တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)၌ ကြေညာထား ခြင်းမရှိဘဲ ပိုမိုပါရှိလာသော လျှပ်စစ်ရေမော်တာများနှင့် PVC ရေပိုက်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၆၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်ထားသော ပန်းသီးနှင့် သစ်တော်သီးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၃၇၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်းမှအကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးပြင်ဦးလွင် ကားလမ်းမိုင်တိုင် အမှတ် ၁၆ မိုင် ၄ ဖာလုံခန့်တွင် ပိုင်ရှင်မဲ့စုပုံထားသော တရားမဝင် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မတ် ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်တွင် (လိုင်စင်မဲ့) ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်အတွင်း တရားမဝင်ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၅ ဒသမ ၄၂၁၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄၁၁၅၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ ၅ မှုမှ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း (၁၃၉၉၄၈၇၀၀) တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#mhtnews

============================

(Zawgyi)

“တရားမဝင္ ကုန္သြယ္မႈမွ ၂ ရက္အတြင္း ေငြက်ပ္ သိန္း ၁၃၀၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရရွိ”

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ တားဆီးအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ မတ္ ၂၅ ရက္တြင္ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ ျမန္မာ့စက္မႈဆိပ္ကမ္း ကုန္ေသတၱာ စစ္ေဆးေရးစခန္း၌ တာဝန္က် အေကာက္ခြန္အဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ သြင္းကုန္ေၾကညာလႊာ (ID)၌ ေၾကညာထား ျခင္းမရွိဘဲ ပိုမိုပါရွိလာေသာ လွ်ပ္စစ္ေရေမာ္တာမ်ားႏွင့္ PVC ေရပိုက္မ်ား (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၁၃၃၆၀၀၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

အလားတူ အေကာက္ခြန္ ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ မြန္ျပည္နယ္ မရမ္းေခ်ာင္ အၿမဲတမ္းစစ္ေဆးေရးစခန္း၌တာဝန္က် ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ျမတီၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ ၁၂ ဘီး ကုန္တင္ယာဥ္တစ္စီးေပၚ၌ သြင္းေၾကညာလႊာ (ID)တြင္ ေၾကညာထားသည္ထက္ ပိုမိုတင္ေဆာင္ထားေသာ ပန္းသီးႏွင့္ သစ္ေတာ္သီးမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၁၇၃၇၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

ထို႔အတူ မႏၱေလးတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ၁၆ မိုင္ ေက်ာက္ေခ်ာ စစ္ေဆးေရးစခန္းမွအေကာက္ခြန္ဦးစီးဌာန ဦးေဆာင္ေသာ စစ္ေဆးေရးအဖြဲ႕က ကင္းလွည့္ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ မႏၱေလးျပင္ဦးလြင္ ကားလမ္းမိုင္တိုင္ အမွတ္ ၁၆ မိုင္ ၄ ဖာလုံခန႔္တြင္ ပိုင္ရွင္မဲ့စုပုံထားေသာ တရားမဝင္ ေမာ္ေတာ္ယာဥ္ အပိုပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၉၉၅၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ လ်က္ရွိသည္။

ထို႔ျပင္ မတ္ ၂၆ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ ဦးေဆာင္ေသာ စစ္ေဆးေရးအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ဟုမၼလင္းၿမိဳ႕နယ္တြင္ (လိုင္စင္မဲ့) ဆိုင္ကယ္တစ္စီး (ခန႔္မွန္း တန္ဖိုးေငြက်ပ္ ၁၈၀၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး ပို႔ကုန္သြင္းကုန္ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

အလားတူပဲခူးတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ သစ္ေတာဦးစီးဌာနဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရး အဖြဲ႕မ်ားက စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ပဲခူးခရိုင္ႏွင့္ သာယာဝတီခရိုင္အတြင္း တရားမဝင္ကြၽန္းသစ္၊ သစ္မာႏွင့္ အျခားသစ္မ်ိဳးစုံ ၅ ဒသမ ၄၂၁၆ တန္ (ခန႔္မွန္း တန္ဖိုးေငြက်ပ္ ၁၁၄၁၁၅၄) ကို ဖမ္းဆီးရမိခဲ့ၿပီး သစ္ေတာဥပေဒ ႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ မတ္ ၂၅ ရက္ႏွင့္ ၂၆ ရက္တို႔တြင္ ဖမ္းဆီးရမိမႈ စုစုေပါင္းအမႈတြဲ ၅ မႈမွ ခန႔္မွန္းတန္ဖိုးေငြက်ပ္ သိန္းေပါင္း (၁၃၉၉၄၈၇၀၀) တို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။

#mhtnews