တရုတ်အစိုးရဝန်ထမ်းများအား လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ ဒဏ်ခတ်အရေးယူရန် အမေရိကန်နိုင်ငံ၏ ကြံစည်မှုနှင့်ပတ်သက်ပြီး ပြန်လည်တုံပြန်မည်ဟု မတ် ၂၂ ရက်နေ့က ကျင်းပခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က တရုတ်ပြည်တွင်းပြည်ပမှရော၊ အမေရိကန်ပြည်တွင်းမှပါ တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာရေးအဖွဲ့များ၊ အတိုက်အခံပုဂ္ဂိုလ်များအား ဖိနှိပ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်သည့် တရုတ်အစိုးရဝန်ထမ်းများအပေါ် ဗီဇာကန့်သတ်ချက်ကို ကျင့်သုံးမည်ဟု မတ်လ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ ဝမ်ဝင်ပင်က တရုတ်ပြည်၏ လူ့အခွင့်အရေးအခြေအနေကို ဆင်ခြင်ပြီး တရားမျှတသော သဘောထားရန်၊ တရုတ်ပြည်အား သရုပ်ပျက်အောင် တမင်သက်သက်လုပ်ဆောင်ခြင်းကို ရပ်တန့်ရန်၊ တရုတ်အစိုးရ ဝန်ထမ်းများအား ဒဏ်ခတ်အရေးယူမှုများကို ချက်ချင်း အဆုံးသတ်ရန် တိုက်တွန်းကြောင်း၊ သို့မဟုတ်လျှင် တရုတ်ပြည်က တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု China Media Group သတင်းဌနာက ဖော်ပြခဲ့သည်။

#mhtnews

++++++++++++++++++++=+===++

(Zawgyi)

“တ႐ုတ္အစိုးရဝန္ထမ္းမ်ားအား လူ႕အခြင့္အေရးခ်ိဳးေဖာက္သည္ဟုဆိုကာ အေမရိကန္က ဒဏ္ခတ္အေရးယူရန္ ႀကံစည္မႈကို ခ်က္ခ်င္စရပ္တန့္ရန္ တ႐ုတ္သတိေပး၊ မရပ္တန့္ပါက တုံ႕ျပန္မည္ဟုဆို”

တ႐ုတ္အစိုးရဝန္ထမ္းမ်ားအား လူ႕အခြင့္အေရးခ်ိဳးေဖာက္သည္ဟုဆိုကာ ဒဏ္ခတ္အေရးယူရန္ အေမရိကန္နိုင္ငံ၏ ႀကံစည္မႈႏွင့္ပတ္သက္ၿပီး ျပန္လည္တုံျပန္မည္ဟု မတ္ ၂၂ ရက္ေန႕က က်င္းပခဲ့သည့္ ပုံမွန္သတင္းစာရွင္းလင္းပြဲ၌ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရး ဆိုခြင့္ရွိသူ ဝမ္ဝင္ပင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး ဘလင္ကင္က တ႐ုတ္ျပည္တြင္းျပည္ပမွေရာ၊ အေမရိကန္ျပည္တြင္းမွပါ တိုင္းရင္းသားလူမ်ိဳးစုမ်ား၊ ဘာသာေရးအဖြဲ႕မ်ား၊ အတိုက္အခံပုဂၢိုလ္မ်ားအား ဖိႏွိပ္မႈအပါအဝင္ လူ႕အခြင့္အေရးခ်ိဳးေဖာက္သည့္ တ႐ုတ္အစိုးရဝန္ထမ္းမ်ားအေပၚ ဗီဇာကန႔္သတ္ခ်က္ကို က်င့္သုံးမည္ဟု မတ္လ ၂၁ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

အဆိုပါေၾကညာခ်က္ႏွင့္ပတ္သက္၍ ဝမ္ဝင္ပင္က တ႐ုတ္ျပည္၏ လူ႕အခြင့္အေရးအေျခအေနကို ဆင္ျခင္ၿပီး တရားမွ်တေသာ သေဘာထားရန္၊ တ႐ုတ္ျပည္အား သ႐ုပ္ပ်က္ေအာင္ တမင္သက္သက္လုပ္ေဆာင္ျခင္းကို ရပ္တန႔္ရန္၊ တ႐ုတ္အစိုးရ ဝန္ထမ္းမ်ားအား ဒဏ္ခတ္အေရးယူမႈမ်ားကို ခ်က္ခ်င္း အဆုံးသတ္ရန္ တိုက္တြန္းေၾကာင္း၊ သို႔မဟုတ္လွ်င္ တ႐ုတ္ျပည္က တုံ႕ျပန္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္ဟု China Media Group သတင္းဌနာက ေဖာ္ျပခဲ့သည္။

#mhtnews