ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များအစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19)သို့ တက်ရောက်ခဲ့တဲ့ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဟာ မတ် ၁၇ ရက် ညနေပိုင်းမှာ ဖနောင်းပင်မြို့၊ Sokha Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN က တည်ခင်းဧည်ခံတဲ့ ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့အတူ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင် များ၊ အာဆီယံနိုင်ငံများမှတပ်မတော် ကာကွယ်ရေးဉီးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဦးစွာ ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံ နိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနဲ့ ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူများဟာ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပါတယ်။

ညစာသုံးဆောင်အပြီးမှာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံ နိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနဲ့ ဇနီးများဟာ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် က တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်”





#mhtnews