တပ်မတော်သားနှင့် မိသားစုဝင်များ၏ ဘဝလုံခြုံမှုရှိရေးအတွက် တပ်မှူးများသည် အမြဲတမ်း တွေးခေါ်ကြံဆ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုင်းမောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံအမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးက နိုင်ငံရေးအစွန်းရောက်သူများနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်စေခြင်းတို့ဖြင့် အောင်မြင်မှု မရသဖြင့် လက်နက်ဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်း ပစ်ခတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ခံမှုမရှိသည့် လူမှုကွန်ရက်များကို အသုံးချ၍ သတင်းတု၊ သတင်းမှားများ ဖန်တီးထုတ်လွှင့်ခြင်းများ ပြုလုပ်လာကြောင်း၊ သို့ရာတွင် တပ်မတော် အနေဖြင့် ရေပက်မဝင်သည့် ကျစ်လစ်ခိုင်မာသော စည်းလုံးမှုဖြင့် ရပ်တည်လျက်ရှိ ကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ် ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ရှိပြီးသော စိတ်ဓာတ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ရန် အထက်အောက် အပြန်အလှန်လေးစားမှု၊ အုပ်ချုပ်ရေး ညီညွတ် မျှတမှုရှိရန် လိုအပ်ပြီး စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရန်လိုကြောင်း၊ အလားတူ အမိန့်နာခံတတ်မှုနှင့် စစ်သည်တော်တိုင်း ကျင့် ကြံလိုက်နာရမည့် ကျင့်ဝတ် အပါး ၆၀ တို့ကိုလည်း စောင့်ထိန်းလိုက်နာရန်လိုကြောင်း၊ တပ်မတော်သားများ နိုင်ငံ့တာဝန်ကို စိတ်လက်ချမ်းသာစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန် ပါရမီဖြည့်ဖက်များဖြစ်သည့် ဇနီး၊ ရဲမေ များ၏ အခန်းကဏ္ဍသည် လည်းအရေးကြီးကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ ဘဝလုံခြုံမှုရှိရေးအတွက် တပ်မှူးများသည် အမြဲတမ်း တွေးခေါ် ကြံဆ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးများကို ပေးအပ်ထားသည့် အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အတွင်းမှ စေတနာတရား ကိုယ်ချင်း စာတရားများဖြင့် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လစာ၊ ရိက္ခာမှအစ တစ်ဦးချင်း၏ ရပိုင်ခွင့်များကို အချိန်မီနှင့် ပြည့်ဝစွာရရှိအောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ့တာဝန်များကို စိတ်လက်ချမ်းသာစွာဖြင့် နောက်ဆံမတင်းဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမွန်နေရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်စေရန် နေထိုင်စားသောက်မှုပုံစံအား ကျန်းမာရေးနှင့် ညီညွတ် သည့် ဘဝနေထိုင်မှုပုံစံနှင့် နေထိုင်နိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးသွားရန်လိုကြောင်း” တို့ကို ပြောကြားခဲ့သည်ဟု သိရပါသည်။

#mhtnews

(Zawgyi)

“တပ္မေတာ္သားႏွင့္ မိသားစုဝင္မ်ား၏ ဘဝလုံၿခဳံမႈရွိေရးအတြက္ တပ္မႉးမ်ားသည္ အၿမဲတမ္း ေတြးေခၚႀကံဆ ေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းေျပာၾကား”

တပ္မေတာ္သားႏွင့္ မိသားစုဝင္မ်ား၏ ဘဝလုံၿခဳံမႈရွိေရးအတြက္ တပ္မႉးမ်ားသည္ အၿမဲတမ္း ေတြးေခၚႀကံဆ ေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠဌ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကေျပာၾကားသည္။

အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ မိုင္းေမာတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားအား ယမန္ေန႕ မြန္းလြဲပိုင္းက ေတြ႕ဆုံအမွာစကား ေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက နိုင္ငံေရးအစြန္းေရာက္သူမ်ားႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ “ဆူပူဆႏၵျပျခင္း၊ CDM ျပဳလုပ္ေစျခင္းတို႔ျဖင့္ ေအာင္ျမင္မႈ မရသျဖင့္ လက္နက္ျဖင့္ အျပစ္မဲ့ျပည္သူမ်ားကို သတ္ျဖတ္ျခင္း၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္း စသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ျပဳလုပ္လာခဲ့ေၾကာင္း၊ ေနာက္ဆုံးအဆင့္အျဖစ္ တပ္မေတာ္ကို ၿဖိဳခြဲရန္ ဦးတည္ႀကိဳးပမ္းလာခဲ့ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရာတြင္ တာဝန္ခံမႈမရွိသည့္ လူမႈကြန္ရက္မ်ားကို အသုံးခ်၍ သတင္းတု၊ သတင္းမွားမ်ား ဖန္တီးထုတ္လႊင့္ျခင္းမ်ား ျပဳလုပ္လာေၾကာင္း၊ သို႔ရာတြင္ တပ္မေတာ္ အေနျဖင့္ ေရပက္မဝင္သည့္ က်စ္လစ္ခိုင္မာေသာ စည္းလုံးမႈျဖင့္ ရပ္တည္လ်က္ရွိ ေၾကာင္း၊ ၎တို႔အေနျဖင့္ တပ္မေတာ္ၿပိဳကြဲေရးကို စဥ္ဆက္မျပတ္ ဆက္လက္လုပ္ ေဆာင္ေနမည္ျဖစ္သျဖင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားအေနျဖင့္ ရွိၿပီးေသာ စိတ္ဓာတ္ခိုင္မာသည့္ စည္းလုံးညီၫြတ္မႈျဖင့္ ကာကြယ္တားဆီးရမည္ျဖစ္ေၾကာင္း၊ စည္းလုံးညီၫြတ္ရန္ အထက္ေအာက္ အျပန္အလွန္ေလးစားမႈ၊ အုပ္ခ်ဳပ္ေရး ညီၫြတ္ မွ်တမႈရွိရန္ လိုအပ္ၿပီး စိတ္ဓာတ္၊ စည္းကမ္း ေကာင္းမြန္ရန္လိုေၾကာင္း၊ အလားတူ အမိန႔္နာခံတတ္မႈႏွင့္ စစ္သည္ေတာ္တိုင္း က်င့္ ႀကံလိုက္နာရမည့္ က်င့္ဝတ္ အပါး ၆၀ တို႔ကိုလည္း ေစာင့္ထိန္းလိုက္နာရန္လိုေၾကာင္း၊ တပ္မေတာ္သားမ်ား နိုင္ငံ့တာဝန္ကို စိတ္လက္ခ်မ္းသာစြာျဖင့္ ေက်ပြန္စြာထမ္းေဆာင္နိုင္ရန္ ပါရမီျဖည့္ဖက္မ်ားျဖစ္သည့္ ဇနီး၊ ရဲေမ မ်ား၏ အခန္းက႑သည္ လည္းအေရးႀကီးေၾကာင္း၊ တပ္မေတာ္သားႏွင့္ မိသားစုဝင္မ်ား၏ ဘဝလုံၿခဳံမႈရွိေရးအတြက္ တပ္မႉးမ်ားသည္ အၿမဲတမ္း ေတြးေခၚ ႀကံဆ ေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားႏွင့္ မိသားစုဝင္မ်ား၏ စားေရး၊ ဝတ္ေရး၊ ေနထိုင္ေရး၊ က်န္းမာေရး၊ ပညာေရး၊ သြားလာေရးမ်ားကို ေပးအပ္ထားသည့္ အခြင့္အာဏာ၊ လုပ္ပိုင္ခြင့္အတြင္းမွ ေစတနာတရား ကိုယ္ခ်င္း စာတရားမ်ားျဖင့္ အေကာင္းဆုံး ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ လစာ၊ ရိကၡာမွအစ တစ္ဦးခ်င္း၏ ရပိုင္ခြင့္မ်ားကို အခ်ိန္မီႏွင့္ ျပည့္ဝစြာရရွိေအာင္ ေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း၊ သို႔မွသာ နိုင္ငံ့တာဝန္မ်ားကို စိတ္လက္ခ်မ္းသာစြာျဖင့္ ေနာက္ဆံမတင္းဘဲ ေက်ပြန္စြာ ထမ္းေဆာင္နိုင္မည္ျဖစ္ေၾကာင္း၊ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္နိုင္ရန္အတြက္ ကိုယ္ေရာစိတ္ပါ က်န္းမာေရးေကာင္းမြန္ေနရန္လိုေၾကာင္း၊ က်န္းမာေရးေကာင္းမြန္ေစရန္ ေနထိုင္စားေသာက္မႈပုံစံအား က်န္းမာေရးႏွင့္ ညီၫြတ္ သည့္ ဘဝေနထိုင္မႈပုံစံႏွင့္ ေနထိုင္နိုင္ေရး က်န္းမာေရးအသိပညာေပးျခင္းမ်ား ေဆာင္႐ြက္ေပးသြားရန္လိုေၾကာင္း” တို႔ကို ေျပာၾကားခဲ့သည္ဟု သိရပါသည္။

#mhtnews