တရုတ်နိုင်ငံ လုန်ချန်ခရိုင်ဘက်မှာ အိုမီခရွန်ရောဂါကူးစပ်မှုများရှိနေတဲ့အတွက် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို မတ်လ ၁၈ရက်ကစတင်ပြီး ရက်အကန့်သတ်မရှိ ပိတ်ထားကြောင်း ဗန်းမော်ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းထံက သိရပါတယ်။
” အိုမီခရွန်ရောဂါ သူတိုနိုင်ငံဘက်မှာ ကူးစပ်မှုရှိလို နယ်စပ်ကုန်သွယ်ရေးစခန်းကို မတ်လ ၁၈ရက်နေ့ကစပြီး ငှက်ပျောကားတွေ ရပ်လိုက်ရတယ်။ ကျန်တဲ့ ဆန်တွေပြောင်းတွေ ကြံကားတွေတော့သွားသေးတယ်။ တနေ့ကတော့ ကုန်ကားအားလုံးပိတ်လိုက်ပြီ။ ငှက်ပျောတွေကတော့ ပျက်ဆီးလိုအကုန်စွန့်ပစ်နေရတယ်။ ဂိုဒေါင်ခတွေပေးရလိုအရှုးတွေပေါ်နေပြီ။ အခုဆို ဂျတ်ဖာတွေပြန်ယူပြီး ငှက်ပျောတွေစွန့်ပစ်နေရတယ် “လို ကားဆရာတစ်ဦးကပြောပါတယ်။
တရုတ်-မြန်မာလွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တဲ့အတွက် ငှက်ပျောကားဆရာတွေဟာ ဆက်လက်စောင့်ဆိုင်းနေကြောင်းပြီး လက်ရှိအချိန်မှာတော့ လွယ်ဂျယ်ဂိတ်မှာ ငှက်ပျောကား အစီး ၃၀၀ကျော်ပိတ်မိနေတယ်လို သိရပါတယ်။
#mhtnews
(Zawgyi)
“တရုတ်နိုင်ငံဘက်ခြမ်း၌ အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ရက်အကန့်သတ်မရှိ ပိတ်ထား၊ ငှက်ပျောကားအစီး ၃၀၀ ကျော်ပိတ်မိနေ”
တရုတ်နိုင်ငံ လုန်ချန်ခရိုင်ဘက်မှာ အိုမီခရွန်ရောဂါကူးစပ်မှုများရှိနေတဲ့အတွက် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို မတ်လ ၁၈ရက်ကစတင်ပြီး ရက်အကန့်သတ်မရှိ ပိတ်ထားကြောင်း ဗန်းမော်ခရိုင်သီးနှံစိုက်ပျိးထုတ်လုပ်သူများအသင်းထံက သိရပါတယ်။
တရုတ်-မြန်မာလွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တဲ့အတွက် ငှက်ပျောကားဆရာတွေဟာ ဆက်လက်စောင့်ဆိုင်းနေကြောင်းပြီး လက်ရှိအချိန်မှာတော့ လွယ်ဂျယ်ဂိတ်မှာ ငှက်ပျောကား အစီး ၃၀၀ကျော်ပိတ်မိနေတယ်လို့ သိရပါတယ်။
#mhtnews