ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ကျောက်လုံးတော်ကြီးအား (၃)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခဲ့သည့် (၁၀)ကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူပွဲ၊ ရေစက်ချ တရားနာနှင့် ဆွမ်းဆန်စိမ်း‌ လောင်းလှူပွဲ အခမ်းအနားကို ယနေ့ တပေါင်းလပြည့်နေ့တွင် အဆိုပါရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များက ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပြီး ဆရာတော်သံဃာတော်များနှင့် မွန်ပြည်နယ် အစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးမြတ်သွင်နှင့် အဖွဲဝင်များက အမွှေးနံ့သာများ ပက်ဖျန်းကာ ရေသပ္ပါယ်ပြီး ရောင်တော်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား၌ မွန်ပြည်နယ်အစိုးရအဖွဲ၀င်လူမှုရေး ၀န်ကြီးဦးမြတ်သွင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌနှင့် အဖွဲ၀င်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ၀င်များ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ၀င်များ၊ အလှူရှင်များမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

#mhfnews

(Zawgyi)

“ဆံေတာ္ရွင္ က်ိဳက္ထီးရိုးေစတီေတာ္ျမတ္ႀကီး၏ လုံးေတာ္ျပည့္ ေ႐ႊသကၤန္းကပ္လႉပြဲ၊ ေရစက္ခ် တရားေတာ္နာႏွင့္ ဆြမ္းဆန္စိမ္း ေလာင္းလႉပြဲ အခမ္းအနားက်င္းပ”

ဆံေတာ္ရွင္ က်ိဳက္ထီးရိုးေစတီေတာ္ျမတ္ႀကီး၏ ေက်ာက္လုံးေတာ္ႀကီးအား (၃)ႏွစ္တစ္ႀကိမ္ လုံးေတာ္ျပည့္ ေ႐ႊသကၤန္း ကပ္လႉခဲ့သည့္ (၁၀)ႀကိမ္ေျမာက္ ေ႐ႊသကၤန္းကပ္လႉပြဲ၊ ေရစက္ခ် တရားနာႏွင့္ ဆြမ္းဆန္စိမ္း ေလာင္းလႉပြဲ အခမ္းအနားကို ယေန႕ တေပါင္းလျပည့္ေန႕တြင္ အဆိုပါရင္ျပင္၌ က်င္းပျပဳလုပ္ခဲ့သည္။

ေရွးဦးစြာ ဆရာေတာ္၊ သံဃာေတာ္မ်ားက ဆံေတာ္ရွင္ က်ိဳက္ထီးရိုး ေစတီေတာ္ျမတ္ႀကီးအား ဗုဒ္ဓါဘိသေက အေနကဇာတင္လႉ ပူေဇာ္ၿပီး ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ မြန္ျပည္နယ္ အစိုးရအဖြဲ လူမႈေရးဝန္ႀကီး ဦးျမတ္သြင္ႏွင့္ အဖြဲဝင္မ်ားက အေမႊးနံ႕သာမ်ား ပက္ဖ်န္းကာ ရေသပ္ပါယ်ပြီး ေရာင္ေတာ္ဖြင့္လွစ္ေပးခဲ့သည္။

အခမ္းအနား၌ မြန္ျပည္နယ္အစိုးရအဖြဲ၀င္လူမႈေရး ၀န်ကြီးဦးမြတ်သွင်၊ ခရိုင္စီမံအုပ္ခ်ဳပ္ေရး အဖြဲဥကၠ႒ႏွင့္ အဖြဲ၀င္မ်ား၊ ၿမိဳနယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲဥကၠ႒ႏွင့္ အဖြဲ၀င္မ်ား၊ ၿမိဳနယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ဆံေတာ္ရွင္က်ိဳက္ထီးရိုး ေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ၀င္မ်ား၊ အလႉရွင္မ်ားမွ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ဆြမ္းဆန္စိမ္းမ်ား ေလာင္းလႉခဲ့ၾကေၾကာင္း သိရသည္။

#mhfnews