စွမ်းအင်စျေးနှုန်းတွေမြင့်တက်လာလို့ ဆောင်းရာသီမှာ အနွေးပေးဖို့ အခက်အခဲဖြစ်နေရင် ဆွယ်တာအနွေးထည်ဝတ်ပြီးနေကြလို့ ဂျာမန်ဝန်ကြီးတစ်ဦးရဲ့ပြောဆိုမှု ဂျာမန်ပြည်သူများက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
ရုရှားဆီက ဓာတ်ငွေ့နဲ့ ရေနံကို မရယူဖို့အတွက် ဂျာမနီအစိုးရက ဆုံးဖြတ်ခဲ့လို့ ဂျာမနီပြည်တွင်းမှာ စွမ်းအင်စျေးနှုန်းတွေမြင့်တက်လာခဲ့ပြီး နေအိမ်တွေမှာ အပူပေးဖို့အတွက် အခက်အခဲတွေရှိလာခဲ့တာဖြစ်ပြီး စျေးကြီးပေးဝယ်ကာ သုံးစွဲရမယ့် ပြည်သူတွေအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ
ဂျာမနီလယ်ယာစိုက်ပျိုးရေးနဲ့ စားသုံးသူကာကွယ်ရေးဝန်ကြီး Peter Hauk က ရုရှားရဲ့ ဓာတ်ငွေ့နဲ့ ရေနံတင်သွင်းမှုကို ပိတ်ပင်ခဲ့တဲ့ ဂျာမနီအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်ပြီး
“ဆောင်းရာသီမှာဆိုရင် ဆွယ်တာတထည်က အအေးဒဏ် ၁၅ ဒီဂရီစင်တီဂရိတ်လောက်အထိကို ခံနိုင်ရည်ရှိပါတယ်။ အေးလို့ ဘယ်သူမှမသေပါဘူး။ ဒါပေမယ့် တခြားနေရာတွေမှာတော့ လူတွေသေနေကြတယ်” ဆိုပြီး ရုရှားစစ်ပွဲကြောင့် ယူကရိန်းနိုင်ငံမှာ လူအသေအပျောက်တွေကိုကိုးကားပြီး ပြောဆိုလိုက်တာပါ။
Peter Hauk ရဲ့မှတ်ချက်ပြုခဲ့မှုကို ဂျာမန်ပြည်သူတချို့က ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြပြီး သက်ကြီးရွယ်အိုတွေနဲ့ နေအိမ်ကနေသာ အလုပ်လုပ်ကိုင်နေရတဲ့သူတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး Hauk က နားလည်းမှုမရှိဘူးဆိုပြီး ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ စတုဂတ်ပြည်နယ်ဥက္ကဌ Rolf Gassmann ကလည်း “ဝန်ကြီးလစာ ဒါမှမဟုတ် သမ္မတပင်စင်လစာနဲ့ စွမ်းအင်စျေးနှုန်းကြီးမြင့်မှုကို ဂရုစိုက်စရာမလိုပါဘူး၊ ကိုယ့်ကိုကိုယ်တော့ အအေးခံမနေပါနဲ့” ဆိုပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဥရောပဟာ ရုရှားရဲ့ လောင်စာတင်ပို့မှုတွေအပေါ်မှာ မှီခိုနေခဲ့ရတာဖြစ်ပြီး ဒီမှီခိုနေရမှုကို လျှော့ချဖို့လိုအပ်တယ်လို့ ဂျာမနီကပြောဆိုခဲ့သော်လည်း အခန်းတွင်းအပူချိန်ကို လျှော့ချပြီး အအေးဒဏ်ကို အဝတ်အစားတွေဝတ်ဆင် ကာကွယ်စေမှုက
ဖျားနာမှုတွေဖြစ်ပွားနိုင်တယ်လို့ သတိပေးမှုတွေတော့ ရှိတယ်လို့လည်း သိရပါတယ်။
#mhtnews
=============================
(Zawgyi)
“စြမ္းအင္ေစ်းႏႈန္းေတြျမင့္တက္လာလို႔ ေဆာင္းရာသီမွာ အႏြေးေပးဖို႔ အခက္အခဲျဖစ္ေနရင္ ဆြယ္တာအႏြေးထည္ဝတ္ၿပီးေနၾကလို႔ ဂ်ာမန္ဝန္ႀကီးတစ္ဦးရဲ႕ေျပာဆိုမႈ ဂ်ာမန္ျပည္သူမ်ား ျပင္းျပင္းထန္ထန္တုံ႕ျပန္”
စြမ္းအင္ေစ်းႏႈန္းေတြျမင့္တက္လာလို႔ ေဆာင္းရာသီမွာ အႏြေးေပးဖို႔ အခက္အခဲျဖစ္ေနရင္ ဆြယ္တာအႏြေးထည္ဝတ္ၿပီးေနၾကလို႔ ဂ်ာမန္ဝန္ႀကီးတစ္ဦးရဲ႕ေျပာဆိုမႈ ဂ်ာမန္ျပည္သူမ်ားက ျပင္းျပင္းထန္ထန္တုံ႕ျပန္ခဲ့တယ္လို႔ နိုင္ငံတကာသတင္းေဖာ္ျပမႈေတြအရ သိရပါတယ္။
႐ုရွားဆီက ဓာတ္ေငြ႕နဲ႕ ေရနံကို မရယူဖို႔အတြက္ ဂ်ာမနီအစိုးရက ဆုံးျဖတ္ခဲ့လို႔ ဂ်ာမနီျပည္တြင္းမွာ စြမ္းအင္ေစ်းႏႈန္းေတြျမင့္တက္လာခဲ့ၿပီး ေနအိမ္ေတြမွာ အပူေပးဖို႔အတြက္ အခက္အခဲေတြရွိလာခဲ့တာျဖစ္ၿပီး ေစ်းႀကီးေပးဝယ္ကာ သုံးစြဲရမယ့္ ျပည္သူေတြအတြက္ စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရခ်ိန္မွာ
ဂ်ာမနီလယ္ယာစိုက္ပ်ိဳးေရးနဲ႕ စားသုံးသူကာကြယ္ေရးဝန္ႀကီး Peter Hauk က ႐ုရွားရဲ႕ ဓာတ္ေငြ႕နဲ႕ ေရနံတင္သြင္းမႈကို ပိတ္ပင္ခဲ့တဲ့ ဂ်ာမနီအစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို ေထာက္ခံလိုက္ၿပီး
“ေဆာင္းရာသီမွာဆိုရင္ ဆြယ္တာတထည္က အေအးဒဏ္ ၁၅ ဒီဂရီစင္တီဂရိတ္ေလာက္အထိကို ခံနိုင္ရည္ရွိပါတယ္။ ေအးလို႔ ဘယ္သူမွမေသပါဘူး။ ဒါေပမယ့္ တျခားေနရာေတြမွာေတာ့ လူေတြေသေနၾကတယ္” ဆိုၿပီး ႐ုရွားစစ္ပြဲေၾကာင့္ ယူကရိန္းနိုင္ငံမွာ လူအေသအေပ်ာက္ေတြကိုကိုးကားၿပီး ေျပာဆိုလိုက္တာပါ။
Peter Hauk ရဲ႕မွတ္ခ်က္ျပဳခဲ့မႈကို ဂ်ာမန္ျပည္သူတခ်ိဳ႕က ျပင္းျပင္းထန္ထန္တုံ႕ျပန္ခဲ့ၾကၿပီး သက္ႀကီး႐ြယ္အိုေတြနဲ႕ ေနအိမ္ကေနသာ အလုပ္လုပ္ကိုင္ေနရတဲ့သူေတြရဲ႕ ေန႕စဥ္လိုအပ္ခ်က္ေတြနဲ႕ပတ္သက္ၿပီး Hauk က နားလည္းမႈမရွိဘူးဆိုၿပီး ေျပာဆိုခဲ့ၾကတယ္လို႔ ဆိုပါတယ္။
အလားတူ စတုဂတ္ျပည္နယ္ဥကၠဌ Rolf Gassmann ကလည္း “ဝန္ႀကီးလစာ ဒါမွမဟုတ္ သမၼတပင္စင္လစာနဲ႕ စြမ္းအင္ေစ်းႏႈန္းႀကီးျမင့္မႈကို ဂ႐ုစိုက္စရာမလိုပါဘူး၊ ကိုယ့္ကိုကိုယ္ေတာ့ အေအးခံမေနပါနဲ႕” ဆိုၿပီး ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ဥေရာပဟာ ႐ုရွားရဲ႕ ေလာင္စာတင္ပို႔မႈေတြအေပၚမွာ မွီခိုေနခဲ့ရတာျဖစ္ၿပီး ဒီမွီခိုေနရမႈကို ေလွ်ာ့ခ်ဖိဳ႕လိုအပ္တယ္လို႔ ဂ်ာမနီကေျပာဆိုခဲ့ေသာ္လည္း အခန္းတြင္းအပူခ်ိန္ကို ေလွ်ာ့ခ်ၿပီး အေအးဒဏ္ကို အဝတ္အစားေတြဝတ္ဆင္ ကာကြယ္ေစမႈက
ဖ်ားနာမႈေတြျဖစ္ပြားနိုင္တယ္လို႔ သတိေပးမႈေတြေတာ့ ရွိတယ္လို႔လည္း သိရပါတယ္။
#mhtnews
Recent Comments