက္ ယခင္ကအတိုင္း ကုန္စည္လႊဲေျပာင္းစနစ္နဲ႕ ျပန္လည္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#mhtnews