တရုတ်တစ်နိုင်ငံတည်းရဲ့မူဝါဒကို စိန်ခေါ်ဖို့ ပြင်ပအင်အားစုများနဲ့အတူ လျှို့ဝှက်ပူးပေါင်းကြံစည်ကာ ထိုင်ဝမ်ခွဲထွက်ရေး ကြိုးပမ်းအားထုတ်မှုတွေဟာ အဆုံးသတ်မှာ ကျရှုံးသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံပြည်မကြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့ မတ် ၂ ရက်မှာ ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

ရှန်ဟိုင်းတရားဝင်သတင်းထုတ်ပြန်ချက် အသိပေးဖြန့်ဝေမှု နှစ် ၅၀ ပြည့်အခါသမယမှာ တရုတ်တစ်နိုင်ငံတည်းရဲ့မူဝါဒကို စိန်ခေါ်ဖို့ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) မှ တစ်ဖန်ပစ်မှတ်ထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၂၇၅၈ နှင့်ပတ်သက်လို့ သတင်းထောက်ရဲ့မေးမြန်းချက်ကို တုန့်ပြန်ဖြေကြားရာမှာ နိုင်ငံတော်ကောင်စီထိုင်ဝမ်ရေးရာရုံးက အထက်ပါအတိုင်း တုန့်ပြန်ဖြေကြားခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးအုပ်ချုပ်မှုအခြေခံမူကို မျက်ကွယ်ပြုပြီး ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ( DPP)အာဏာပိုင်များက ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တာကို ဖြစ်နိုင်သမျှနည်းလမ်းနဲ့ ငြင်းပယ်ဖို့ ရည်မှန်းထားခြင်းဖြစ်ကြောင်း၊ သူ (ထိုင်ဝမ်ခွဲထွက်ရေး) တို့ရဲ့ စည်းရုံးမှုကိုခွင့်ပြုဖို့ ကြိုးပမ်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း Zhu က ဆိုတယ်လို့ သတင်းဖော်ပြမှုအရ သိရပါတယ်။

ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးက ပြန်လည်ပေါင်းစည်းဖို့ မပြီးမြောက်သေးသော်လည်း တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေစိုးမိုးမှုဟာ မည်သည့်အခါမျှ ဖယ်ခွာပစ်၍ရမည်မဟုတ်ကြောင်းနဲ့ ပြည်မကြီးနဲ့ ထိုင်ဝမ်ဟာ တစ်နိုင်ငံတည်း တစ်သားတည်းဖြစ်တယ်ဆိုတဲ့အချက်က မည်သည့်အခါမျှ ပြောင်းလဲသွားမှာမဟုတ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

(Zawgyi)

“တ႐ုတ္တစ္နိုင္ငံတည္းရဲ႕မူဝါဒကို စိန္ေခၚဖို႔ ႀကိဳးပမ္းမႈေတြဟာ အဆုံးသတ္မွာက်ရႈံးသြားမယ္လို႔ ျပည္မႀကီးေျပာခြင့္ရပုဂၢိုလ္ေျပာ”

တ႐ုတ္တစ္နိုင္ငံတည္းရဲ႕မူဝါဒကို စိန္ေခၚဖို႔ ျပင္ပအင္အားစုမ်ားနဲ႕အတူ လွ်ို႔ဝွက္ပူးေပါင္းႀကံစည္ကာ ထိုင္ဝမ္ခြဲထြက္ေရး ႀကိဳးပမ္းအားထုတ္မႈေတြဟာ အဆုံးသတ္မွာ က်ရႈံးသြားမွာျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံျပည္မႀကီး ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ယမန္ေန႕ မတ္ ၂ ရက္မွာ ေျပာၾကားခဲ့တယ္လို႔ ဆင္ဟြာသတင္းက ေဖာ္ျပပါတယ္။

ရွန္ဟိုင္းတရားဝင္သတင္းထုတ္ျပန္ခ်က္ အသိေပးျဖန႔္ေဝမႈ ႏွစ္ ၅၀ ျပည့္အခါသမယမွာ တ႐ုတ္တစ္နိုင္ငံတည္းရဲ႕မူဝါဒကို စိန္ေခၚဖို႔ ထိုင္ဝမ္ဒီမိုကရက္တစ္တိုးတက္ေရးပါတီ(DPP) မွ တစ္ဖန္ပစ္မွတ္ထားတဲ့ ကုလသမဂၢဆုံးျဖတ္ခ်က္အမွတ္ ၂၇၅၈ ႏွင့္ပတ္သက္လို႔ သတင္းေထာက္ရဲ႕ေမးျမန္းခ်က္ကို တုန႔္ျပန္ေျဖၾကားရာမွာ နိုင္ငံေတာ္ေကာင္စီထိုင္ဝမ္ေရးရာ႐ုံးက အထက္ပါအတိုင္း တုန႔္ျပန္ေျဖၾကားခဲ့တာပါ။

အျပည္ျပည္ဆိုင္ရာဥပေဒနဲ႕ နိုင္ငံတကာဆက္ဆံေရးအုပ္ခ်ဳပ္မႈအေျခခံမူကို မ်က္ကြယ္ျပဳၿပီး ထိုင္ဝမ္ဒီမိုကရက္တစ္တိုးတက္ေရးပါတီ( DPP)အာဏာပိုင္မ်ားက ထိုင္ဝမ္ဟာ တ႐ုတ္နိုင္ငံရဲ႕အစိတ္အပိုင္းျဖစ္တာကို ျဖစ္နိုင္သမွ်နည္းလမ္းနဲ႕ ျငင္းပယ္ဖို႔ ရည္မွန္းထားျခင္းျဖစ္ေၾကာင္း၊ သူ (ထိုင္ဝမ္ခြဲထြက္ေရး) တို႔ရဲ႕ စည္း႐ုံးမႈကိုခြင့္ျပဳဖို႔ ႀကိဳးပမ္းလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း Zhu က ဆိုတယ္လို႔ သတင္းေဖာ္ျပမႈအရ သိရပါတယ္။

ထိုင္ဝမ္ေရလက္ၾကား ႏွစ္ဖက္စလုံးက ျပန္လည္ေပါင္းစည္းဖို႔ မၿပီးေျမာက္ေသးေသာ္လည္း တ႐ုတ္နိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႕ ပိုင္နက္နယ္ေျမစိုးမိုးမႈဟာ မည္သည့္အခါမွ် ဖယ္ခြာပစ္၍ရမည္မဟုတ္ေၾကာင္းနဲ႕ ျပည္မႀကီးနဲ႕ ထိုင္ဝမ္ဟာ တစ္နိုင္ငံတည္း တစ္သားတည္းျဖစ္တယ္ဆိုတဲ့အခ်က္က မည္သည့္အခါမွ် ေျပာင္းလဲသြားမွာမဟုတ္ေၾကာင္း ၎ကျဖည့္စြက္ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။