တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၁၄ ဒသမ ၄၁၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၉,၂၄၆) လည်းကောင်း၊ မတ် ၅ ရက်တွင် မြောက်ဥက္ကလာပ မြို့နယ်နှင့် လှည်းကူးမြို့နယ်တို့အတွင်း တရားမဝင် ကျွန်းပါကေးအကြမ်းတုံး (၂.၃၀၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀,၉၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) လည်းကောင်း၊ မတ် ၆ ရက်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၂၂/၇) အနီး၌ တရားမဝင် ကျွန်းပါကေး အကြမ်းတုံး (၀ ဒသမ ၈၂၅၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇,၆၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၄၇,၈၂၆) ဖမ်းဆီးရမိခဲ့သည်။

အလားတူ မတ် ၅ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ တလိုင်းဘိနယ်တွင် တရားမဝင် တောင်သရက် ခွဲသား (၂ ဒသမ ၇၅၅၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂,၈၅၀) လည်းကောင်း၊ မတ် ၆ ရက်တွင် အမှတ်(၅၅)၊ ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်၊ တန်းလွဲဘိနယ်တွင် တရားမဝင် သစ်မျိုးစုံ (၆ ဒသမ ၇၈၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇,၃၇၇) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀,၂၂၇) ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ယနေ့ မတ် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် (၁ ဒသမ ၀၂၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆,၈၆၀) ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ မတ် ၄ ရက်မှ ၈ ရက်အထိ ၅ ရက်အတွင်း၌ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၅၃၄,၉၁၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(Zawgyi)

“တရားမဝင္ကုန္သြယ္မႈမွ ၅ ရက္အတြင္း ေငြက်ပ္ သိန္း ၄၀၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိ”

တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ တားဆီးအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ မတ္ ၄ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန့္ခြဲမႈျဖင့္ တိုင္းေဒသႀကီး သစ္ေတာဦးစီးဌာန ဦးေဆာင္၍ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားက စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ လွည္းကူးၿမိဳ႕နယ္အတြင္း တရားမဝင္ သစ္မ်ိဳးစုံ (၁၄ ဒသမ ၄၁၇၈)တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁,၀၀၉,၂၄၆) လည္းေကာင္း၊ မတ္ ၅ ရက္တြင္ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ႏွင့္ လွည္းကူးၿမိဳ႕နယ္တို႔အတြင္း တရားမဝင္ ကြၽန္းပါေကးအၾကမ္းတုံး (၂.၃၀၃၂)တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၆၉၀,၉၆၀)ႏွင့္ အဆိုပါသစ္မ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၅,၀၀၀,၀၀၀) လည္းေကာင္း၊ မတ္ ၆ ရက္တြင္ လွည္းကူးၿမိဳ႕နယ္၊ ရန္ကုန္-မႏၱေလး အျမန္လမ္း မိုင္တိုင္(၂၂/၇) အနီး၌ တရားမဝင္ ကြၽန္းပါေကး အၾကမ္းတုံး (၀ ဒသမ ၈၂၅၄)တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၄၇,၆၂၀)ႏွင့္ အဆိုပါသစ္မ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္(၁)စီး၊ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၅,၀၀၀,၀၀၀) လည္းေကာင္း၊ စုစုေပါင္း (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၁,၉၄၇,၈၂၆) ဖမ္းဆီးရမိခဲ့သည္။

အလားတူ မတ္ ၅ ရက္တြင္ ရခိုင္ျပည္နယ္ တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူး အဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ျပည္နယ္သစ္ေတာဦးစီးဌာန ဦးေဆာင္၍ ပူးေပါင္းစစ္ေဆးေရး အဖြဲ႕မ်ားက သတင္းအရ သြားေရာက္စစ္ေဆးရာ ေက်ာက္ျဖဴခရိုင္၊ အမ္းၿမိဳ႕နယ္၊ တလိုင္းဘိနယ္တြင္ တရားမဝင္ ေတာင္သရက္ ခြဲသား (၂ ဒသမ ၇၅၅၀) တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၉၂,၈၅၀) လည္းေကာင္း၊ မတ္ ၆ ရက္တြင္ အမွတ္(၅၅)၊ ေျခလ်င္တပ္ရင္းမွ ဒုတိယဗိုလ္မႉးႀကီး ဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရး အဖြဲ႕မ်ားက စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ေတာင္ကုတ္ၿမိဳ႕နယ္၊ တန္းလြဲဘိနယ္တြင္ တရားမဝင္ သစ္မ်ိဳးစုံ (၆ ဒသမ ၇၈၂၂)တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၃၇,၃၇၇) လည္းေကာင္း၊ စုစုေပါင္း (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၄၃၀,၂၂၇) ဖမ္းဆီးရမိခဲ့သည္။

ထို႔ေနာက္ ယေန႕ မတ္ ၈ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တိုင္းေဒသႀကီး သစ္ေတာဦးစီးဌာန ဦးေဆာင္၍ ပူးေပါင္းစစ္ေဆးေရး အဖြဲ႕မ်ားက သတင္းအရ သြားေရာက္စစ္ေဆးခဲ့ရာ သာယာဝတီခရိုင္ သစ္ေတာႀကိဳးဝိုင္းအတြင္း တရားမဝင္ ကြၽန္းသစ္ (၁ ဒသမ ၀၂၈၈)တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၅၆,၈၆၀) ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

အဆိုပါ မတ္ ၄ ရက္မွ ၈ ရက္အထိ ၅ ရက္အတြင္း၌ ဖမ္းဆီးရမိမႈ စုစုေပါင္းမွာ အမႈတြဲ (၇)မႈ၊ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၂,၅၃၄,၉၁၃) ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။