(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ တည်ဆောက်ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင် လမ်းပေါ်ရှိ အရှည်ပေ ၇၈၇ ပေ ၊ ဗောဓိကမ်း တံတားကို ယမန်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့မှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
အဆိုပါ ဗောဓိကမ်းတံတားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ငဝန်ချောင်းပေါ်တွင် တည်ဆောက်ထားပြီး တံတား အရှည် ၇၈၇ ပေ၊ R.C Concrete အမျိုးစားဖြစ်သည်။ တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့်တည်ဆောက်ပြီး Super Structure အပိုင်းကို P.C Girder & R.C Slab တို့ဖြင့် တည် ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“တနသၤာရီတိုင္းေဒသႀကီး၊ၿမိတ္ခရိုင္၊တနသၤာရီၿမိဳ႕နယ္တနသၤာရီ-ေမာေတာင္လမ္းေပၚရွိေဗာဓိကမ္းတံတားဖြင့္လွစ္”
(၇၇)ႏွစ္ေျမာက္ တပ္မေတာ္ေန႕ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ေဆာက္လုပ္ ေရးဝန္ႀကီးဌာန တံတားဦးစီးဌာန တည္ေဆာက္ေရးအဖြဲ႕(၄)မွ တာဝန္ယူ တည္ေဆာက္ၿပီးစီးသည့္ တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခရိုင္ တနသၤာရီၿမိဳ႕နယ္ တနသၤာရီ-ေမာေတာင္ လမ္းေပၚရွိ အရွည္ေပ ၇၈၇ ေပ ၊ ေဗာဓိကမ္း တံတားကို ယမန္ေန႕ နံနက္ပိုင္းတြင္ ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္းသိရသည္။
အခမ္းအနားသို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေ႐ႊေလး၊ တနသၤာရီ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ကို၊ ကမ္းရိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေစာသန္းလွိုင္၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေဖ၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ ေအာင္ႀကီး၊ တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ ပုဂၢိုလ္မ်ား၊ တိုင္း/ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ လူမႈေရးအသင္း အဖြဲ႕မွ ပုဂၢိုလ္မ်ား၊ ရပ္မိရပ္ဖမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ၾကသည္။
အဆိုပါ ေဗာဓိကမ္းတံတားသည္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခရိုင္၊ တနသၤာရီၿမိဳ႕နယ္၊ တနသၤာရီ-ေမာေတာင္လမ္းေပၚရွိ ငဝန္ေခ်ာင္းေပၚတြင္ တည္ေဆာက္ထားၿပီး တံတား အရွည္ ၇၈၇ ေပ၊ R.C Concrete အမ်ိဳးစားျဖစ္သည္။ တံတား၏ Foundation အပိုင္းကို Bored Pile Foundation ျဖင့္တည္ေဆာက္ၿပီး Super Structure အပိုင္းကို P.C Girder & R.C Slab တို႔ျဖင့္ တည္ ေဆာက္ထားၿပီး တံတား၏ခံနိုင္ဝန္မွာ တန္ ၆၀ ျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments