ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သည့် စပါးခွံ(Rice Husk)နှင့် ဖွဲနု (Rice Bran) တို့မှ တန်ဖိုးမြင့် ထွက်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

စပါးခွံမှ လျှပ်စစ်ထုတ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ၊ ဖွဲနုမှ ဆီကြမ်း ထုတ်လုပ်ေရးစက်ရုံ၊ ဖွဲနုဆီချောသန့်စင်စက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ

အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်များ လုပ်ငန်းရှင်များအနေဖြင့် တစ်ဖွဲ့တည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရင်းနှီးမြှုတ်နှံနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် သုတေသနနှင့် ဖွံ့ဖြိုးရေးကော်မတီ (MRF – R&D Committee)သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်မည့် လုပ်ငန်းများသည် နိုင်ငံတော်၏ စားသုံးဆီကဏ္ဍ၊

ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးအစာ ထုတ်လုပ်မှုကဏ္ဍတို့တွင်

အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ထို့အပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်

ဖန်တီပေးနိုင်မှု၊ နည်းပညာတိုးတက်ရရှိနိုင်မှုနှင့်

စီးပွာရေးအရ အကျိုးအမြတ် ရရှိမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုတ်နှံလိုသူများအား ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ ကာလလတ်နှင့် နှစ်ရှည်ချေးငွေ (Medium and Long Term Project Finance) ရရှိနိုင်ရေးနှင့် ခေတ်မီနည်းပညာပိုင်းဆိုင်ရာတို့တွင် နိုင်ငံတကာအဖွဲ့အစည်းများ/ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပူပေါင်းဆောင်ရွက်နိုင်ရန် အသင်းချုပ်က ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာ (NationaExport Strategy)တွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချရေးကို ပြောင်းလဲသတ်မှတ်ထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာပါ Action Planများအတိုင်း စီးပွာရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူပေါင်းဆောင်ရွက်လျက်ရှိသည်။ ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆန်ကြိတ်ခွဲမည့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပြင် ပေါင်းဆန်စက်များ ပြန်လည်တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အခြောက်ခံစက်များ တိုးမြှင့်သုံးစွဲနိုင်ရေး၊ တန်းမြင့်ဆန်ထုတ်လုပ်ရေးစက်များ၊ အားဖြည့်ဆန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စပါးမှဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဆန်ခေါက်​ဆွဲ၊ ဆန်ကြာဆံထုတ်လုပ်မှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်း/ ပြည်ပဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#mhtnews

========================

(Zawgyi)

“ဆန္စက္မ်ား၏ ေဘးထြက္ပစၥည္း၊ စြန့္ပစ္ပစၥည္းမ်ားျဖစ္သည့္ စပါးခြံႏွင့္ ဖြဲႏုတို႔မွ တန္ဖိုးျမင့္ ထြက္ကုန္မ်ား ထုတ္လုပ္နိုင္ေရးေဆာင္႐ြက္လ်က္ရွိ”

ဆန္စပါး ႀကိတ္ခြဲသန့္စင္ထုတ္လုပ္သည့္ ဆန္စက္မ်ား၏ ေဘးထြက္ပစၥည္း၊ စြန့္ပစ္ပစၥည္းမ်ားျဖစ္သည့္ စပါးခြံ(Rice Husk)ႏွင့္ ဖြဲႏု (Rice Bran) တို႔မွ တန္ဖိုးျမင့္ ထြက္ကုန္မ်ား ထုတ္လုပ္နိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။

စပါးခြံမွ လွ်ပ္စစ္ထုတ္သည့္ ျပန္လည္ျပည့္ၿဖိဳးၿမဲ လွ်ပ္စစ္စြမ္းအင္ထုတ္စက္႐ုံ၊ ဖြဲႏုမွ ဆီၾကမ္း ထုတ်လုပ်ေရးစက်ရုံ၊ ဖြဲႏုဆီေခ်ာသန့္စင္စက္႐ုံမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ကာ

အသင္းဝင္ကုမၸဏီမ်ား၊ ဆန္စက္မ်ား လုပ္ငန္းရွင္မ်ားအေနျဖင့္ တစ္ဖြဲ႕တည္းျဖစ္ေစ၊ စုေပါင္း၍ျဖစ္ေစ ရင္းႏွီးျမႇုတ္ႏွံနိုင္ေၾကာင္းႏွင့္ ျမန္မာနိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးေကာ္မတီ (MRF R&D Committee)သို႔ ဆက္သြယ္ေဆာင္႐ြက္နိုင္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ထိုကဲ့သို႔ တန္ဖိုးျမင့္ထုတ္ကုန္ ထုတ္လုပ္မည့္ လုပ္ငန္းမ်ားသည္ နိုင္ငံေတာ္၏ စားသုံးဆီက႑၊

ျပန္လည္ျပည့္ၿဖိဳးၿမဲ လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္မႈက႑၊ ေမြးျမဴေရးအစာ ထုတ္လုပ္မႈက႑တို႔တြင္

အက်ိဳးျဖစ္ထြန္းေစမည္ျဖစ္သည္။

ထို႔အျပင္ ျပည္တြင္းကုန္ထုတ္လုပ္မႈ၊ အလုပ္အကိုင္

ဖန္တီေပးနိုင္မႈ၊ နည္းပညာတိုးတက္ရရွိနိုင္မႈႏွင့္

စီးပြာေရးအရ အက်ိဳးအျမတ္ ရရွိမႈတို႔ကို ေဖာ္ေဆာင္ေပးနိုင္မည္ျဖစ္ၿပီး ရင္းႏွီးျမႇုတ္ႏွံလိုသူမ်ားအား ေငြေၾကးႏွင့္ ဘဏ္ဝန္ေဆာင္မႈဆိုင္ရာ ကာလလတ္ႏွင့္ ႏွစ္ရွည္ေခ်းေငြ (Medium and Long Term Project Finance) ရရွိနိုင္ေရးႏွင့္ ေခတ္မီနည္းပညာပိုင္းဆိုင္ရာတို႔တြင္ နိုင္ငံတကာအဖြဲ႕အစည္းမ်ား/ ဖြံ႕ၿဖိဳးေရးမိတ္ဖက္မ်ားႏွင့္ ပူေပါင္းေဆာင္႐ြက္နိုင္ရန္ အသင္းခ်ဳပ္က ခ်ိတ္ဆက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

နိုင္ငံေတာ္၏ ပို႔ကုန္မဟာဗ်ဴဟာ (NationaExport Strategy)တြင္ ဆန္ႏွင့္ ဆန္ထြက္ပစၥည္း ထုတ္လုပ္တင္ပို႔ ေရာင္းခ်ေရးကို ေျပာင္းလဲသတ္မွတ္ထားၿပီး ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္ အေနျဖင့္ နိုင္ငံေတာ္၏ ပို႔ကုန္မဟာဗ်ဴဟာပါ Action Planမ်ားအတိုင္း စီးပြာေရးႏွင့္ ကူးသန္ေရာင္းဝယ္ေရးဝန္ႀကီးဌာန ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕

စားသုံးသူေရးရာဦးစီးဌာနတို႔ႏွင့္ ပူေပါင္းေဆာင္႐ြက္လ်က္ရွိသည္။ ဆန္စပါးတန္ဖိုးကြင္းဆက္ (Rice Value Chain) ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္

သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား၊ ဆန္ႀကိတ္ခြဲမည့္ ဆန္စက္လုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအျပင္ ေပါင္းဆန္စက္မ်ား ျပန္လည္တိုးခ်ဲ့ေဆာင္႐ြက္နိုင္ေရး၊ အေျခာက္ခံစက္မ်ား တိုးျမႇင့္သုံးစြဲနိုင္ေရး၊ တန္းျမင့္ဆန္ထုတ္လုပ္ေရးစက္မ်ား၊ အားျဖည့္ဆန္ထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ စပါးမွဆန္၊ ဆန္ကြဲ၊ ဆန္မႈန့္၊ ဆန္ေခါက္ဆြဲ၊ ဆန္ၾကာဆံထုတ္လုပ္မႈမ်ားကို ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျမန္မာနိုင္ငံ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ျပည္တြင္း/ ျပည္ပဖြံ႕ၿဖိဳးတိုးတက္ေရး မိတ္ဖက္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

#mhtnews