တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးချပ်နှင့် တံခါးအပိုင်းအစများ (၆ ဒသမ ၆၂၇၂) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၉၈၈,၁၆၀)တို့ သယ်ဆောင်လာသော မော်တော်ယာဉ်(၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၈၈,၁၆၀) ဖမ်းဆီးရမိခဲ့သည်။
အလားတူ မတ် ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၆ ဒသမ ၄၀၆၀) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၈၀၀) ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မတ်လ ၁၄ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိသည့် အမှုတွဲ ( ၅ )မှုမှ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၂၂၂,၉၆၀) ဖြစ်ကြောင်းနှင့် ၎င်းအမှုများမှ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
#mhtnews
(Zawgyi)
“တရားမဝင္ကုန္သြယ္မႈမွ တန္ဖိုးေငြက်ပ္ သိန္း ၄၀၀ ေက်ာ္ခန့္တန္ဖိုးရွိ တရားမဝင္ ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိ”
တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ တားဆီးအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ မတ္ ၁၄ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တိုင္းေဒသႀကီး သစ္ေတာဦးစီးဌာန ဦးေဆာင္၍ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားမွ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ရန္ကုန္ေျမာက္ပိုင္းခရိုင္၊ လွိုင္သာယာၿမိဳ႕နယ္အတြင္း တရားမဝင္ ကြၽန္းခြဲသား၊ ကြၽန္းတံခါးခ်ပ္ႏွင့္ တံခါးအပိုင္းအစမ်ား (၆ ဒသမ ၆၂၇၂) တန္ (ခန႔္မွန္း တန္ဖိုးေငြက်ပ္ ၁,၉၈၈,၁၆၀)တို႔ သယ္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္(၂)စီး (ခန႔္မွန္း တန္ဖိုးေငြက်ပ္ ၄၀,၀၀၀,၀၀၀)၊ စုစုေပါင္း (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၁,၉၈၈,၁၆၀) ဖမ္းဆီးရမိခဲ့သည္။
အလားတူ မတ္ ၁၆ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ စီမံခန႔္ခြဲမႈျဖင့္ သစ္ေတာဦးစီးဌာန ဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မွ သတင္းအရ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ သာယာဝတီခရိုင္၊ အုတ္ဖိုၿမိဳ႕နယ္အတြင္း တရားမဝင္ သစ္မ်ိဳးစုံ (၆ ဒသမ ၄၀၆၀) တန္(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၃၄,၈၀၀) ဖမ္းဆီးရမိခဲ့သည္။
အဆိုပါ မတ္လ ၁၄ ရက္ႏွင့္ ၁၆ ရက္တို႔တြင္ ဖမ္းဆီးရမိသည့္ အမႈတြဲ ( ၅ )မႈမွ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၂,၂၂၂,၉၆၀) ျဖစ္ေၾကာင္းႏွင့္ ၎အမႈမ်ားမွ ျပစ္မႈက်ဴးလြန္သူမ်ားကို ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လွ်က္ရွိေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ ေကာ္မတီမွ သိရသည္။
#mhtnews
Recent Comments