(၁၉)ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘေားဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယမန်နေ့တွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများနှင့် SOKHA Hotel ရှိ အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံသည်။

ထိုသိုတွေ့ဆုံရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာန ယာယီအကြီးအကဲ Major General Khamlieng OUTHAKAISONE ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ပြည်သူ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Senior Lieutenant General Nguyen Tan Cuong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များအား သီးခြားစီ တွေ့ဆုံဆွေနွေးကြသည်။

တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲများအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၊ တာဝန်ရှိသူများသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi)

“ညွိႏွိုင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး (၁၉)ၾကမ္ေျမာက္အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းေဝး တက္ေရာက္ၾကမည့္အာဆီယံနိုင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ နိုင္ငံအလိုက္သီးျခားစီေတြ႕ဆုံ”

(၁၉)ႀကိမ္ေျမာက္အာဆီယံ တပ္မေတာ္ကာကြယ္ေရးဉီးစီးခ်ဳပ္မ်ား အစည္းအေဝး 19thASEAN Chiefs of Defence Forces Meeting (ACDFM-19) တက္ေရာက္ရန္ ကေမၻားဒီးယားနိုင္ငံသို႔ ေရာက္ရွိေနသည့္ ညွိႏွိုင္းကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးသည္ ယမန္ေန႕တြင္ အာဆီယံနိုင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ SOKHA Hotel ရွိ အစည္းအေဝးခန္းမ၌ သီးျခားစီေတြ႕ဆုံသည္။

ထိုသိုေတြ႕ဆုံရာတြင္ ညွိႏွိုင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ကေမၻာဒီးယားဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Vong Pisenဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕၊ လာအိုအမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာန စစ္ဦးစီးဌာန ယာယီအႀကီးအကဲ Major General Khamlieng OUTHAKAISONEဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕၊ဗီယက္နမ္ျပည္သူ႕ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ Senior Lieutenant General Nguyen Tan Cuongဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ႏွင့္ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Chalermphon Srisawasdiဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕မ်ားအားသီးျခားစီ ေတြ႕ဆုံေဆြႏြေးၾကသည္။

ေတြ႕ဆုံပြဲမ်ားတြင္ ႏွစ္နိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးျမင့္ေဆာင္႐ြက္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးႏြေးၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ ညွိႏွိုင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ႏွင့္ အာဆီယံနိုင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ား၊ တာဝန္ရွိသူမ်ားသည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။