စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ (မတ်လ ၁၃ ရက်) တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီသုံးခု၊ ယာဉ်စီးရေလေးစီး ဖြင့် အောက်ဆီဂျင်အိုးခွံ ၂၀၀၊ Oxygen Plant တစ်ခု၊ Mask ၂၅ ဒသမ၂၉ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

(Zawgyi)

“ကိုဗစ္-၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာပစၥည္းမ်ား ျပည္ပမွ အဆင္ေျပေခ်ာေမြ႕စြာ တင္သြင္းနိုင္ေရးေဆာင္႐ြက္”

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာပစၥည္းမ်ားကို ေလေၾကာင္း၊ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ ကုန္သြယ္ေရးစခန္းမ်ားမွ ႏွောင့္ႏွေးၾကန႔္ၾကာမႈမရွိ တင္သြင္းနိုင္ေရးအတြက္ အခ်ိန္ႏွင့္တစ္ေျပးညီ စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိရာ ယမန္ေန႕ (မတ္လ ၁၃ ရက္) တြင္ ခ်င္းေ႐ႊေဟာ္ ကုန္သြယ္ေရးစခန္းမွ ကုမၸဏီသုံးခု၊ ယာဥ္စီးေရေလးစီး ျဖင့္ ေအာက္ဆီဂ်င္အိုးခြံ ၂၀၀၊ Oxygen Plant တစ္ခု၊ Mask ၂၅ ဒသမ၂၉ တန္ကို တင္သြင္းခဲ့ေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာပစၥည္းမ်ားကို သက္ဆိုင္ရာဌာနမ်ားႏွင့္ ညွိႏွိုင္းထားသည့္ SOP မ်ားႏွင့္အညီ ဦးစားေပးတင္သြင္း ခြင့္ျပဳေပးလ်က္ရွိေၾကာင္းႏွင့္ ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္းမ်ား တင္သြင္းျခင္းႏွင့္ဆက္စပ္သည့္ အသိေပး ေၾကညာခ်က္မ်ား ကိုလည္း အမ်ားျပည္သူသိရွိေစရန္ ဝန္ႀကီးဌာန Website ျဖစ္သည့္ commerce.gov.mm တြင္ ဝင္ေရာက္ၾကည့္ရႈနိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးထားေၾကာင္း သိရသည္။