ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery and Logistics ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ယင်းသို့ ပို့ဆောင်ဖြန့်ဖြူးပေးရာ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covishield ဆေး ၃၉၃ လုံး၊ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covaxin ဆေး ၉၁၂၂ လုံးနှင့် ဆေးထိုးအပ် ၉၅၄၀၀ ချောင်း၊ မြိတ်မြို့သို့ ဆေးတစ်လုံးလျှင် (၁၀) ယောက်ထိုးနိုင်သော Covishield ဆေး ၁၃၅၆ လုံး၊ ဆေးတစ်လုံးလျှင် (၁၀) ယောက်ထိုးနိုင်သော Covaxin ဆေး ၆၀၃၄ လုံး နှင့် ဆေးထိုးအပ် ၇၅၆၀၀ ချောင်း၊ ကော့သောင်းမြို့ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covishield ဆေး ၁၃၂ လုံး၊ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covaxin ဆေး ၁၄၁ လုံး နှင့် ဆေးထိုးအပ် ၃၆၀၀ ချောင်း တို့ကို တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
==========================
(Zawgyi)
“တနသၤာရီတိုင္းေဒသႀကီးရွိၿမိဳ႕ႀကီးမ်ားသို႔ကိုဗစ္-၁၉ေရာဂါကာကြယ္ေဆးမ်ားအားတပ္မေတာ္(ေလ)မွေလယာဥ္မ်ားျဖင့္ဆက္လက္ပို႔ေဆာင္ျဖန႔္ျဖဴး”
ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳပိုးေတြ႕လူနာမ်ားႏွင့္ သီးသန႔္ေစာင့္ ၾကည့္ရမည့္လူနာမ်ားကို တပ္မေတာ္ေဆး႐ုံမ်ား၊ ျပည္သူ႕ေဆး႐ုံမ်ား၊ က်န္းမာေရး ဌာနမ်ားႏွင့္ ကိုဗစ္စင္တာမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို တပ္မေတာ္သားဆရာဝန္မ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား ပူးေပါင္း၍ အင္တိုက္အားတိုက္ ေဆာင္႐ြက္ေပးလ်က္ရွိရာ ၎လုပ္ငန္းမ်ားတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးသို႔ သတ္မွတ္အေအးလမ္းေၾကာင္းစံခ်ိန္ စံၫႊန္းမ်ားအတိုင္း တပ္မေတာ္(ေလ)မွ ေလယာဥ္မ်ား၊ Cold Chain Delivery and Logistics ယာဥ္ႀကီးမ်ားျဖင့္ ပို႔ေဆာင္ျဖန႔္ျဖဴးေပးလ်က္ရွိသည္။
ယင္းသို႔ ပို႔ေဆာင္ျဖန႔္ျဖဴးေပးရာ ယမန္ေန႕နံနက္ပိုင္းတြင္ တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕သို႔ ေဆးတစ္လုံးလွ်င္ (၁၀) ေယာက္ ထိုးနိုင္ေသာ Covishield ေဆး ၃၉၃ လုံး၊ ေဆးတစ္လုံးလွ်င္ (၁၀) ေယာက္ ထိုးနိုင္ေသာ Covaxin ေဆး ၉၁၂၂ လုံးႏွင့္ ေဆးထိုးအပ္ ၉၅၄၀၀ ေခ်ာင္း၊ ၿမိတ္ၿမိဳ႕သို႔ ေဆးတစ္လုံးလွ်င္ (၁၀) ေယာက္ထိုးနိုင္ေသာ Covishield ေဆး ၁၃၅၆ လုံး၊ ေဆးတစ္လုံးလွ်င္ (၁၀) ေယာက္ထိုးနိုင္ေသာ Covaxin ေဆး ၆၀၃၄ လုံး ႏွင့္ ေဆးထိုးအပ္ ၇၅၆၀၀ ေခ်ာင္း၊ ေကာ့ေသာင္းၿမိဳ႕ ေဆးတစ္လုံးလွ်င္ (၁၀) ေယာက္ ထိုးနိုင္ေသာ Covishield ေဆး ၁၃၂ လုံး၊ ေဆးတစ္လုံးလွ်င္ (၁၀) ေယာက္ ထိုးနိုင္ေသာ Covaxin ေဆး ၁၄၁ လုံး ႏွင့္ ေဆးထိုးအပ္ ၃၆၀၀ ေခ်ာင္း တို႔ကို တပ္မေတာ္(ေလ)မွ ေလယာဥ္ျဖင့္ ပို႔ေဆာင္ေပးရာ တာဝန္ရွိ သူမ်ားက လက္ခံရယူခဲ့ေၾကာင္းႏွင့္ သက္ဆိုင္ရာသို႔ ဆက္လက္ျဖန႔္ေဝေပး သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
Recent Comments