ကွမ်ရှီး (ကျွမ့်လူမျိူး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ပေါ်သို့ ပျက်ကျခဲ့သော China Eastern Airlines လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်မှ ပြန်လည်တွေ့ရှိခဲ့သော black box မှာ လေယာဉ်မှုးအခန်းမှ အသံဖမ်းစက် ဖြစ်ဖွယ်ရှိကြောင်း လေကြောင်းတာဝန်ရှိသူတစ်ဦးက မတ် ၂၃ ရက် ညပိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါ Black box ၏ အပြင်ဘက်မှာ ဆိုးဝါးစွာ ပျက်စီးသွားသလို စက်၏ အချက်အလက်ထိန်းသိမ်းထားသော ယူနစ်မှာလည်း ပျက်စီးမှုအချို့ရှိပေမယ့် ပြည့်စုံသေးကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန၊ လေကြောင်းပျံသန်းမှုဘေးကင်းရေးရုံး အကြီးအကဲ Zhu Tao က ပြောကြားခဲ့ပြီး ယင်း black box ၏အချက်ပြစနစ်ကို အဓိပ္ပါယ်ဖော်ခြင်း (decoding) ပြုလုပ်ရန် ပေကျင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အချက်အလက်များ ဒေါင်းလုတ်ပြုလုပ်ခြင်း (downloading) နှင့် အချက်ပြစနစ် အဓိပ္ပါယ်ဖော်ခြင်း (decoding) ပြုလုပ်ရန် အချိန်အချို့ယူရမည်ဖြစ်ကြောင်းနှင့် အကယ်၍ အသံဖမ်းစက် အတွင်းပိုင်းသိုလှောင်မှု၌ နှောင့်နှေးနေပါက လုပ်ငန်းစဉ်မှာ အချိန်ကြာနိုင်ကြောင်း Zhu က ဆိုသည်။

စုံစမ်းစစ်ဆေးသူများက လေယာဉ်ပျက်ကျရခြင်း အကြောင်းကို ပိုမိုပြည့်စုံစွာ ပုံဖော်နိုင်ရန် အခြား black box ဖြစ်သော လေကြောင်းပျံသန်းမှု အချက်အလက် အသံဖမ်းစက်ကို ရှာဖွေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းဖြစ်စဥ်အတွင်း အသက်ရှင်ကျန်ရစ်သူမရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“တ႐ုတ္ပ်က္က်ေလယာဥ္မွ ျပန္လည္ေတြ႕ရွိထားေသာ black box မွာ ေလယာဥ္မႉးအခန္းမွ အသံဖမ္းစက္ျဖစ္ဖြယ္ရွိၿပီး ၎ black box ကိုစစ္ေဆးရန္ ေပက်င္းၿမိဳ႕သို႔ ပို႔ေဆာင္ထား”

ကြမ္ရွီး (ကြၽမ့္လူမ်ိဴး) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ေတာင္ေပၚသို႔ ပ်က္က်ခဲ့ေသာ China Eastern Airlines ေလေၾကာင္းလိုင္းပိုင္ ခရီးသည္တင္ေလယာဥ္မွ ျပန္လည္ေတြ႕ရွိခဲ့ေသာ black box မွာ ေလယာဥ္မႈးအခန္းမွ အသံဖမ္းစက္ ျဖစ္ဖြယ္ရွိေၾကာင္း ေလေၾကာင္းတာဝန္ရွိသူတစ္ဦးက မတ္ ၂၃ ရက္ ညပိုင္းက သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းေဖာ္ျပမႈအရ သိရသည္။

အဆိုပါ Black box ၏ အျပင္ဘက္မွာ ဆိုးဝါးစြာ ပ်က္စီးသြားသလို စက္၏ အခ်က္အလက္ထိန္းသိမ္းထားေသာ ယူနစ္မွာလည္း ပ်က္စီးမႈအခ်ိဳ႕ရွိေပမယ့္ ျပည့္စုံေသးေၾကာင္း တ႐ုတ္နိုင္ငံ ၿမိဳ႕ျပေလေၾကာင္းစီမံခန႔္ခြဲမႈဦးစီးဌာန၊ ေလေၾကာင္းပ်ံသန္းမႈေဘးကင္းေရး႐ုံး အႀကီးအကဲ Zhu Tao က ေျပာၾကားခဲ့ၿပီး ယင္း black box ၏အခ်က္ျပစနစ္ကို အဓိပ္ပါယ်ဖော်ခြင်း (decoding) ျပဳလုပ္ရန္ ေပက်င္းၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

အခ်က္အလက္မ်ား ေဒါင္းလုတ္ျပဳလုပ္ျခင္း (downloading) ႏွင့္ အခ်က္ျပစနစ္ အဓိပ္ပါယ်ဖော်ခြင်း (decoding) ျပဳလုပ္ရန္ အခ်ိန္အခ်ိဳ႕ယူရမည္ျဖစ္ေၾကာင္းႏွင့္ အကယ္၍ အသံဖမ္းစက္ အတြင္းပိုင္းသိုေလွာင္မႈ၌ ႏွောင့္ႏွေးေနပါက လုပ္ငန္းစဥ္မွာ အခ်ိန္ၾကာနိုင္ေၾကာင္း Zhu က ဆိုသည္။

စုံစမ္းစစ္ေဆးသူမ်ားက ေလယာဥ္ပ်က္က်ရျခင္း အေၾကာင္းကို ပိုမိုျပည့္စုံစြာ ပုံေဖာ္နိုင္ရန္ အျခား black box ျဖစ္ေသာ ေလေၾကာင္းပ်ံသန္းမႈ အခ်က္အလက္ အသံဖမ္းစက္ကို ရွာေဖြေရး ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းႏွင့္ ယင္းျဖစ္စဥ္အတြင္း အသက္ရွင္က်န္ရစ္သူမရွိေၾကာင္း သိရသည္။

#mhtnews