တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယနေ့ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသော ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာအရေးပေါ် ကယ်ဆယ်ရေးစီမံခန့်ခွဲမှုဌာနက ပြောဆိုကြောင်း ဆင်ဟွာသတင်းကဖော်ပြသည်။

ကူမင်းမြို့မှ ကွမ်ကျိုးမြို့သို့ ဦးတည်ပျံသန်းလာသည့် တရုတ်နိုင်ငံ Eastern Airlines လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် ဝူကျိုးမြို့ ထိန်ရှန့်ခရိုင်အတွင်း ပျက်ကျပြီး မီးလောင်ကျွမ်းသွားခဲ့ကြောင်း ကယ်ဆယ်ရေးစီမံခန့်ခွဲမှုဌာနက ပြောကြားထားသည်ဟုဆိုသည်။

ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၁၂၃ ဦး နှင့် လေယာဉ်အမှုထမ်း ၉ ဦးအပါအဝင် စုစုပေါင်း လူ ၁၃၂ ဦးလိုက်ပါလာကြောင်း တရုတ်နိုင်ငံမြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာန၏ ဝက်ဆိုက်စာမျက်နှာပေါ်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်းနှင့် လူသေဆုံးဒဏ်ရာရရှိမှု အခြေအနေကို ချက်ချင်းမသိရှိရသေးကြောင်း သိရသည်။

#mhtnews

(Zawgyi)

“တ႐ုတ္နိုင္ငံေတာင္ပိုင္း၌ လူေပါင္း ၁၃၂ ဦး လိုက္ပါလာေသာ ေလယာဥ္ပ်က္က်မႈျဖစ္ပြား”

တ႐ုတ္နိုင္ငံေတာင္ပိုင္း ကြမ္ရွီး(ကြၽမ့္လူမ်ိဳး)ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၌ ယေန႕ မတ္ ၂၁ ရက္ မြန္းလြဲပိုင္းတြင္ လူေပါင္း ၁၃၂ ဦး လိုက္ပါလာေသာ ခရီးသည္တင္ ေလယာဥ္တစ္စင္း ပ်က္က်မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသဆိုင္ရာအေရးေပၚ ကယ္ဆယ္ေရးစီမံခန႔္ခြဲမႈဌာနက ေျပာဆိုေၾကာင္း ဆင္ဟြာသတင္းကေဖာ္ျပသည္။

ကူမင္းၿမိဳ႕မွ ကြမ္က်ိဳးၿမိဳ႕သို႔ ဦးတည္ပ်ံသန္းလာသည့္ တ႐ုတ္နိုင္ငံ Eastern Airlines ေလေၾကာင္းလိုင္းပိုင္ ဘိုးရင္း ၇၃၇ ေလယာဥ္သည္ ဝူက်ိဳးၿမိဳ႕ ထိန္ရွန့္ခရိုင္အတြင္း ပ်က္က်ၿပီး မီးေလာင္ကြၽမ္းသြားခဲ့ေၾကာင္း ကယ္ဆယ္ေရးစီမံခန႔္ခြဲမႈဌာနက ေျပာၾကားထားသည္ဟုဆိုသည္။

ယင္းေလယာဥ္ေပၚတြင္ ခရီးသည္ ၁၂၃ ဦး ႏွင့္ ေလယာဥ္အမႈထမ္း ၉ ဦးအပါအဝင္ စုစုေပါင္း လူ ၁၃၂ ဦးလိုက္ပါလာေၾကာင္း တ႐ုတ္နိုင္ငံၿမိဳ႕ျပေလေၾကာင္းစီမံခန႔္ခြဲေရးဌာန၏ ဝက္ဆိုက္စာမ်က္ႏွာေပၚတြင္ ေၾကညာခ်က္ ထုတ္ျပန္ထားသည္။

ကယ္ဆယ္ေရးသမားမ်ားသည္ အခင္းျဖစ္ေနရာသို႔ အလ်င္အျမန္သြားေရာက္ၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္းႏွင့္ လူေသဆုံးဒဏ္ရာရရွိမႈ အေျခအေနကို ခ်က္ခ်င္းမသိရွိရေသးေၾကာင္း သိရသည္။

#mhtnews